ရန်ကုန် ဇန်နဝါရီ ၁၂
ရန်ကုန်တိုင်းဒေသကြီ ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တိုင်းဒေသကြီး ဝန်ကြီးများသည် ယမန်နေ့ နေ့လယ်ပိုင်းက ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၂) တွင် ပါဝင်သည့် တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များ၌ မဲရုံအသီးသီးတွင် မဲဆန္ဒရှင်ပြည်သူများက လွတ်လပ်စွာ စနစ်တကျ ဆန္ဒမဲပေးနေမှုများကို ကွင်းဆင်း ကြည့်ရှုအားပေးသည်။
ဦးစွာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် အဖွဲ့သည်
ပန်းဘဲတန်းမြို့နယ်၊ အမှတ် (၆) ရပ်ကွက်၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊
ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးရှိ မဲရုံအမှတ် (၁)၊ လသာမြို့နယ်၊
အမှတ် (၆) ရပ်ကွက်၊ လျောင်စန်တောင် ဘုရားကျောင်းရှိ မဲရုံအမှတ် (၁)၊ ပုဇွန်တောင်မြို့နယ်အတွင်း
အမှတ် (၁) ရပ်ကွက်၊ အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်းရှိ မဲရုံအမှတ် (၂)၊ အမှတ် (၅)
ရပ်ကွက်၊ အမှတ် (၃) အခြေခံပညာအလယ်တန်းကျောင်းရှိ မဲရုံအမှတ် (၁)၊ တောင်ဥက္ကလာပမြို့နယ်၊
အမှတ် (၃) ရပ်ကွက်၊ အမှတ် (၄) အခြေခံပညာအလယ်တန်းကျောင်းရှိ
မဲရုံအမှတ် (၂)၊ ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်အတွင်း အမှတ် (၃၂) ရပ်ကွက်၊
ဗဟိုဓမ္မာရုံရှိ မဲရုံအမှတ် (၃)၊ အမှတ်(၄၈)ရပ်ကွက်၊ အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်းရှိ
မဲရုံအမှတ်(၁)၊ မဲရုံအမှတ် (၂)၊ မဲရုံအမှတ်(၃)၊ လှည်းကူးမြို့နယ်၊ ကျွန်းကလေးကျေးရွာ၊
အခြေခံပညာအထက်တန်းကျောင်းရှိ မဲရုံအမှတ် (၁)၊ မဲရုံအမှတ် (၂)၊ မဲရုံအမှတ် (၄)၊
ရွှေပြည်သာမြို့နယ်၊ လှော်ကားကျေးရွာအုပ်စု၊ အမှတ် (၁) အခြေခံပညာ အလယ်တန်းကျောင်းရှိ
မဲရုံအမှတ် (၃)၊ မဲရုံအမှတ် (၄)၊ ထန်းတပင်မြို့နယ်၊ သံပုရာခုံကျေးရွာအုပ်စု၊ အခြေခံပညာအထက်တန်းကျောင်းခွဲရှိ
မဲရုံအမှတ် (၂) တို့တွင် မဲဆန္ဒရှင်ပြည်သူများက လွတ်လပ်စွာ စနစ်တကျဆန္ဒမဲပေးနေမှုများအား
ကြည့်ရှုအားပေးသည်။
အလားတူ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးများနှင့်
အစိုးရအဖွဲ့ဝင်များသည် တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များ၌ မဲရုံအသီးသီးတွင်
မဲဆန္ဒရှင်ပြည်သူများက လွတ်လပ်စွာ စနစ်တကျ ဆန္ဒမဲပေးနေမှုများကို ကွင်းဆင်းကြည့်ရှုအားပေးခဲ့ကြကြောင်း
သိရသည်။
ဇွဲထက်ကို (ပြန်/ဆက်)
No comments:
Post a Comment