ရန်ကုန် ဒီဇင်ဘာ ၂၉
ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်းသည် တာဝန် ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ခုတင် (၅၀၀) အထူးကုဆေးရုံကြီး ရန်ကုန်မြို့သို့ သွားရောက်၍ အောင်မြင်စွာဆောင်ရွက်ခဲ့သည့် အသည်းအစားထိုး ခွဲစိတ်ကုသမှုဆောင်ရွက်ခဲ့သော အသည်းလူနာနှင့် အသည်းအလှူရှင် လေးဦးတို့ကို ကြည့်ရှုစစ်ဆေး၍ အစားအသောက် လက်ဆောင်ခြင်းများ ချီးမြှင့်ပေးအပ်သည်။
အထူးကုဆေးရုံကြီး
(ခုတင်-၅၀၀) ရန်ကုန်မြို့၌ ဒီဇင်ဘာ ၂၀ ရက်တွင် (၃၈)ကြိမ်မြောက် အသည်း အစားထိုးခွဲစိတ်ကုသမှုအဖြစ်
ပြည်မြို့တွင် နေထိုင်သည့် အသက် (၄၉) နှစ်ရှိ အသည်းလူနာအမျိုးသားနှင့် အသက် (၃၉) နှစ်ရှိ
အသည်းအလှူရှင် အမျိုးသမီးမောင်နှမ ဝမ်းကွဲတို့ကိုလည်းကောင်း၊ ဒီဇင်ဘာ ၂၁ ရက်တွင် (၃၉)
ကြိမ်မြောက် အသည်းအစားထိုး ခွဲစိတ်ကုသမှုအဖြစ် ရန်ကုန်တိုင်းဒေသကြီး တောင်ဥက္ကလာပမြို့နယ်တွင်
နေထိုင်သူ အသက် (၅၈) နှစ်ရှိ အသည်းလူနာအမျိုးသမီးနှင့် အသက် (၂၅) နှစ်ရှိ အသည်းအလှူရှင်အမျိုးသား
သားအမိ တို့ကိုလည်းကောင်း အောင်မြင်စွာ ခွဲစိတ်ကုသနိုင်ခဲ့ပြီး အသည်းအလှူရှင်များနှင့်
အသည်းလက်ခံသူ လူနာများမှာ ကျန်းမာရေး တိုးတက်ကောင်းမွန်လျက်ရှိသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်
အဖွဲ့သည် အထူးကုဆေးရုံကြီး (ခုတင်-၅၀၀) ခြောက်ထပ် ဆောင်၌ အသည်းအစားထိုးခွဲစိတ်ကုသမှုတွင်
ပါဝင်ခဲ့သော လုပ်ငန်းအဖွဲ့များမှ အဖွဲ့ဝင်များ၊ ဆေးရုံ ကြီးတွင် ပုံမှန်ဆောင်ရွက်လျက်ရှိသည့်
ကျောက်ကပ်အစားထိုးခွဲစိတ်ကုသမှုတွင်ပါဝင်သော တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ ပြည်တွင်း၌
အသည်းအစားထိုးနှင့် ကျောက်ကပ်အစားထိုးခွဲစိတ်ကုသမှုများကို ဆောင်ရွက်ပေးခြင်းအားဖြင့်
ပြည်သူများအနေဖြင့် ပြည်ပသို့သွားရောက်ကုသရမည့် ကုန်ကျစရိတ်များ သက်သာစေခြင်း၊ ပြည်သူ့ဆေးရုံများတွင်
ဝန်ဆောင်မှု ပိုမိုတိုးတက်ကောင်းမွန်စေခြင်းနှင့် ပြည်သူတစ်ဦးချင်းစီမှ စိုက်ထုတ်သုံးစွဲရငွေ
လျော့ကျစေမည်ဖြစ်ကြောင်းနှင့် အသည်းအစားထိုးနှင့် ကျောက်ကပ်အစားထိုးခွဲစိတ်ကုသမှုများ
ပုံမှန်ဆက်လက် ဆောင်ရွက်နိုင်ရန် စီစဉ်နိုင်ရေး မှာကြားသည်။
ထို့နောက် အသည်းအစားထိုးကုသမှု
အောင်မြင်စွာဆောင်ရွက်နိုင်ရေးအတွက် ပါဝင်ခဲ့ကြသည့် အသည်းအထူးကုဆရာဝန်ကြီးများ၊ သူနာပြုများ၊
အထောက်အကူပြုအဖွဲ့များအား ဂုဏ်ပြုချီးမြှင့်ငွေ များ ပေးအပ်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်

No comments:
Post a Comment