တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ
ဗဟိုကော်မတီဌာနချုပ်
သဘောထားထုတ်ပြန်ကြေညာချက်
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အား ဂမ်ဘီယာနိုင်ငံက နယ်သာလန်နိုင်ငံသည် ဟိတ်ဂ်မြို့၊ အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) တွင် နိုင်ငံတော်၏အချုပ်အခြာအာဏာနှင့် တစ်မျိုးသားလုံး၏ အကျိုးစီးပွားကိုထိပါးစေပြီး နိုင်ငံတကာအမြင်တွင် အထင်အမြင်လွဲမှားစေသည့် လုပ်ကြံစွပ်စွဲမှုများအား ကန့်ကွက်ရှုတ်ချအပ်ပါသည်။
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်သမ္မတရုံး ဝန်ကြီးဌာန (၂)
ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်နှင့် ဥပဒေရေးရာဝန်ကြီး ပြည်ထောင်စုရှေ့နေချုပ်
ဒေါ်သီတာဦးတို့ ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ (Agent Of Myanmar)သည်
နယ်သာလန် နိုင်ငံသည် ဟိတ်ဂ်မြို့၊ အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) တွင်
သမိုင်းရေးဖြစ်စဉ်၊ နိုင်ငံရေးအမြင်များဖြင့် ဂမ်ဘီယာနိုင်ငံ၏ စွပ်စွဲချက်များအား ဥပဒေနှင့်အညီ
သက်သေအထောက်အထားခိုင်လုံစွာဖြင့် ရင်ဆိုင်ဖြေရှင်းလျက်ရှိနေပါသည်။
ဤသို့ မြန်မာကိုယ်စားလှယ်အဖွဲ့သည် အပြည်ပြည်ဆိုင်ရာတရားရုံး
(ICJ) တွင်
နိုင်ငံတော်နှင့် မြန်မာတစ်မျိုးသားလုံး၏ ဂုဏ်သိက္ခာကို တာဝန်ယူလျက်ဥပဒေ၊ သက်သေအထောက်အထားများနှင့်အညီ
ရင်ဆိုင်ကြိုးပမ်းစွမ်းဆောင်နေမှုများကို တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီက
ဂုဏ်ပြုထောက်ခံအပ်ပါသည်။
မြန်မာကိုယ်စားလှယ်အဖွဲ့ (Agent Of Myanmar) ၏ တရားဥပဒေအပေါ်
ယုံကြည်မှုအပြည့်အဝဖြင့် အပြည်ပြည်ဆိုင်ရာတရားရုံးတွင်
ဖြေရှင်းဆောင်ရွက်နေမှုများအား တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီက
ပြည်သူများနှင့်အတူ တစ်သားတည်းရပ်တည်လျက်ရှိပါကြောင်း
သဘောထားထုတ်ပြန်ကြေညာအပ်ပါသည်။
ဗဟိုအလုပ်အမှုဆောင်ကော်မတီ
တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ
No comments:
Post a Comment