Tuesday, December 30, 2025

သင်္ဃန်းကျွန်းခရိုင် ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့၏ တတိယအကြိမ် ခရစ္စမတ်ပွဲတော်ကျင်းပ

တာမွေ ဒီဇင်ဘာ ၃၀

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့၊ သင်္ဃန်းကျွန်းခရိုင်မှ ကြီးမှူးကျင်းပသော တတိယအကြိမ် ခရစ္စမတ်ပွဲတော်အခမ်းအနားကို ဒီဇင်ဘာလ (၂၇) ရက်နေ့ ညနေပိုင်းအချိန်က ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ် ဇ/တောင်ရပ်ကွက် ဝေဇယန္တာအတွင်းလမ်း ဧဝံဂေလိဓမ္မကောလိပ်ကျောင်းဝင်းအတွင်း၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ရာ ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့ (ဗဟို) မှ နာယက ဦးညွန့်လှ၊ ဒုတိယဥက္ကဋ္ဌ ဒေါက်တာတူးတူး (ခရစ်ယာန်ဘာသာ)၊ ဒုတိယဥက္ကဋ္ဌ ‌ဦးအောင်ဇော်ဝင်း (အစ္စလာမ်ဘာသာ)၊ ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့ (ရန်ကုန်တိုင်းဒေသကြီး) မှ ဂုဏ်ထူးဆောင်နာယက ဒေါက်တာအေးမင်း၊ တိုင်းဥက္ကဋ္ဌ ဦးဝင်းမြင့်နှင့် အဖွဲ့ဝင်များ၊ သင်္ဃန်းကျွန်းခရိုင်နှင့် မြို့နယ်များမှ ဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ၊ အထူးဖိတ်ကြားထားသော ဧည့်သည်တော်များနှင့် ခရစ်ယာန်ဓမ္မမိတ်ဆွေမိသားစုများ တက်ရောက်ပါဝင်ဆင်နွှဲခဲ့ကြသည်။






ရှေးဦးစွာ ငြိမ်သက်ခြင်းအသင်းတော်မှ ခရစ္စမတ်ဓမ္မသီချင်းသီဆို၍ အခမ်းအနားအား ဖွင့်လှစ်ခဲ့ပြီး သိက္ခာတော်ရ ဆရာဦးတိုက်ချွန်းစိန်မှ အဖွင့်ဆုတောင်းခဲ့သည်။ ဆက်လက်ပြီး ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့ ဗဟိုဒုတိယဥက္ကဋ္ဌ ‌ဒေါက်တာတူးတူး (ခရစ်ယာန်ဘာသာ)၊ ဒုတိယဥက္ကဋ္ဌ ‌ဦးအောင်ဇော်ဝင်း (အစ္စလာမ်ဘာသာ)၊ တိုင်းဥက္ကဋ္ဌ ဦးဝင်းမြင့်တို့မှ ခရစ္စမတ်နှုတ်ခွန်းဆက်စကားပြောကြားခဲ့ပြီး ကျေးဇူးတော် ဧဝံဂေလိအသင်းတော်၊ Shalom အသင်းတော်၊ နော်ဧပရယ်ထွန်းနှင့် ဒေါ်လင်ဒါဂရေ့စ်တို့က ခရစ္စမတ်ဓမ္မသီချင်းများ သီဆိုခဲ့ကြသည်။ ထို့နောက် သိက္ခာတော်ရ ဆရာဒေါက်တာအေးမင်းမှ ခရစ္စမတ်သတင်း စကားပြောကြားခဲ့ပြီး ဆရာကြီး ဦးညွန့်လှမှ ခရစ္စမတ်ဓမ္မသီချင်းသီဆို၍ အထူးဆုတောင်းစကားပြောကြားခဲ့သည်။ ဆက်လက်၍ သိက္ခာတော်ရ ဆရာဒေါက်တာ သိန်းသန်းထွန်းမှ ခရစ္စမတ်အထူးဆုတောင်းခဲ့ပြီး သင်္ဃန်းကျွန်းခရိုင် ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့မှ ဥက္ကဋ္ဌနှင့် အလုပ်အမှုဆောင်များက တက်ရောက်လာကြသော ဂုဏ်သရေရှိ လူကြီးမင်းများအား အမှတ်တရခရစ္စမတ်လက်ဆောင်ပေးအပ်ခဲ့သည်။ ယင်းနောက် သင်္ဃန်းကျွန်းမြို့နယ် ဧမာနွေလအသင်းတော်မှ ခရစ္စမတ်ဓမ္မသီချင်းသီဆိုခဲ့ပြီး သင်္ဃန်းကျွန်းခရိုင် ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စည်သူက ကျေးဇူးတင်စကားပြောကြားခဲ့သည်။

ဆက်လက်ပြီး သိက္ခာတော်ရဆရာစပ်ဖမှ ကောင်းချီးဆုတောင်းပေးခဲ့ပြီး ကရင်နှစ်ခြင်းအသင်းတော်ဥက္ကဋ္ဌ ဆရာဦးလှအောင်မှ အစားအသောက်အတွက် ကျေးဇူးတော်ချီးမွမ်းဆုတောင်းပေးခဲ့၍ ဗဟိုဒုတိယဥက္ကဋ္ဌ ဦးအောင်ဇော်ဝင်းမှ သင်္ဃန်းကျွန်းခရိုင် ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့သို့ ရန်ပုံငွေကျပ်သိန်း (၅၀) ပေးအပ်လှူဒါန်းခဲ့ပြီး အခမ်းအနားသို့ တက်ရောက်လာသော ဧည့်သည်တော်များအား ခရစ္စမတ်ဂုဏ်ပြုညစာဖြင့် တည်ခင်းဧည့်ခံခဲ့ကြောင်း သတင်းရရှိပါသည်။

နိုင်လင်းအောင် (ပြန်/ဆက်)

No comments:

Post a Comment