နေပြည်တော် မတ် ၃၁
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သို့ ချစ်ကြည်ရေးခရီးလည်ပတ်ရန် ထိုင်းဘုရင့်ရေတပ်မှ စစ်ရေယာဉ် HTMS Kraburi (FFG-457) သည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့၊ သီလဝါဆိပ်ကမ်းသို့ ရောက်ရှိရာ တပ်မတော်(ရေ)မှ အရာရှိကြီးများ၊ အရာရှိ၊ စစ်သည်များနှင့် မြန်မာနိုင်ငံဆိုင်ရာ ထိုင်းရေတပ်စစ်သံမှူးတို့က ကြိုဆိုနှုတ်ဆက်ကြသည်။
အဆိုပါစစ်ရေယာဉ်အား
အဖွဲ့ခေါင်းဆောင်ဖြစ်သူ ထိုင်းဘုရင့်ရေတပ် 3rd Naval Area Command မှ Captain
Natthawat Wichakul ဦးဆောင်၍ ချစ်ကြည်ရေးခရီးအဖြစ် လာရောက်ခြင်းဖြစ်ပြီး ရန်ကုန်မြို့တွင်
ဧပြီလ ၄ ရက်အထိ ငါးရက်ကြာနေထိုင်၍ အထင်ကရနေရာများသို့ သွားရောက်လေ့လာလည်ပတ်ခြင်းနှင့်
နှစ်နိုင်ငံရေတပ်ချစ်ကြည်ရေးအားကစားပြိုင်ပွဲများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။


No comments:
Post a Comment