မကွေး ဖေဖော်ဝါရီ ၇
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ အဆင့်မြင့်သိပ္ပံနှင့်နည်းပညာဦးစီးဌာန ကွန်ပျူတာတက္ကသိုလ်(မကွေး)၏ (၁၅)ကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်းအနား အကြိုလေ့ကျင့်ခြင်းကို ယမန်နေ့နံနက်ပိုင်းက ကွန်ပျူတာတက္ကသိုလ်(မကွေး) ဘွဲ့နှင်းသဘင်ခန်းမ၌ကျင်းပရာ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်၊ နယ်မြေခံတပ်နယ်မှအရာရှိကြီးများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ တက္ကသိုလ်၊ ဒီဂရီကောလိပ်နှင့် သိပ္ပံကျောင်းများမှပါမောက္ခချုပ်များနှင့်ကျောင်းအုပ်ကြီးများ၊ ဖိတ်ကြားထားသောဧည့်သည်တော်များ၊ ဘွဲ့ရမောင်မယ်များနှင့် မိဘဆွေမျိုးများ တက်ရောက်ခဲ့ကြသည်။
ဘွဲ့နှင်းသဘင်အခမ်းအနားတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးတင့်လွင်က ယနေ့အချိန်အခါသည် Information and Communication Technology(ICT) ခေတ်ဖြစ်သည်နှင့်အညီ ကမ္ဘာတစ်ဝှမ်းလုံးတွင် IT နည်းပညာ၏ တိုးတက်ပြောင်းလဲမှုသည် နိုင်ငံတိုင်း၏ စီးပွားရေး၊ လူမှုရေးတိုးတက်မှုများတွင် အရေးပါသည့် အခန်းကဏ္ဍမှပါဝင်လျက်ရှိပါကြောင်း၊ ဒီကနေ့ နိုင်ငံတော်ကို ပြည်တွင်းပြည်ပမှ အတတ်ပညာနဲ့ အရင်းအနှီးများဖိတ်ခေါ်ပြီး စီးပွားရေးတိုးတက်လာအောင်လုပ်ဆောင်မှုမှာ ယခုလိုအရေးပါလှတဲ့ ကွန်ပျူတာအသိပညာရှင်၊ အတတ်ပညာရှင်များဖြစ်လာအောင် ပြုစုပျိုးထောင်ပေးနိုင်ခဲ့တဲ့အတွက် ကွန်ပျူတာတက္ကသိုလ်များဟာ နိုင်ငံတော်ရဲ့အလိုအပ်ဆုံး အခြေခံကောင်းများကို ပြုစုပျိုးထောင်မွေးထုတ်ပေးရာ ဘူမိနက်သန်အောင်မြေတစ်ခုဖြစ်ကြောင်း၊ နိုင်ငံတော်ရဲ့ အခြေခံအဆောက်အအုံဖွံ့ဖြိုးတိုးတက်မှသာ အမျိုးသားစီးပွားရေးဘဝကို မြှင့်တင်နိုင်မှာဖြစ်သလို နိုင်ငံနှင့်လူမျိုး ထာဝရရှင်သန်ရပ်တည်နိုင်ရေးအတွက် အဖက်ဖက်မှမြင့်မားတဲ့စွမ်းရည်နဲ့ စွမ်းအားတွေကို တည်ဆောက်ကြရမယ့်အပြင် မိမိတိုင်းပြည်ကို ချစ်မြတ်နိုးတန်ဖိုးထားတဲ့စိတ်၊ ကိုယ်လူမျိုးကိုယ် ချစ်တဲ့စိတ်တွေရှိကြဖို့လည်း အထူးလိုအပ်ပါကြောင်း၊ မြင့်မားတဲ့ စွမ်းရည်နဲ့ စွမ်းအားတွေ ပြည့်စုံတဲ့ နိုင်ငံမှသာလျှင် ဒီကနေ့ကမ္ဘာ့အလယ်မှာ ထည်ထည်ဝါဝါရပ်တည်နိုင်ပြီး နိုင်ငံတကာနဲ့ ရင်ဘောင်တန်းနေနိုင်မှာ ဖြစ်ပါကြောင်း၊ မိမိတို့နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး၊ တိုင်းရင်းသားပြည်သူအားလုံး၏ လူနေမှုအဆင့်အတန်းမြင့်မားရေးနှင့် မိမိတို့၏မျိုးဆက်သစ် နောင်လာနောက်သားများ လက်ထက်အထိ ရေရှည်အကျိုးဖြစ်ထွန်းရေးအတွက် ကိုယ့်ခွန်ကိုယ့်အားဖြင့် ကြိုးပမ်းအားထုတ်ကြရမှာဖြစ်ကြောင်း၊ အထူးသဖြင့်စီးပွားရေးကဏ္ဍများကို ဘက်စုံဖွံ့ဖြိုးတိုးတက်အောင် တည်ထောင်ရာတွင် IT သည် အခြေခံစွမ်းအားစုတစ်ခုဖြစ်ပါကြောင်း၊ မျိုးဆက်သစ်လူငယ်များသည် ပညာခေတ်ကြီးထဲတွင် နောက်ကျကျန်မနေတော့ဘဲ ကမ္ဘာ့ပညာရေး၊ နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး အခြေအနေများကို မျက်ခြေမပြတ် လေ့လာစူးစမ်းနိုင်ပြီဖြစ်ကြောင်း၊ ယနေ့ကမ္ဘာဟာ Globalization ခေတ်ကို ရောက်နေပြီ ဖြစ်တဲ့အတွက် IT ကို အသုံးချပြီး တစ်နေရာမှတစ်နေရာ၊ နိုင်ငံတစ်နိုင်ငံမှ တစ်နိုင်ငံ လွယ်ကူစွာကူးလူးဆက်သွယ်ပြီး စီးပွားရေးလုပ်ငန်းတွေလုပ်ဆောင်လာကြကြောင်း၊ နိုင်ငံတကာနှင့်ရင်ဘောင်တန်း၍ ယှဉ်ပြိုင်နိုင်ရန် IT ကိုအသုံးချပြီး အားကြိုးမာန်တက်ဆောင်ရွက်လျက်ရှိနေကြပြီး ပြည်တွင်း ပြည်ပမှ အတတ်ပညာများ ရရှိရေးတွင်လည်း IT သည် အဓိကပင်ဖြစ်ပါကြောင်း၊ IT ပညာဖွံ့ဖြိုးတိုးတက်ရေးနဲ့ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်စေရေးသည် လူသားအရင်းအမြစ် စွမ်းဆောင်နိုင်အားကို အပြည့်အဝအသုံးကျအောင် လုပ်ဆောင်ခြင်း(Making full use of Human Resource) သည် သာလျှင် အဓိကအချက်ဖြစ်သည်နှင့်အညီ အရည်အချင်းပြည့်မီသော IT ပညာရှင်များရရှိလာအောင် ကြိုစားသင်ကြားစေလိုကြောင်း တိုက်တွန်းပြောကြားသည်။
ဆက်လက်၍ ကွန်ပျူတာတက္ကသိုလ်(မကွေး) (၁၅)ကြိမ်မြောက် ဘွဲ့နှင်းသဘင်အကြို လေ့ကျင့်ခြင်းကို ဆောက်ရွက်ခဲ့ကြောင်းနှင့် အဆိုပါကွန်ပျူတာတက္ကသိုလ်(မကွေး)အနေဖြင့် အစိုးရကွန်ပျူတာကောလိပ်အဖြစ် စတင်တည်ထောင်ခဲ့သည့် ၂၀၀၀ ခုနှစ်မှ စတင်၍ ၂၀၂၄ ခုနှစ်အထိ ကွန်ပျူတာ ဒီပလိုမာနှင့်ဘွဲ့ရ စုစုပေါင်း (၃၁၄၅)ဦးကို မွေးထုတ်ပေးခဲ့ပြီး၊ (၁၅) ကြိမ်မြောက်ယခုနှစ် ဘွဲ့နှင်းသဘင် အခမ်းအနားတွင် တက်ရောက်(၈၁)ဦးနှင့် အဝေးရောက်(၁၂)ဦး စုစုပေါင်း (၉၃)ဦးတို့အား မဟာကွန် ပျူတာသိပ္ပံဘွဲ့၊ ကွန်ပျူတာသိပ္ပံဘွဲ့နှင့် ကွန်ပျူတာနည်းပညာဘွဲ့တို့ကို အသီးသီးချီးမြှင့်အပ်နှင်းပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဆက်လက်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်
တာဝန်ရှိသူများသည် မကွေးမြို့ အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်းသို့ သွားရောက်၍ ၂၀၂၅-၂၀၂၆
ပညာသင်နှစ် ကျောင်းစစ်အတန်းများ နှစ်ဆုံးစာမေးပွဲဖြေဆိုနေမှုအား ကြည့်ရှုအားပေးကာ၊
လိုအပ်သည်များ ပံ့ပိုးပေးခဲ့ကြောင်း သိရသည်။
မောင်ခိုင်မင်း (ပြန်/ဆက်)



No comments:
Post a Comment