နေပြည်တော် ဇန်နဝါရီ ၁၀
မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးကြီးကြပ်မှုဗဟိုကော်မတီဥက္ကဋ္ဌ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးမြင့်ကြိုင်သည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့ မွန်းလွဲပိုင်းက ဧရာဝတီတိုင်းဒေသကြီး ဝါးခယ်မမြို့နယ် ကျုံမငေးမြို့ နဒီအောင်မြေရပ်ကွက်ရှိ မဲရုံအမှတ် (၁) သို့ သွားရောက်၍ ဇန်နဝါရီ ၁၁ ရက်တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၂) ကျင်းပနိုင်ရေး မဲရုံလုပ်ငန်းစဉ်များ ဆောင်ရွက်ထားရှိမှုအခြေအနေကို ကြည့်ရှုစစ်ဆေးသည်။
ရင်းရင်းနှီးနှီးနှုတ်ဆက်
ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည်
ဝါးခယ်မမြို့နယ် ကျွန်းပြဿဒ်ကျေးရွာသို့ သွားရောက်၍
ကျေးရွာအခြေခံပညာအထက်တန်းကျောင်းခွဲ၌ ဖွင့်လှစ်ထားရှိသည့် ကျွန်းပြဿဒ်ကျေးရွာအုပ်စုမဲရုံ၌
ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ပြည်သူများ၏ မဲစာရင်းများ ကြေညာထားရှိမှု၊ MEVM မဲပေးစက်များ
အခြေအနေနှင့် နေရာချမှု၊ ကြိုတင်မဲပေးမှုနှင့် ပြည်သူများ လာရောက်မဲပေးရာတွင် အဆင်ပြေစေရေးဆောင်ရွက်ထားရှိမှုအခြေအနေများကို
လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးကာ ရွေးကောက်ပွဲအောင်မြင်စွာ
ကျင်းပနိုင်ရေးအတွက် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရေးမှာကြားပြီး မဲရုံမှတာဝန်ရှိသူများကို
ရင်းရင်းနှီးနှီးနှုတ်ဆက်အားပေးသည်။
လှူဖွယ်ဝတ္ထုပစ္စည်းလှူဒါန်း
အဆိုပါနေ့ရက်များတွင် ပြည်ထောင်စုဝန်ကြီးသည်
ကျုံမငေးမြို့ စက်ရုံဓမ္မာရိပ်သာကျောင်းတိုက်၊ ရွှေသုဿန်ကျောင်း၊ ကျွန်းပြဿဒ်ကျေးရွာ
ရွာလယ်ကျောင်းတိုက်၊ မြတ်စွယ်တော်ဈေးကျောင်းပရိယတ္တိစာသင်တိုက်တို့မှ ကျောင်းထိုင်ဆရာတော်ကြီးများအား
လှူဖွယ်ဝတ္ထုပစ္စည်းများ သွားရောက်လှူဒါန်း၍ သာသနာရေးဆိုင်ရာများ လျှောက်ထားခဲ့ကြောင်း
သိရသည်။
သတင်းစဉ်

No comments:
Post a Comment