လွိုင်ကော်
ဧပြီ ၂၄
၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်းရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက လွိုင်ကော်မြို့၊ ပြည်နယ်ခန်းမ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအံ့မော်၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်နယ်တရားသူကြီးချုပ်၊ ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က
အဖွင့်အမှာစကားပြောကြားရာတွင် ယခုအကောင်အထည်ဖော်ဆောင်ရွက်ရမည့် ၂၀၂၆-၂၀၂၇
ဘဏ္ဍာရေးနှစ်၊ ဒေသန္တရစီမံကိန်း ရည်မှန်းချက်မှာ ကျပ် ၃၈၁ ဒသမ ၂၉၄ ဘီလီယံဖြစ်ပြီး တိုးတက်မှုနှုန်းအနေနှင့်
၁ ဒသမ ၆ ရာခိုင်နှုန်းရရှိအောင် ဆောင်ရွက်ရန်ဖြစ်ကြောင်း၊ လုပ်ငန်းစီမံကိန်းများကို
အကောင်အထည်ဖော်ရာတွင် တည်ဆဲဉပဒေ၊ နည်းဉပဒေများ၊ ညွှန်ကြားချက်များ၊ စည်းမျဉ်းစည်းကမ်း
လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်သွားကြရန်နှင့် အရည်အသွေးစံချိန်စံညွှန်း ပြည့်မီအောင်
မျက်ခြည်မပြတ် ကြီးကြပ်ဆောင်ရွက်သွားကြရန် အထူးမှာကြားလိုကြောင်း၊ ဒေသန္တရစီမံကိန်းရည်မှန်းချက်များကို
ပြည့်မီကျော်လွန်အောင် သက်ဆိုင်ရာဝန်ကြီးဌာနများမှ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်
ဌာနအကြီးအကဲများက စနစ်တကျ ကြီးကြပ်ဆောင်ရွက်ကြရန်၊ ပြည်သူဗဟိုပြုဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းများကို
ယခင်နှစ်များကထက် ပိုမိုဖွံ့ဖြိုးတိုးတက်အောင် အားသွန်ခွန်စိုက် ကြိုးပမ်းအကောင်အထည်ဖော်ဆောင်ရွက်သွားကြရန်
မှာကြားလိုကြောင်း စသည်ဖြင့် ပြောကြားခဲ့သည်။
ထို့နောက် ကယားပြည်နယ်၏ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်
ဒေသန္တရစီမံကိန်းများ ရေးဆွဲထားခြင်းအပေါ် ပြည်နယ်စီမံကိန်းဦးစီးမှူးက ရှင်းလင်းတင်ပြခဲ့ပြီး
ပြည်နယ်ဝန်ကြီးချုပ်က ၂၀၂၆ - ၂၀၂၇ ဘဏ္ဍာရေးနှစ်
ဒေသန္တရစီမံကိန်းရည်မှန်းချက်များအား လယ်ယာကဏ္ဍကြီး၊ စက်မှုကဏ္ဍကြီး၊ ဝန်ဆောင်မှုကဏ္ဍကြီးနှင့်
ခရိုင်များအလိုက် တာဝန်များပေးအပ်ခဲ့ရာ ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ လက်ခံရယူခဲ့ကြသည်။
ကယားပြည်နယ်အစိုးရအဖွဲ့နှင့် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနတို့
ပူးပေါင်း၍ နွေစပါးစိုက်ပျိုးသည့် တောင်သူများအား လက်ဝယ်အရောက် စက်သုံးဆီဖြန့်ဖြူးရောင်းချခြင်းအခမ်းအနားကို
ယနေ့နံနက်က လွိုင်ကော်မြို့၊ မှုံပြာကျေးရွာ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများ
တက်ရောက်ကြသည်။
အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်က နိုင်ငံတော်က
ချမှတ်ထားသည့် မူဝါဒနှင့်အညီ နွေစပါးစိုက်ပျိုးမည့်တောင်သူများအား စက်သုံးဆီများကို
သက်သာသည့်နှုန်းထားဖြင့် ဖြန့်ဖြူးရောင်းချပေးသွားမည်ဖြစ်ကြောင်း၊ ပြည်နယ်အစိုးရအနေဖြင့်လည်း
ပြည်သူများ၏ လူမှုစီးပွားဘဝမြင့်မားရေးအတွက် တောင်သူများ၏ လိုအပ်ချက်များကို တတ်စွမ်းသရွေ့
ဖြည့်ဆည်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ နွေစပါးအထွက်နှုန်းမြင့်မားစေရေးအတွက် စိုက်ပျိုးရာတွင်
လိုအပ်သည့် မျိုး၊ မြေ၊ ရေ၊ နည်းများကို သက်ဆိုင်ရာဌာနများက ပေါင်းစပ်ဖြည့်ဆည်းပေးမည်ဖြစ်ကြောင်း
ပြောကြားသည်။
ထို့နောက် တောင်သူများက လိုအပ်ချက်များ
ဖြည့်ဆည်းပေးရန်များကို ဆွေးနွေးတင်ပြရာ သက်ဆိုင်ရာတာဝန်ရှိသူအသီးသီးက ဆောင်ရွက်ပေးမည့်
အခြေအနေများကို ရှင်းလင်းတင်ပြခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည်
နွေစပါးစိုက်ပျိုးမည့် တောင်သူများအတွက် လက်ဝယ်အရောက် စက်သုံးဆီဖြန့်ဖြူးရောင်းချနေမှုများနှင့်
PS -2 (ဆန်မွှေး) မျိုးပွားစပါးစိုက်ခင်းအတွင်း တောင်သူများ ဓာတ်မြေဩဇာသရုပ်ပြကြဲပက်နေမှုများကို
ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
ပြည်နယ် (ပြန်/ဆက်)
No comments:
Post a Comment