ရန်ကုန် မတ် ၁၁
ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တိုင်းဒေသကြီး ဝန်ကြီးများသည် မတ်လ ၉ ရက်နေ့ နေ့လယ်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်၏ ဒေသဖွံ့ဖြိုးတိုးတက်မှု အခြေအနေများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။
ဦးစွာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် အဖွဲ့သည်
တိုက်ကြီးမြို့နယ်၊ မွေးမြူရေးဇုန်အနီးရှိ သနပ်ချောင်းပိတ်ရေလှောင်တမံတွင် ရေသိုလှောင်ထားရှိမှု၊
ရေသိုလှောင်နိုင်မှုနှင့် ကြံ့ခိုင်မှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး
တာဝန်ရှိသူများက လုပ်ငန်းအခြေအနေများကို ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီး
ဝန်ကြီးချုပ်က လိုအပ်သည်များကို မှာကြားသည်။
ထို့နောက် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် အဖွဲ့သည်
တိုက်ကြီးမြို့နယ်၊ တိုက်ကြီးမွေးမြူရေးဇုန်အတွင်း ပိုင်ရှင်ဦးကဲ၏ အကွက်အမှတ် B 9 ရှိ ခြံတွင် ဘဲအကောင်ရေ (၅၀၀၀)၊
အကွက်အမှတ် B 11 ရှိ ခြံတွင် ဒေသနွားအကောင်ရေ (၆၂) ကောင်နှင့် အကွက်အမှတ် B 12 ရှိ
ခြံတွင် ဒေသနွားအကောင်ရေ (၇၂) ကောင်မွေးမြူထားရှိမှု အခြေအနေများအားလည်းကောင်း၊ National
Wood နွားမွေးမြူရေးခြံတွင် ဒေသနွားအကောင်ရေ (၂၃၉) ကောင်၊ နေဗီယာမြက်မျိုးများ၊
တိရစ္ဆာန်အစာပင်များ စိုက်ပျိုးထားရှိမှုနှင့် ကောက်ရိုးထုံးများထားရှိမှု အခြေအနေများအားလည်းကောင်း၊
ပိုင်ရှင်ဦးမင်းမင်း၏ အကွက်အမှတ် B 3 ရှိ ခြံတွင် ဒေသနွားအကောင်ရေ (၂၀၀)၊ ဆိတ်အကောင်ရေ
(၁၇၅) ကောင်၊ နေဗီယာမြက်မျိုးများနှင့် တိရစ္ဆာန်အစာပင်များ စိုက်ပျိုးထားရှိမှုအခြေအနေများအားလည်းကောင်း၊
Good Brother နွားမွေးမြူရေးခြံတွင် ဒေသနွားအကောင်ရေ (၈၈) ကောင် မွေးမြူထားရှိမှုအခြေအနေအားလည်းကောင်း၊
သာယာကုန်းကုမ္ပဏီလီမိတက်မှ
အသားတိုးကြက်အကောင်ရေ (၂၃၀၀၀) မွေးမြူထားရှိမှုနှင့် မွေးမြူရေးခြံများ ဆောက်လုပ်ပြီးစီးမှု
အခြေအနေများအားလည်းကောင်း၊ မြတ်မင်းကုမ္ပဏီလီမိတက်မှ အသားတိုးဝက်အကောင်ရေ (၁၀၀၀) မွေးမြူထားရှိမှုနှင့်
မွေးမြူရေးခြံများဆောက်လုပ်ပြီးစီးမှု အခြေအနေများအားလည်းကောင်း၊ SUPER SEVEN
STARS AGRI-TECHCO.,LTD မှ ကြက်မွေးမြူနိုင်ရေးမွေးမြူရေးခြံများ တည်ဆောက်နေသည့် အခြေအနေနှင့်
မွေးမြူရေးခြံများ ဆောက်လုပ်ပြီးစီးမှု အခြေအနေများအားလည်းကောင်း ကြည့်ရှုစစ်ဆေးပြီး
တာဝန်ရှိသူများက ဆောင်ရွက်နေသည့် အခြေအနေများကို ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က
မွေးမြူရေးလုပ်ငန်းရှင်များအနေဖြင့် တိုင်းဒေသကြီးအတွင်း စားရေရိက္ခာဖူလုံရေးအတွက်
တိုးချဲ့မွေးမြူကြရန်နှင့် တိရစ္ဆာန်အစာပင်များ တိုးချဲ့စိုက်ပျိုးကြရန် စသည်တို့ကို
မှာကြားသည်။
ထို့နောက် ရန်ကုန်တိုင်းဒေသကြီး
ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် အဖွဲ့သည် တိုက်ကြီးမွေးမြူရေးဇုန်အတွင်းသို့ မော်တော်ယာဉ်ဖြင့် လုပ်ကွက်အလိုက်
မွေးမြူရေးဆောင်ရွက်ထားရှိမှု၊ နေဗီယာမြက်မျိုးများနှင့် တိရစ္ဆာန်အစာပင်များ စိုက်ပျိုးထားရှိမှုအခြေအနေများကို
လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ဇွဲထက်ကို (ပြန်/ဆက်)
.png)
.png)
No comments:
Post a Comment