ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များသည် ယမန်နေ့ နံနက်ပိုင်းက လှိုင်သာယာ (အရှေ့ပိုင်း) မြို့နယ်၏ ဒေသဖွံ့ဖြိုးတိုးတက်မှုအခြေအနေများနှင့် မြို့နယ်များရှိ မဲရုံများ ဆောင်ရွက်နေမည့်နေရာများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။
ဦးစွာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် အဖွဲ့သည်
လှိုင်သာယာ (အရှေ့ပိုင်း) မြို့နယ်ရှိ ရန်ကုန် - ပုသိမ်လမ်း တပင်ရွေထီးလမ်းထိပ်ခြောက်လမ်းသွားမှ
ရှစ်လမ်းသွားကွန်ကရစ်လမ်းတိုးချဲ့ ခြင်းလုပ်ငန်းဆောင်ရွက်နေမှုအားလည်းကောင်း၊ ရန်ကုန်
- ပုသိမ်လမ်း ပီမိုးနင်းနှင့် ကျန်စစ်သားလမ်းကြား ခြောက်လမ်းသွားမှ ရှစ်လမ်းသွားကွန်ကရစ်လမ်းတိုးချဲ့ခြင်းလုပ်ငန်း
ဆောင်ရွက်နေမှုနှင့် နဝဒေးအိမ်ရာ ဝင်ထွက်ပေါက်ကွန်ကရစ်တံတားတည်ဆောက်နေမှုအား လည်းကောင်း၊
ရန်ကုန် - ပုသိမ်လမ်း နဝဒေးအိမ်ရာရှေ့ခြောက်လမ်းသွားမှ ရှစ်လမ်းသွား
ကွန်ကရစ်လမ်းတိုးချဲ့ခြင်း လုပ်ငန်းဆောင်ရွက်နေမှုအားလည်းကောင်း၊ ရန်ကုန် -
ပုသိမ်လမ်း ကျန်စစ်သားလမ်းဆုံခြောက်လမ်းသွားမှ ရှစ်လမ်းသွားကွန်ကရစ်လမ်းတိုးချဲ့ခြင်းလုပ်ငန်း
ဆောင်ရွက်နေမှုအားလည်းကောင်း ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်နေမှု
အခြေအနေများကို ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က သန့်ရှင်းသာယာသပ်ရပ်ရေး လုပ်ငန်းများဆောင်ရွက်ရန်နှင့်
လုပ်ငန်းများအား အချိန်တိုအတွင်း ပြီးစီးရေးနှင့် သတ်မှတ်ကာလအတွင်း စံချိန်စံညွှန်းကိုက်ညီစွာဖြင့်
ပြီးစီးအောင် ဆောင်ရွက်ရန်စသည်တို့ကို မှာကြားသည်။
ထို့နောက်
ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် အဖွဲ့သည် ၂၀၂၅ ခုနှစ်၊
ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အပိုင်း (၃) အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက်
လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ်၊ အမှတ် (၂၀) ရပ်ကွက်၊ အမှတ် (၈)
အခြေခံပညာအထက်တန်းကျောင်းတွင် မဲရုံဆောင်ရွက်မည့် နေရာအားလည်းကောင်း၊
လှိုင်သာယာ (အရှေ့ပိုင်း) မြို့နယ်၊ ရွှေလင်ဗန်းကျေးရွာအုပ်စု၊
အမှတ် (၁၄) အခြေခံပညာအထက်တန်းကျောင်းတွင်
မဲရုံဆောင်ရွက်မည့် နေရာအားလည်းကောင်း ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများက မဲရုံဖွင့်လှစ်နိုင်ရေး
လျာထားဆောင်ရွက်မှုအခြေအနေများကို ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က
မဲဆန္ဒရှင်ပြည်သူများ စိတ်အေးချမ်းသာစွာ လွယ်ကူလွတ်လပ်စွာ
ဆန္ဒမဲပေးနိုင်ရေးအတွက် သက်ဆိုင်ရာမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ
တာဝန်ရှိသူများက ပူးပေါင်းဆောင်ရွက်ကြရန်နှင့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို
အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဌာနဆိုင်ရာများက အဆင့်ဆင့်အလေးထားဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရန်
စသည်တို့ကို ပြောကြားခဲ့ကြောင်း သိရသည်။
ဇွဲထက်ကို (ပြန်/ဆက်)
.png)
.png)
No comments:
Post a Comment