တောင်ငူ မတ် ၃၀
ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့ ဗဟိုမဏ္ဍပ်၌ ၁၃၈၇ ခုနှစ် မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော်ကို လမ်းလျှောက်သင်္ကြန်၊ စတုဒိသာအလှူများ၊ ယိမ်းအဖွဲ့များ၊ ဖျော်ဖြေရေးအစီအစဉ်များ၊ DJ နှင့် နာမည်ကြီးအဆိုတော်များဖြင့် ဧပြီ ၁၃ ရက်မှ ၁၆ ရက်အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်သည်။
တောင်ငူမြို့၌
မန္တလေးမြေငလျင်ကြီးကြောင့် ၁၃၈၆ ခုနှစ် မြန်မာ့ ရိုးရာ မဟာသင်္ကြန်ပွဲတော်ကို အေးသင်္ကြန်အဖြစ်
ဆင်နွှဲခဲ့ပြီး ယခုနှစ်တွင် ယိမ်းအဖွဲ့ ၁၃ ဖွဲ့ဖြင့် ဖျော်ဖြေတင်ဆက်နိုင်ရေး သင်္ကြန်တေးသီချင်းများဖြင့်
သီဆိုကပြရန် ရပ်ကွက်ကျေးရွာအုပ်စုများ၌ ကြိုတင် လေ့ကျင့်လျက်ရှိသည်။ အကယိမ်းဖွဲ့များကို
သင်္ကြန်ဝတ်စုံများ စီစဉ်ဆောင်ရွက်ပေးထားပြီး ဖျော်ဖြေရေးအစီအစဉ်များတွင် DJ နှင့်
ဒေသခံအဆိုတော်များအပြင် နိုင်ငံကျော်အဆိုတော်များ ဖျော်ဖြေကြမည်ဖြစ်သည်။ လမ်းလျှောက်သင်္ကြန်ပွဲတော်တွင်
ရေရရှိရေး၊ ရေလာရောက် ကစားမည့်သူများ အဆင်ပြေချောမွေ့စေရေးနှင့် အလှူရှင်များက စတုဒိသာအလှူများဖြင့်
ကျွေးမွေးနိုင်ရေး ကြိုတင်ဆောင်ရွက်ပေးလျက်ရှိကြောင်း တောင်ငူမြို့နယ် စီမံခန့်ခွဲရေးနှင့်
အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဉာဏ်လင်းအောင်ထံမှ သိရသည်။
ဇော်ကိုကို (တောင်ငူ)

No comments:
Post a Comment