နေပြည်တော် ဖေဖော်ဝါရီ ၂၆
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် စတင်ကျင်းပခဲ့သည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီးကို အပိုင်း ၃ ပိုင်းဖြင့် ဆောင်ရွက်ခဲ့ပြီး ဒီမိုကရေစီစံနှုန်းများနှင့်အညီ လွတ်လပ်ပြီးတရားမျှတသောရွေးကောက်ပွဲအဖြစ် အောင်မြင်စွာ ကျင်းပပေးနိုင်ခဲ့သည်။ ယခုကျင်းပပြီးစီးခဲ့သည့် ရွေးကောက်ပွဲသည် ယခင်ရွေးကောက်ပွဲများနှင့် မတူညီဘဲ အခက်အခဲအမျိုးမျိုးကြားမှ ဆောင်ရွက်ခဲ့ရသော်လည်း နိုင်ငံရေးပါတီများအနေဖြင့် စိတ်အားထက်သန်စွာဖြင့် ပါဝင်ယှဉ်ပြိုင်ခဲ့ကြသကဲ့သို့ မဲဆန္ဒရှင်ပြည်သူများအနေဖြင့်လည်း နိုင်ငံသားတစ်ယောက်အနေဖြင့် တာဝန်ကျေပွန်စွာ၊ စိတ်ပါဝင်စားစွာ လာရောက်မဲပေးခဲ့ကြသည်။
ရွေးကောက်ပွဲအပိုင်း
(၃) ပိုင်းလုံးတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် မဲဆန္ဒရှင်စုစုပေါင်း ၂၄.၂၂
သန်းရှိပြီး မဲပေးသူ ၁၃.၁၄ သန်းကျော်ရှိ၍ မဲပေးမှုရာခိုင်နှုန်း ၅၄.၂၂
ရာခိုင်နှုန်းကျော်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က
ထုတ်ပြန်ပြီးဖြစ်သည်။ မဲဆန္ဒရှင်စုစုပေါင်း ၂၄.၂၂ သန်း၏ အသက်အရွယ်အပိုင်းအခြားမှာ
၁၈ နှစ်မှ ၃၀ နှစ်ကြား ၂၄ ရာခိုင်နှုန်း၊ ၃၀ နှစ်မှ ၄၀ နှစ်ကြား ၂၁ ရာခိုင်နှုန်း၊
၄၀ နှစ်မှ ၅၀ နှစ်ကြား ၂၀ ရာခိုင်နှုန်း၊ ၅၀ နှစ်မှ ၆ဝ နှစ်ကြား ၁၇ ရာခိုင်နှုန်း၊
၆၀ နှစ်မှ ၇၀ ကြား ၁၁ ရာခိုင်နှုန်း၊ ၇၀ နှစ်အထက် ၇ ရာခိုင်နှုန်းရှိကြောင်း
သိရသည်။ ထို့ကြောင့် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ မဲဆန္ဒရှင်များစာရင်းတွင် လူငယ်များ
ပါဝင်မှုရာခိုင်နှုန်းမှာ မြင့်မားလျက်ရှိကြောင်း တွေ့ရှိရသည်။
ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ၏
၅၄.၂၂ ရာခိုင်နှုန်းက ဆန္ဒမဲလာရောက်ပေးကြရာတွင်လည်း လူငယ်များ ပါဝင်ဆန္ဒမဲပေးမှု
များပြားကြောင်း တွေ့ရှိရသည့်အတွက် လူငယ်များအနေဖြင့် နိုင်ငံ့အရေးကို ပိုစိတ်ဝင်စားမှုရှိလာကြောင်း
သိရှိရသည်။

No comments:
Post a Comment