Saturday, February 7, 2026

ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်း LNG မှ လျှပ်စစ်ဓာတ်အားထုတ်လုပ်ဖြန့်ဖြူးမည့် အစီအစဉ်များနှင့်ပတ်သက်၍ တိုင်းဒေသကြီး/ ပြည်နယ်များမှ အစိုးရအဖွဲ့ တာဝန်ရှိသူများ၊ စက်မှု/လက်မှု လုပ်ငန်းရှင်များ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံ



 နေပြည်တော် ဖေဖော်ဝါရီ ၆

လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းသည် ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ရုံးအမှတ် (၂၇) ရဲရွာ ခန်းမ၌ LNG မှ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ဖြန့်ဖြူးမည့်အစီအစဉ်များနှင့်ပတ်သက်၍ တိုင်းဒေသကြီး/ ပြည်နယ်များမှ အစိုးရအဖွဲ့ တာဝန်ရှိသူများ၊ စက်မှု/လက်မှု လုပ်ငန်းရှင်များနှင့် တွေ့ဆုံ သည်။  

တွေ့ဆုံပွဲသို့ ပြည်ထောင်စုဝန်ကြီးနှင့်အတူ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးကျော်၊ တိုင်းဒေသကြီး/ပြည်နယ်များမှ သယံဇာတရေးရာဝန်ကြီးများ၊ မန္တလေးလျှပ်စစ် ဓာတ်အားပေးရေးကော်ပိုရေးရှင်း ခေတ္တဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီးရုံး၊ ဦးစီးဌာန၊ လုပ်ငန်း တို့မှ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ ရန်ကုန်လျှပ်စစ်ဓာတ်အားပေး ရေးကော်ပိုရေးရှင်းအမှုဆောင်အရာရှိချုပ်၊ ဌာနကြီးမှူးများ၊ တိုင်းဒေသကြီး/ ပြည်နယ်လျှပ်စစ် အင်ဂျင်နီယာများ၊ စက်မှု/လက်မှုလုပ်ငန်းရှင်များနှင့် စီးပွားရေး လုပ်ငန်းရှင်များ တက်ရောက်ကြ သည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံတော်၏ စီးပွားရေးကဏ္ဍ လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်အောင် ဘက်စုံကဏ္ဍစုံမှ ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ မိမိတို့ နိုင်ငံ၏ ပကတိအခြေအနေအရ စိုက်ပျိုးရေးကို အခြေခံသည့်ကုန်ထုတ်လုပ်ငန်းများ (Agro - Based Industries) ကို အားပေးမြှင့်တင်ရန် ခိုင်မာသည့်မူဝါဒများ ချမှတ်၍ အရှိန်အဟုန်ဖြင့် အကောင် အထည်ဖော်လျက် ရှိကြောင်း၊ ထိုသို့ ကုန်ထုတ်လုပ်ငန်းများ အပြည့်အဝလည်ပတ်နိုင်ရေးအတွက် အဓိက လိုအပ်သည့် အခြေခံအဆောက်အအုံသည် လျှပ်စစ်ဓာတ်အားဖြစ်သည့်အတွက် လိုအပ်သည့် လျှပ်စစ်ဓာတ်အားကို ပြည့်ဝစွာထုတ်လုပ်ပေးနိုင်ရန် မိမိတို့ဝန်ကြီးဌာနအနေဖြင့် စွမ်းအင်အရင်းအမြစ်မျိုးစုံမှ ဓာတ်အားထုတ်လုပ်ပေးနိုင်ရေး အလေးထားစီမံဆောင် ရွက်လျက်ရှိကြောင်း၊ နည်းလမ်းပေါင်းစုံဖြင့် အစွမ်းကုန်ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ဖျက်ဆီးခံ ရသည့် ဓာတ်အားလိုင်းများနှင့် ခွဲရုံများကို အချိန်နှင့်တစ်ပြေးညီ ပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက် လျက်ရှိသကဲ့သို့ LNG မှ လျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်းသည် ဈေးနှုန်းကြီးမြင့်သော်လည်း လိုအပ်ချက်ကို ပြည့်မီစေရန်နှင့် ကုန်ထုတ်စွမ်းအားတိုးတက်စေရေး စက်မှုဇုန်များမှ အချိန်ပြည့် ထုတ်လုပ်နိုင်ရန် ရည်ရွယ်၍ အချိန်တိုအတွင်းရရှိမည့် LNG ဖြင့် လျှပ်စစ်ဓာတ်အားထုတ်လုပ်နိုင် ရေး ကြိုးပမ်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ LNG ဖြင့် လျှပ်စစ် ဓာတ်အားထုတ်လုပ်မှု ကုန်ကျ စရိတ် မျှတစေရန်အတွက် စက်မှုနှင့် စီးပွားရေးလုပ်ငန်းများသို့ “စီးပွားရေးနှုန်းထား (Economic Rate)” တစ်ခုသတ်မှတ်ပြီး ယခုဖေဖော်ဝါရီလ အသုံးမှစ၍ ဓာတ်အားခနှုန်းထားသစ် ၉၀၀ ကျပ်ဖြင့် ကောက်ခံသွားမည်ဖြစ် သည့်အတွက် ဇန်နဝါရီလအသုံး ယူနစ်များကို မီတာဖတ်သူနှင့် သုံးစွဲသူ နှစ်ဖက်သဘောတူ လက်မှတ်ရေးထိုးသွားရန် လိုအပ်ကြောင်း။

ဓာတ်အားခနှုန်းထား တိုးမြှင့်သွားသော်လည်း လုပ်ငန်းရှင်များအတွက် ခိုင်မာသောစွမ်းအင် အာမခံချက်ရှိသည့် ကုန်ထုတ်လုပ်မှုဝန်းကျင်ကောင်းတစ်ခုကို ဖန်တီး ပေးခြင်းဖြစ်သဖြင့် စီးပွားရေး လုပ်ငန်းရှင်ကြီးများအနေဖြင့် မိမိတို့လုပ်ငန်းများ အောင်မြင်စွာ တိုးချဲ့ဆောင်ရွက်သွားနိုင်မည် ဖြစ်ကြောင်း၊ ပြည်သူလူထု သုံးစွဲနေသော ဓာတ်အားခနှုန်းထားများအနေဖြင့် ယခင်နှုန်းထား အတိုင်း ပြောင်းလဲမှုမရှိကြောင်း၊ ယခင် စက်မှုလုပ်ငန်းများတွင် သုံးစွဲခဲ့သည့် ဓာတ်အားများကို ပြည်သူလူထုမှ ပိုမိုသုံးစွဲနိုင်မည်ဖြစ်သဖြင့် နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် စက်မှု လုပ်ငန်းရှင်များက အားလုံးလက်တွဲ၍ ပူးပေါင်းဆောင်ရွက်ပေးကြရန် တိုက်တွန်းလိုကြောင်း ပြောကြားသည်။

ထို့နောက် ညွှန်ကြားရေးမှူး ချုပ်နှင့် ဦးဆောင်ညွှန်ကြားရေးမှူးများက သက်ဆိုင်ရာလုပ်ငန်းကဏ္ဍ အလိုက် ရှင်းလင်းတင်ပြကြပြီး တိုင်းဒေသကြီး / ပြည်နယ်များမှ သယံဇာတရေးရာဝန်ကြီးများ၊ စက်မှုဇုန်များမှ တာဝန်ရှိသူ များ၊ စီးပွားရေးလုပ်ငန်းရှင်များက စက်မှုနှင့် စီးပွားရေးလုပ်ငန်းများ သို့ သတ်မှတ်နှုန်းထားအသစ်ဖြင့် ဓာတ်အားခကောက်ခံဆောင်ရွက်မည့်အခြေအနေများနှင့် ဓာတ်အားခ တိုးမြှင့်ကောက်ခံမှု အပေါ် အားသာချက်/အားနည်းချက်များ၊ ဖြစ်ပေါ်လာသည့် အခက်အခဲများကို တင်ပြဆွေးနွေး ကြသည်။

တင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များအား ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်

No comments:

Post a Comment