နေပြည်တော် ဖေဖော်ဝါရီ ၁၇
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယမန်နေ့မွန်းလွဲပိုင်းတွင် ဇမ္ဗူသီရိမြို့နယ်၊ ဉာဏသိဒ္ဓိရပ်ကွက်အတွင်းရှိ နေပြည်တော်ကောင်စီ၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်းရန်ပုံငွေဖြင့် အမှုထမ်းအိမ်ရာ ၆ ခန်းတွဲ ၄ ထပ် တည်ဆောက်နေသည့်အခြေအနေများအား သွားရောက်ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် နေပြည်တော်ကောင်စီဥက္ကဋ္ဌက လုပ်ငန်းများသတ်မှတ်ချိန်အတွင်း အမြန်ပြီးစီးအောင်ဆောင်ရွက်ရေး၊ လူအင်အား၊ စက်ယန္တရားအင်အား တိုးမြှင့်ဆောင်ရွက်ရေး၊ လုပ်ငန်းခွင်အတွင်း အရည်အသွေးပြည့်မီသည့် ပစ္စည်းများကိုသာ အသုံးပြုသွားရန်၊ တာဝန်ရှိသူများက အနီးကပ်ကြီးကြပ်ဆောင်ရွက်ရေးနှင့် ငလျင်ဒဏ်အပြင် သဘာဝဘေးအန္တရာယ်ခံနိုင်ရည်ရှိအောင် သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ ဆောင်ရွက်ရေးတို့ကိုမှာကြားခဲ့သည်။
ယင်းနောက်
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် ငလျင်ဘေးကြောင့်
ထိခိုက်ပျက်စီးခဲ့သည့် ဇမ္ဗူသီရိမြို့နယ် ဇေယျသိဒ္ဓိရပ်ကွက်ရှိ ၂ ခန်းတွဲ ၃ ထပ်
ဝန်ထမ်းအိမ်ရာ တိုက်အမှတ် ၄၁-၄၃-၄၄ တိုက်များ ပြန်လည်ပြုပြင်နေမှုအခြေအနေများအား
သွားရောက်ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ်
လုပ်ငန်းအဆင့်ဆင့်ကို အမြန်ပြီးစီးစေရန်နှင့် ရေရှည်တည်တံ့မှုရှိစေရန်
ပြုပြင်ထိန်းသိမ်းရေး၊ အရည်အသွေးပြည့်မီသည့် ပစ္စည်းများကိုသာ လုပ်ငန်းခွင်တွင်
အသုံးပြုရေး၊ သဘာဝဘေးအန္တရာယ်များ ခံနိုင်ရည်ရှိအောင် သတ်မှတ်စံချိန်၊
စံညွှန်းနှင့်အညီ ဆောင်ရွက်ရေးတို့ကို မှာကြားခဲ့သည်။
ထို့နောက်
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် ဇေယျသိဒ္ဓိရပ်ကွက်
ပြည်ကြီးမဏ္ဍိုင်လမ်း ငလျင်ဘေးကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ကွန်ကရစ်လမ်းသားများ
ပျက်စီးမှုအား ကျောက်ကတ္တရာခင်းခြင်း၊ ၆ ပေအကျယ် ပလက်ဖောင်းပြုပြင်ခြင်းနှင့်
အုတ်စည်ရေမြောင်းပြုလုပ်ခြင်းလုပ်ငန်းများသို့ သွားရောက်ကြည့်ရှုစစ်ဆေးပြီး
တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် ကျွမ်းကျင်လုပ်သားများဖြင့်
လုပ်ငန်းများအရှိန်မပျက် အင်တိုက်အားတိုက် ဆောင်ရွက်သွားရန်၊
ရေရှည်ခိုင်ခံ့မှုရှိအောင် သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ ဆောင်ရွက်ရေး၊
လမ်းဘေးဝဲယာသန့်ရှင်းသာယာလှပရေးနှင့် ရေစီးရေလာကောင်းမွန်စေရေးတို့ကို
စနစ်တကျဆောင်ရွက်သွားရန် မှာကြားခဲ့သည်။
ယင်းနောက်
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် တာဝန်ရှိသူများနှင့်အတူ
ငလျင်ဘေးကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ဥတ္တရသီရိမြို့နယ် ကျွန်းချောင်း ၄လမ်း
ကျောက်ကတ္တရာဖြင့် ပြုပြင်ခြင်းလုပ်ငန်း၊ မန္တလေးလမ်းနှင့် သော်ကလမ်းထောင့်တွင်
လမ်းပိုင်းပြုပြင်နေမှုနှင့် Box
Culvert ပြုပြင်ခြင်းလုပ်ငန်း၊
ဇေယျဌာနီလမ်း ဆင်းမားမီးပွိုင့်အနီး နိုင်လွန်ကတ္တရာ
ထပ်ပိုးခင်းခြင်းလုပ်ငန်းများသို့ သွားရောက်ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏
တင်ပြချက်များအပေါ် ရေရှည်ခိုင်ခံ့မှုရှိအောင် သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ
ဆောင်ရွက်ရေး၊ လူအင်အား၊ စက်ယန္တရားအင်းအားတိုးမြှင့်ပြီး လုပ်ငန်းအပိုင်းလိုက်
အမြန်ပြီးစီးအောင် အင်တိုက်အားတိုက်ဆောင်ရွက်ရေး၊
လမ်းဘေးဝဲယာသန့်ရှင်းသာယာလှပရေးတို့ကို စနစ်တကျဆောင်ရွက်သွားရန် မှာကြားခဲ့ကြောင်း
သိရသည်။
ထွန်းလင်း (ဇေယျာမြေ)

No comments:
Post a Comment