နေပြည်တော် ဇန်နဝါရီ ၁၃
ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မောင်မောင်အေးအား ဘယ်လာရုစ်ကာကွယ်ရေးဝန်ကြီးဌာန နိုင်ငံတကာစစ်ဘက် ပူးပေါင်းဆောင်ရွက်ရေးဌာနကြီး၏ အကြီးအကဲနှင့် လက်ထောက်ကာကွယ်ရေးဝန်ကြီး Major General Valeriy Aleksandrovich Revenko က ယနေ့မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးရုံး ဧည့်ခန်းမ၌ ဂါရဝပြုလာရောက်တွေ့ဆုံသည်။
တွေ့ဆုံစဉ် နှစ်နိုင်ငံကာကွယ်ရေးဝန်ကြီးဌာနများအကြား ကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ ဆက်လက်တိုးမြှင့်ဆောင်ရွက်သွားနိုင်မည့်အခြေအနေများ၊ တပ်မတော်နှစ်ရပ်အကြား စစ်ဘက်နည်းပညာနှင့် လေ့ကျင့်ရေးဆိုင်ရာပူးပေါင်း ဆောင်ရွက်မှုကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။
တွေ့ဆုံပွဲသို့ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့်အတူ တာဝန်ရှိသူများ တက်ရောက်ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်

No comments:
Post a Comment