ရန်ကုန် ဇန်နဝါရီ ၁၄
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်မှ သီရိလင်္ကာနိုင်ငံရှိ မုန်တိုင်းဘေးသင့်ပြည်သူများသို့ ဆန်တန်ချိန် (၅၀၀) (အိတ် ၁၀၀၀၀) ပေးပို့လှူဒါန်းခြင်း အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက အလုံမြို့နယ်၊ ရန်ကုန်ဆိပ်ကမ်း၊ Asia World Port Terminal ရှိ အစည်းအဝေးခန်းမတွင် ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာ သန်းစိုး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ မြန်မာနိုင်ငံဆိုင်ရာ သီရိလင်္ကာနိုင်ငံ သံအမတ်ကြီး H.E.Mrs .Prabashini Ponnamperuma ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ မဟာဗျူဟာလေ့လာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာနမှ ညွန်ကြားရေးမှူးချုပ် ဦးဇော်ဖြိုးဝင်း၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်ဥက္ကဋ္ဌ ဦးရဲမင်းအောင်နှင့် အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊
ဒုတိယဝန်ကြီး ဒေါက်တာ သန်းစိုးက အဖွင့်အမှာစကားပြောကြားသည်။
ထို့နောက် မြန်မာနိုင်ငံ
ဆန်စပါးအသင်းချုပ်ဥက္ကဋ္ဌ ဦးရဲမင်းအောင်က သင်္ဘောတင်ပို့မည်
အစီအစဉ်နှင့် ပြင်ဆင်ထားမှုအခြေအနေများအပေါ် ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ မြန်မာနိုင်ငံဆိုင်ရာ
သီရိလင်္ကာနိုင်ငံ သံအမတ်ကြီး H.E.Mrs
.Prabashini Ponnamperuma က ကျေးဇူးတင်စကားပြောကြားသည်။
ယင်းနောက်
ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းက ဆန်တန်ချိန် (၅၀၀)
(အိတ် ၁၀၀၀၀) ပေးပို့လှူဒါန်းမည့် စာရွတ်စာတမ်းများအား ပေးအပ်ရာ မြန်မာနိုင်ငံဆိုင်ရာ
သီရိလင်္ကာနိုင်ငံ သံအမတ်ကြီး H.E.Mrs
.Prabashini Ponnamperuma က လက်ခံရယူခဲ့သည်။
၎င်းနောက်
ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် အဖွဲ့က ဆန်တန်ချိန်
(၅၀၀) (အိတ် ၁၀၀၀၀) သယ်ယူပို့ဆောင်မည့် ကွန်တိန်နာများအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း
သိရသည်။
ဇွဲထက်ကို (ပြန်/ဆက်)
.png)
No comments:
Post a Comment