နေပြည်တော် ဖေဖော်ဝါရီ ၁၄
တိုင်းဒေသကြီး၊ ပြည်နယ် MSME အေဂျင်စီဥက္ကဋ္ဌများနှင့် တွေ့ဆုံပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းက နေပြည်တော်ရင်ပြင်ရှိ ကွပ်ကဲရေးရုံး၌ ကျင်းပရာ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်း များ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်း ကော်မတီ ဒုတိယဥက္ကဋ္ဌ စက်မှု ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း၊ ဒုတိယဝန်ကြီး ဦးသွင်အောင်နှင့် တိုင်း ဒေသကြီး၊ ပြည်နယ် MSME အေဂျင်စီဥက္ကဋ္ဌများ တက်ရောက်သည်။
တွေ့ဆုံပွဲတွင်
ပြည်ထောင်စုဝန်ကြီးက ယခုကျင်းပသည့် ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ဈေးရောင်းပွဲတော်၏
အားနည်းချက်၊ အားသာချက်များကို ဖော်ထုတ်၍ နောင်ကျင်းပမည့် ပြပွဲ၊ ပြိုင်ပွဲများတွင်
ပြင်ဆင်ဖြည့်ဆည်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ နိုင်ငံ့စီးပွားမြှင့်တင်နိုင်ရေးအတွက်
MSME များဖွံ့ဖြိုးတိုးတက်ရေး ဝိုင်းဝန်းကြိုးစား ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီး၊
ပြည်နယ် MSME အေဂျင်စီဥက္ကဋ္ဌများက ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ဈေးရောင်းပွဲတော်တွင်
ပါဝင်ခင်းကျင်းပြသရောင်းချနိုင်ရေး ဆောင်ရွက်ခဲ့မှု၊ တိုင်းဒေသကြီး၊ ပြည်နယ်အလိုက်
MSME များ ဖွံ့ဖြိုးတိုးတက်ရေး ဆက်လက်ဆောင်ရွက်မည့် အစီအမံများကို ဆွေးနွေးတင်ပြကြသည်။
ယင်းနောက် တိုင်းဒေသကြီး၊
ပြည်နယ်စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန ဦးစီးဌာနမှူး များနှင့် တွေ့ဆုံရာ
ပြည်ထောင်စုဝန်ကြီးက တိုင်းဒေသကြီး ပြည်နယ်များတွင် တာဝန်ထမ်းဆောင် လျက်ရှိသည့်
စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနမှ ဝန်ထမ်းများသည် ကြီးလေးသည့် တာဝန်များကို
ထမ်းဆောင်လျက်ရှိပြီး စွမ်းဆောင်ရည်မြင့်မား တိုးတက်စေရေး လေ့လာသင်ယူမှု များ စဉ်ဆက်မပြတ်ဆောင်ရွက်ကြရန်၊
ပေးအပ်သည့် လုပ်ငန်းတာဝန်များကို ကျေပွန်စွာ ထမ်းဆောင်နိုင်ရေး ကြိုးစား ဆောင်ရွက်ကြရန်
မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်

No comments:
Post a Comment