ရန်ကုန် ဖေဖော်ဝါရီ ၁၄
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်သည် ယနေ့ မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ်ရှိ နိုင်ငံတကာအဆင့်မီ အနုပညာဗဟိုဌာန (ရန်ကုန်) (Myanmar Art Center-Yangon) တည်ဆောက်ရေးလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးသည်။
ဦးစွာ ရှင်းလင်းဆောင်၌
Myanmar Land & Development Ltd ဆောက်လုပ်ရေးကုမ္ပဏီ Project Director က နိုင်ငံတကာအဆင့်မီအနုပညာဗဟိုဌာန
(ရန်ကုန်) တည်ဆောက်ရေးစီမံကိန်းများ ဆောင်ရွက်နေမှုနှင့် ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းရပ်များနှင့်စပ်လျဉ်း၍
ရှင်းလင်းတင်ပြ သည်။
တင်ပြချက်များအပေါ်
ပြည်ထောင်စုဝန်ကြီးက နိုင်ငံတကာအဆင့်မီအနုပညာဗဟိုဌာန (ရန်ကုန်) အကောင်အထည်ဖော်ဆောင်ရွက်ရာတွင်
ခိုင်ခံ့မှုရှိရေးနှင့် အချိန်မီပြီးစီးရေး မှာကြားပြီး အဆောက် အအုံအတွင်း ကြည့်ရှုစစ်ဆေးခဲ့ကြောင်း
သိရသည်။
သတင်းစဉ်

No comments:
Post a Comment