နေပြည်တော် ဖေဖော်ဝါရီ ၂၅
နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် အာဆီယံသဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုဆိုင်ရာ လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေး ညှိနှိုင်းမှုဗဟိုဌာန (AHA Centre) အမှုဆောင်ဒါရိုက်တာ မစ္စတာလီယန်မင်း ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ယနေ့ နံနက် ၁၁ နာရီ တွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် မစ္စတာလီယန်မင်းက
AHA Centre မှတစ်ဆင့် မြန်မာနိုင်ငံသို့ လူသားချင်းစာနာ ထောက်ထားမှုအကူအညီများ ပေးအပ်ရေးလုပ်ငန်းစဉ်များ
အကောင်အထည်ဖော်ဆောင်ရာတွင် မြန်မာနိုင်ငံအစိုးရ၏ ပံ့ပိုးမှုနှင့်ကူညီဆောင်ရွက်ပေးမှုများအတွက်
ကျေးဇူးတင်ရှိကြောင်းပြောကြားပြီး AHA Centre က ရှေ့ဆက်ဆောင်ရွက်မည့် လူသားချင်း စာနာထောက်ထားမှုအကူအညီပေးအပ်ရေးလုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍
ရှင်းလင်းပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက
မန္တလေးငလျင်ကာလအတွင်း အကူအညီပေးအပ်ခဲ့မှုအပါအဝင် AHA Centre ၏ ကြိုးပမ်းဆောင်ရွက်ချက်များအတွက်
ကျေးဇူးတင်ရှိကြောင်း ပြောကြားပြီး အမှန်တကယ်အကူအညီလိုအပ်နေသည့် မြန်မာပြည်သူများထံ
အကူအညီများ ထိရောက်လျင်မြန် စွာရောက်ရှိရေးအတွက် မြန်မာနိုင်ငံအစိုးရနှင့် နီးကပ်စွာ
ဆက်လက်ပူးပေါင်းဆောင်ရွက်သွားရန် တိုက်တွန်းပြောကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက
လူသား ချင်းစာနာမှုအကူအညီများ ပေးအပ်ရာတွင် မြန်မာ နိုင်ငံ၏ ဦးစားပေးလိုအပ်ချက်နှင့်
ကိုက်ညီမှုရှိစေရန်အတွက် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရန် အရေးကြီးမှု၊ မြန်မာအစိုးရအနေဖြင့်
လူသားချင်းစာနာမှုအကူအညီများကို အမှန်တကယ်လိုအပ်သူများထံသို့ ပို့ဆောင်ရာတွင် AHA
Centre ၏ ဆောင်ရွက်ချက်များကို ပံ့ပိုးဆောင်ရွက်ပေးခဲ့မှုများကို ပြောကြားကာ မြန်မာနိုင်ငံအတွင်း
AHA Centre ၏ လုပ်ငန်းစဉ်များကို မြန်မာနိုင်ငံအနေဖြင့် ဆက်လက်ပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း
အသိပေးပြောကြားသည်။
သတင်းစဉ်

No comments:
Post a Comment