ချောင်းဆုံ ဖေဖော်ဝါရီ ၁၇
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်၊ တောင်စွန်းကျေးရွာအုပ်စု၊ မုနိုင်းကျေးရွာရှိ ဆံတော်ရှင်ကျိုက်မုနိုင်းစေတီတော်မြတ်ကြီး ဘက်စုံပြုပြင်မွမ်းမံနိုင်ရေးအတွက် မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများမှ ယမန်နေ့နံနက်ပိုင်းက ဆံတော်ရှင်ကျိုက်မုနိုင်းစေတီတော်မြတ်ကြီး ဘက်စုံပြုပြင်မွမ်းမံနိုင်ရေး သွားရောက်ကြည့်ရှုဖူးမြှော်ခဲ့ကြသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က
ဆံတော်ရှင်ကျိုက်မုနိုင်းစေတီတော်မြတ်ကြီးအား ပန်း၊ ရေချမ်း၊ ဆီမီးကပ်လှူပူဇော်ကာ
စေတီတော်မြတ်ကြီးအား ဘက်စုံပြုပြင်မွမ်းမံနိုင်ရေးအတွက်
လှည့်လှည်ကြည့်ရှုစစ်ဆေးခဲ့သည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က
စေတီတော်မြတ်ကြီးနှင့်ပတ်သက်၍ ဘက်စုံမွမ်းမံပြင်ဆင်ဆောင်ရွက်နေမှုအခြေအနေများအား
ဆရာတော်ကြီးထံ သာသနာရေးဆိုင်ရာများလျှောက်ထားခဲ့ပြီး ဆရာတော်ကြီးများထံမှ
သြဝါဒကိုခံယူ၍ ကျိုက်မုနိုင်းစေတီတော်မြတ်ကြီး စိန်ဖူးတော်၊
ငှက်မြတ်နားတော်တင်လှူပူဇော်ခြင်းနှင့် ဘက်စုံပြုပြင်မွမ်းမံခြင်းတို့အတွက် လိုအပ်သည်များကို
ကုသိုလ်ယူဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။
ကိုကျော် (ချောင်းဆုံ)

No comments:
Post a Comment