Wednesday, December 10, 2025

အစိုးရ-ပုဂ္ဂလိက ကုန်သွယ်မှုမြှင့်တင်ရေးကောင်စီ အစည်းအဝေး ကျင်းပ

 


နေပြည်တော် ဒီဇင်ဘာ ၉

အစိုးရ-ပုဂ္ဂလိက ကုန်သွယ်မှုမြှင့်တင်ရေးကောင်စီ၏ (၃/၂၀၂၅) ကြိမ်မြောက် အစည်းအဝေးကို ယနေ့မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ (၂) ၌ ကျင်းပသည်။

အစည်းအဝေးတွင် အစိုးရ-ပုဂ္ဂလိကကုန်သွယ်မှု မြှင့်တင်ရေးကောင်စီဥက္ကဋ္ဌ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးချစ်ဆွေက အစိုးရ-ပုဂ္ဂလိကကုန်သွယ်မှုမြှင့်တင်ရေးကောင်စီ၏ လုပ်ငန်းတာဝန်တွင် ကုန်သွယ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အမျိုးသားလူမှုစီးပွားဖွံ့ဖြိုးမှုကို ရှေးရှုသော ရေတိုရေရှည်မဟာဗျူဟာနှင့်နည်းဗျူဟာများ ရေးဆွဲအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး ထိန်းကျောင်းလမ်းညွှန်မှုပြုရန် ဖော်ပြထားရှိရာ ကောင်စီအဖွဲ့ဝင်များအနေဖြင့် သက်ဆိုင်ရာကဏ္ဍအလိုက် ဆောင်ရွက်နိုင်မည့်လုပ်ငန်းစီမံချက်များကို ပြင်ဆင်ရေးဆွဲထားသည့် အမျိုးသားပို့ကုန်မဟာဗျူဟာ ၂၀၂၆-၂၀၃၀ နှင့် လိုက်လျောညီထွေဖြစ်အောင် ရေးဆွဲကြရန် လိုအပ်ကြောင်း။

ပြည်ပနိုင်ငံများသို့ စျေးကွက်ဝင်သော ပို့ကုန်များ ပိုမိုတင်ပို့နိုင်ခြင်းသည် ထုတ်ကုန်ထုတ်လုပ်သော နိုင်ငံသားတို့၏ စွမ်းဆောင်ရည်မြင့်တက်လာခြင်းကြောင့်ဖြစ်၍ ထုတ်ကုန်များ ပိုမိုထုတ်လုပ်နိုင်ရေး၊ ကုန်ထုတ်လုပ်သည့် စက်ယန္တရားများကောင်းမွန်ရေးနှင့် ထုတ်လုပ်သူများ စွမ်းဆောင်ရည်မြင့်မားရေးအတွက် နိုင်ငံတော်က ချေးငွေများပေးအပ်ခြင်း၊ စက်ယန္တရားများ တင်သွင်းခွင့်ပြုခြင်း၊ အသက်မွေးဝမ်းကျောင်းဆိုင်ရာ ပညာရေးအစီအစဉ်များ ဖွံ့ဖြိုးတိုးတက်အောင် စီမံခြင်းတို့ကို ကွင်းဆက်လုပ်ငန်းစဉ်တစ်ခုအနေဖြင့် စီမံပေးလျက်ရှိကြောင်း၊ ကောင်စီအဖွဲ့ဝင်များအနေဖြင့် လုပ်ငန်းရှင်များ၏ လိုအပ်ချက်များအပေါ် ကဏ္ဍအလိုက် ချိတ်ဆက်မိအောင် ပံ့ပိုးပေးကြရန် လိုအပ်ပါကြောင်း ပြောကြားသည်။

ရှင်းလင်းတင်ပြ

ထို့နောက် အစိုးရ-ပုဂ္ဂလိက ကုန်သွယ်မှုမြှင့်တင်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဟန်ဝင်းအောင်က အမှာစကားပြောကြားပြီး အတွင်းရေးမှူးက ယခင်အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ထားရှိမှုအခြေအနေကို ရှင်းလင်းတင်ပြသည်။

ယင်းနောက် အစိုးရ-ပုဂ္ဂလိက ကုန်သွယ်မှု

မြှင့်တင်ရေးကောင်စီအဖွဲ့ဝင်များ၏ သက်ဆိုင်ရာကဏ္ဍအလိုက် ဆောင်ရွက်ထားရှိမှုနှင့် စပ်လျဉ်းသည့် တင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment