နေပြည်တော် ဖေဖော်ဝါရီ ၁၆
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် ဧရာဝတီ တိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၊ တာဝန်ရှိသူများနှင့်အတူ ယနေ့ နံနက်ပိုင်းက ပုသိမ်မြို့ သမဝါယမစာရင်းရေးစာရင်းကိုင်သက်မွေးပညာသင်တန်းကျောင်း၌ ဝန်ကြီးဌာနအောက် ဦးစီးဌာန လေးခုမှ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် ဝန်ထမ်းများ၊ သင်တန်းကျောင်းအုပ်ကြီး၊ ဆရာ ဆရာမများ၊ သင်တန်းသား သင်တန်းသူများနှင့် တွေ့ဆုံသည်။
တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက
ဧရာဝတီတိုင်းဒေသကြီးအတွင်း သမဝါယမစိုက်ပျိုး မွေးမြူရေးနှင့် အထွေထွေစီးပွားရေးလုပ်ငန်းများ
အောင်မြင်ရေး သမဝါယမအသင်းသားများနှင့် ပူးပေါင်းဆောင်ရွက်ရန်အရေးကြီးကြောင်း၊ သင်တန်းနည်းပြဆရာဆရာမများအနေဖြင့်
အမျိုးသား ရေးစိတ်ဓာတ်၊ လူမှုရေးစိတ်ဓာတ် အခြေခံပြည့်ဝသော သမဝါယမစီးပွားရေးပညာတတ်များဖြစ်
အောင် မွေးထုတ်ပေးနိုင်ရေး သင်ကြားပို့ချရန်နှင့် သင်တန်းပြီးဆုံးပါက အလုပ်အကိုင်အခွင့်အလမ်း
များရရှိအောင် ချိတ်ဆက်ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ သင်တန်းသား သင်တန်းသူများကလည်း
သမဝါယမကောလိပ်၊ သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်တို့သို့ ပေါင်းကူးတက်ရောက်နိုင်ရေး
ကြိုးပမ်းလေ့လာသင်ယူကြရမည်ဖြစ်ကြောင်း ပြောကြားပြီး တင်ပြချက်များအပေါ် ပေါင်းစပ်ဖြည့်
ဆည်းဆောင်ရွက်ပေးသည်။
ထို့နောက် ပြည်ထောင်စု
ဝန်ကြီးသည် ပုသိမ်မြို့နယ် ပေါက်ကုန်းကျေးရွာ ပေါက်ကုန်းလယ်ယာ နှင့် အထွေထွေစီးပွားရေးသမဝါယမ
အသင်းမှ အသင်းသားတောင်သူများ၏ လယ်မြေများတွင် ဗော်လ် ကန် (Vulkan)၊ အစ်ပိုလစ်
(Ippo-lit) နှင့် မာ့ဟ်ဟွန်းကေအယ်လ်ပီ (Makhaon KLP) ရုရှားနေကြာ မျိုးများ စမ်းသပ်စိုက်ပျိုးထားမှုနှင့်
ပျားမွေးမြူရေးပုံးများ၊ ဆိုလာရေတင်စနစ် ဆောင်ရွက်ထားမှုတို့ ကို ကြည့်ရှုအားပေးသည်။
ယင်းနောက် အိမ်မဲမြို့နယ်
ကညွတ်ကွင်းကျေးရွာအုပ်စု ဝါးရုံစုကျေးရွာ၌ ကျေးရွာတွင်းလမ်း ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲသို့
တက်ရောက်ဖွင့်လှစ်ပေးပြီး ဝါးရုံစုစိုက်ပျိုးရေးနှင့် အထွေထွေစီးပွားရေး သမဝါယမအသင်းမှ
အသင်းသားတောင်သူတစ်ဦး၏ လယ်မြေ သုံးဧကတွင် ဗော်လ်ကန် (Vulkan) ရုရှားနေကြာမျိုး စမ်းသပ်စိုက်ပျိုးထားမှုကို
ကြည့်ရှုစစ်ဆေးကာ ကျေးရွာသူ ကျေးရွာသားများနှင့် တွေ့ဆုံသည်။
တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက
နိုင်ငံခြားငွေသုံးစွဲမှု လျှော့ချရေးနှင့် ပြည်တွင်းစားသုံး ဆီဖူလုံရေးအတွက် ဆီထွက်သီးနှံ
စိုက်ပျိုးသည့် သမဝါယမအသင်းသားတောင်သူများ လိုအပ်သည့် အထွက်တိုး မျိုးကောင်းမျိုးသန့်များနှင့်
သွင်းအားစုများကို သီးနှံပေါ်ပေးစနစ်ဖြင့် ပံ့ပိုးပေးလျက်ရှိ ကြောင်း၊ အသင်းသားတောင်သူများက
မျိုး၊ မြေ၊ ရေ၊ နည်းစသည့် စိုက်နည်းစနစ်များနှင့်အညီ ပန်း တိုင်အထွက်နှုန်းရရှိရေး
ကြိုးပမ်းစိုက်ပျိုးကြရမည်ဖြစ်ကြောင်း မှာကြားပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည်
မြောင်းမြခရိုင် ဝါးခယ်မမြို့နယ် သဲကုန်းကျေးရွာ ပဆငလမ်းမကြီးမှ သဲကုန်း၊ ကျုံ့ တုန်း၊
သပြုကုန်း၊ ကြာဖြူကျေးရွာများသို့ ဆက်သွယ်သော ကျေးရွာ ချင်းဆက် ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲသို့
တက်ရောက်ဖွင့်လှစ်ပေးပြီး လမ်းသစ်ကို ကြည့်ရှုစစ်ဆေး ခဲ့ကြောင်း သိရသည်။
သတင်းစဉ်

No comments:
Post a Comment