ရန်ကုန် မတ် ၂၆
နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်)၌ အဆင့်မြင့် အရာထမ်းသင်တန်း အမှတ်စဉ် (၂၈) သင်တန်းဆင်းပွဲကို ယနေ့ နံနက် ၉ နာရီခွဲတွင် အဆိုပါ တက္ကသိုလ်ရှိ ကေတုမတီခန်းမတွင်ကျင်းပရာ ပါမောက္ခချုပ်၊ ဒုတိယ ပါမောက္ခချုပ်များနှင့် တာဝန်ရှိသူများ၊ သင်တန်းသား သင်တန်းသူများ တက်ရောက်ကြသည်။
ချီးမြှင့်ပေးအပ်
ဦးစွာ ပြည်ထောင်စုရာထူးဝန် အဖွဲ့ဥက္ကဋ္ဌ(ကိုယ်စား) ပါမောက္ခချုပ် ဦးကျော်ထွေးက အရာရှိကြီးများသည် လက်တွေ့နယ်ပယ်တွင် မိမိကိုပေးအပ်သည့် တာဝန်နှင့် လုပ်ပိုင်ခွင့်များကို ချမှတ်ထားသော ဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်း၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ တိကျမြန်ဆန်စွာ လုပ်ဆောင်ရန်လိုကြောင်း၊ မိမိတို့ တစ်ဦးချင်း ထမ်းဆောင်ရသည့် တာဝန်များကို ကျေပွန်စွာထမ်းဆောင်ကြပြီး စွမ်းရည်၊ စွမ်းအားရှိသည့် အဖွဲ့အစည်းများ ဖြစ်လာအောင် ထမ်းဆောင်ကြစေလိုကြောင်း၊ ပေးအပ်ထားသည့် တာဝန်များကိုကျေပွန်အောင် ထမ်းဆောင်ခြင်းသည် နိုင်ငံတော်နှင့် မိမိတို့အဖွဲ့အစည်းအပေါ် တာဝန်ကျေပွန်ခြင်းဖြစ်၍ တတ်နိုင်သမျှအကောင်းဆုံး အင်ပြည့်အားပြည့် ထမ်းဆောင်ကြရန်လိုကြောင်း၊ ပါတီနိုင်ငံရေးကင်းရှင်း ပြီး နိုင်ငံ့ဝန်ထမ်းကျင့်ဝတ် အပါး (၃၀)ကို စောင့်ထိန်းလိုက်နာကာ နိုင်ငံ့ဝန်ထမ်း သစ္စာအဓိဋ္ဌာန်(၆)ချက်ကို ဦးထိပ်ပန်ဆင်ပြီး နိုင်ငံတော်နှင့် ပြည်သူ့အကျိုးစီးပွားကို ရှေးရှုဆောင်ရွက်ကြရန်၊ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ အုပ်ချုပ်ရေးဖြစ်စဉ်များကို စဉ်ဆက်မပြတ်လေ့လာပြီး နောက်လိုက်များအတွက် စံပြပုဂ္ဂိုလ်အဖြစ် ပြုမူနေထိုင်ကြရန်၊ “ဝန်ထမ်းကောင်းမှ နိုင်ငံကောင်းမည်” ဆိုသည့်အတိုင်း သင်တန်းမှ ရရှိသော အသိအမြင်များကို လုပ်ငန်း အတွေ့အကြုံများနှင့်ပေါင်းစပ်ပြီး လက်တွေ့အသုံးပြုကြရန် တိုက်တွန်းမှာကြားကာသင်တန်းဆင်း အောင်လက်မှတ်များ ချီးမြှင့်ပေးအပ်သည်။
နိုင်ငံ့ဝန်ထမ်း တက္ကသိုလ် (အောက်မြန်မာပြည်)၌ ဖွင့်လှစ်ခဲ့သည့် အဆင့်မြင့်အရာထမ်း သင်တန်း အမှတ်စဉ် (၂၈) သို့ သင်တန်းသား ၂၂ ဦး၊ သင်တန်းသူ ၂၇ ဦး စုစုပေါင်း ၄၉ ဦး တက်ရောက်ကြပြီး သင်တန်းကာလမှာ ဖေဖော်ဝါရီ ၂ ရက်မှ မတ် ၂၆ ရက်အထိဖြစ်ကြောင်း သိရသည်။
သတင်းစဉ်

No comments:
Post a Comment