ရန်ကုန်
မတ် ၁၁
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ရန်ကုန်တိုင်းဒေသကြီး အမျိုးသမီးရေးရာကော်မတီက ကြီးမှူးကျင်းပသည့် ၂၀၂၆ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အထိမ်းအမှတ်အခမ်းအနားကို မတ် ၈ ရက်နေ့ နံနက်ပိုင်းက ရန်ကုန်မြို့ မြန်မာကွန်ဗင်းရှင်းစင်တာ (MCC) တွင် ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေး စောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့နာယက၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်၏ ဇနီး ဒေါ်မော်မော်သန်း၊ ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်စန္ဒာသွယ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့် ၎င်းတို့၏ ဇနီးများ၊ ရန်ကုန်တိုင်းဒေသကြီး အမျိုးသမီးကော်မတီဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်များ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ ရန်ကုန်တိုင်းဒေသကြီး
စီးပွားရေးရာဝန်ကြီး ဦးမျိုးမြင့်အောင်က အဖွင့်အမှာစကားပြောကြား သည်။ ထို့နောက် UN
Message Video Clip နှင့် မြန်မာနိုင်ငံ၏ အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ
ဆောင်ရွက်ချက်များ Video Clip တို့အား ပြသသည်။
ယင်းနောက်
အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (ရန်ကုန်) မှ ပွဲဦးအလင်္ကာနတ်ချင်း ယိမ်းအကဖြင့်
ဖျော်ဖြေတင်ဆက်ပြီး မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်မှ (၂၂) ကြိမ်မြောက် နှစ်ပတ်လည်အစည်းအဝေးတွင်
ချီးမြှင့်သော ၂၀၂၅ ခုနှစ်အတွက် လွှမ်းခြုံမှုနှင့် စွမ်းဆောင်မှုအကောင်းဆုံး ပထမဆုရရှိသည့်
ရန်ကုန်တိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့နှင့် မြန်မာနိုင်ငံမိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းမှ
ချီးမြှင့်သော ကျန်းမာရေးကဏ္ဍလှုပ်ရှားမှု ထူးချွန်ပထမဆုရရှိသည့် ရန်ကုန်တိုင်းဒေသကြီး
မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့တို့အား ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်
တရားသူကြီးချုပ် ဒေါ်စန္ဒာသွယ်က ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုချီးမြှင့်ငွေများကို
ပေးအပ်သည်။
ဆက်လက်၍
ဆေးတက္ကသိုလ် (၁) မှ ပန်းတိုင်းပွင့်ပြီ မြန်မာပြည်သီချင်းဖြင့် ကပြဖျော်ဖြေတင်ဆက်ပြီး
စီးပွားရေးထူးချွန် အမျိုးသမီးများကို ရန်ကုန်တိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့နှင့်
မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ နာယက၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်၏
ဇနီး ဒေါ်မော်မော်သန်းနှင့် ရန်ကုန်တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး ဦးမျိုးမြင့်အောင်တို့က
အသီးသီးဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုချီးမြှင့်ငွေများကို ပေးအပ်ကြသည်။
ထို့နောက်
ရန်ကုန်ပညာရေးတက္ကသိုလ်မှ ယဉ်ကျေးမှုအမွေ ပုဂံမြေသီချင်းဖြင့် ကပြဖျော်ဖြေတင်ဆက်ပြီး
ပညာရေးကဏ္ဍတွင် ထူးချွန်ဆုရရှိသူများ၊ အင်ဒိုနီးရှားနိုင်ငံတွင် ကျင်းပပြုလုပ်သော
(၈) ကြိမ်မြောက် ကမ္ဘာ့ဗိုဗီနမ်ပြိုင်ပွဲ၊ (၃၃) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲနှင့်
(၁၃) ကြိမ်မြောက် အရှေ့တောင်အာရှမသန်စွမ်းအားကစားပြိုင်ပွဲတို့တွင် ဆုရရှိသူများကို
ရန်ကုန်တိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးကျော်ကျော်စိုး၊ တိုင်းရင်းသားရေးရာဝန်ကြီး
ဦးစောဂျက်ကော့ထူးနှင့် ဥပဒေချုပ် ဒေါ်ဖြူမာဝေတို့က အသီးသီးဂုဏ်ပြုမှတ်တမ်းလွှာနှင့်
ဂုဏ်ပြုချီးမြှင့်ငွေများကို ပေးအပ်ကြသည်။
ယင်းနောက်
အမျိုးသားစီမံခန့်ခွဲမှုပညာရေးဒီဂရီကောလိပ်မှ အလှကမ္ဘာမြေ သီချင်းဖြင့် ကပြဖျော်ဖြေတင်ဆက်ခြင်း၊
အားကစားထူးချွန် အမျိုးသမီးများ၊ ရန်ကုန်တက္ကသိုလ်မှ တောင်ယာဝင်ချိန်သီချင်းဖြင့် ကပြဖျော်ဖြေတင်ဆက်ခြင်း၊
ရန်ကုန်တိုင်းဒေသကြီး အခြေခံပညာအဆင့် အာကာသ (ပန်းချီ၊ ကာတွန်း၊ ပိုစတာ) နွေရာသီပြိုင်ပွဲတွင်
ဆုရရှိသူများ၊ ရန်ကုန်အနောက်ပိုင်းတက္ကသိုလ်မှ ကမ္ဘာတည်သရွေ့ သီချင်း ဖြင့် ကပြဖျော်ဖြေ
တင်ဆက်ခြင်း၊ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့အကြို အခြေခံပညာ အဆင့် စာစီစာကုံးပြိုင်ပွဲတွင်
ဆုရရှိသူများကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး ဦးနေဝင်းအောင်နှင့်
တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးများ၏ ဇနီးများနှင့် တာဝန်ရှိသူများက အသီးသီးဂုဏ်ပြုမှတ်တမ်းလွှာနှင့်
ဂုဏ်ပြုချီး မြှင့်ငွေများကို ပေးအပ်ကြသည်။
ထို့နောက် ရန်ကုန်သူနာပြုတက္ကသိုလ်မှ သွေးချင်းတို့ရဲ့မြေသီချင်းဖြင့် ကပြဖျော်ဖြေတင်ဆက်ခဲ့ကြပြီး
ဖျော်ရေးအဖွဲ့များအား တာဝန်ရှိသူများက ဂုဏ်ပြုချီးမြှင့်ငွေများကို ပေးအပ်ကာ တက်ရောက်လာကြသူများက
ပြသထားသည်များကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။
ဇွဲထက်ကို
(ပြန်/ဆက်)
No comments:
Post a Comment