ရန်ကုန်
မတ် ၁၁
(၈၁) နှစ်မြောက် တပ်မတော်နေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဆိုလာစနစ်ဖြင့် ငမိုးရိပ်လျှပ်စစ်မြစ်ရေတင်နှင့် ကျေးရွာမီးလင်းရေးစီမံကိန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်၊ မုဆိုးညောင်ပင်ကျေးရွာတွင် ကျင်းပရာ အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ခရိုင်/မြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ပြည်သူများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
ဦးစွာ ဆိုလာစနစ်ဖြင့် ငမိုးရိပ်လျှပ်စစ်မြစ်ရေတင်နှင့်
ကျေးရွာမီးလင်းရေးစီမံကိန်းဖွင့်ပွဲကို ရန်ကုန်တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး ဦးမျိုးမြင့်အောင်၊
ရန်ကုန်တိုင်းဒေသကြီး၊ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး
ဦးကျော်နိုင်ဦး၊ လှည်းကူးခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်ဝင်းလှိုင်နှင့်
တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြသည်။
ထို့နောက် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်
ဦးစိုးသိန်းက အဖွင့်အမှာစကားပြောကြားသည်။ ယင်းနောက် ရန်ကုန်တိုင်းဒေသကြီး၊ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊
ညွှန်ကြားရေးမှူး ဦးကျော်နိုင်ဦးက လုပ်ငန်းဆိုင်ရာများကို ရှင်းလင်းတင်ပြပြီး တောင်သူများ
ကိုယ်စားဒေသခံ တောင်သူတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။
ထို့နောက် ငမိုးရိပ်ရေတင်လုပ်ငန်းဆိုင်ရာ
အချက်အလက်များကို ZYP ကုမ္ပဏီမှ တာဝန်ရှိသူက ပေးအပ်ရာ ရန်ကုန်တိုင်းဒေသကြီး၊ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊
ညွှန်ကြားရေးမှူး ဦးကျော်နိုင်ဦးက လက်ခံရယူခဲ့သည်။
ယင်းနောက် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်
ဦးစိုးသိန်းနှင့် အဖွဲ့က ဆိုလာစနစ်ဖြင့် ငမိုးရိပ်လျှပ်စစ်မြစ်ရေတင်နှင့် ကျေးရွာမီးလင်းရေးစီမံကိန်းကို
လှည့်လည်ကြည့်ရှုစစ်ဆေးပြီး ရှင်းလင်းဆောင်တွင် ရန်ကုန်တိုင်းဒေသကြီး၊ ဆည်မြောင်းနှင့်
ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးကျော်နိုင်ဦးက လုပ်ငန်းအခြေအနေများကို
ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က လိုအပ်သည်များကို မှာကြားသည်။
၎င်းနောက် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်
ဦးစိုးသိန်းက ဖျော်ဖြေရေးအဖွဲ့အား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ပြီး တက်ရောက်လာသူများအား
ရင်းရင်းနှီးနှီးနှုတ်ဆက်သည်။
ယခုတည်ဆောက်ဖွင့်လှစ်သည့် ငမိုးရိပ်ဆိုလာရေတင်လုပ်ငန်းတွင်
မူလက (250 Kw) မော်တာနှင့် ၄၀ ကျူဆက်ပန့် (၆) စုံကို တပ်ဆင်ပြီး မဟာဓာတ်အားလိုင်းမှ
လျှပ်စစ်ဖြင့် ရေပေးဝေခဲ့ရာမှ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်တွင် (720 W) ဆိုလာ အချပ်ရေ (၁၀၇၈)ချပ်
( ၁၄ ချပ် String ၇၇ ခု) ကို တပ်ဆင်၍ ရေမောင်းနှင်ရန်အတွက် (0.4/11 kV) 110 kW
Ongrid Inverter (၇)လုံးမှ (750) Kw ကို ထုတ်လုပ်ရာ 750 KVA Step-up Transformer (၁)
လုံးဖြင့် မီးအားမြှင့်တင်ပြီး (250 Kw) မော်တာနှင့် ၄၀ ကျူဆက်ပန့် (၆) စုံတို့အား
နေ့အချိန်တွင် လျှပ်စစ် + ဆိုလာစနစ်ဖြင့် စုစုပေါင်း (၃၄၅၄) ဧကကို ရေပေးဝေနိုင်မည်ဖြစ်ကြောင်းနှင့်
စိုက်ပျိုးရေထပ်မံလိုအပ်ပါက ညပိုင်းတွင် လျှပ်စစ်ဓာတ်အားဖြင့် မောင်းနှင်၍ ပေးဝေနိုင်မည်ဖြစ်ကြောင်း
သိရသည်။
ဇွဲထက်ကို (ပြန်/ဆက်)

No comments:
Post a Comment