လွိုင်ကော် နိုဝင်ဘာ
၁၁
ကယားပြည်နယ်တွင် အားကစားကဏ္ဍဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ အားကစားအထောက်အကူပြုပစ္စည်းများ ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းက အားကစားနှင့်ကာယပညာသိပ္ပံ (လွိုင်ကော်) စုပေါင်းခန်းမ၌ ကျင်းပသည်။
ထောက်ပံ့ပေးအပ်ပွဲသို့
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်လင်း၊ ဒုတိယအမြဲတမ်းအတွင်းဝန်
ဦးကျော်ဆန်းဦး၊ အားကစားနှင့်ကာယပညာသိပ္ပံ (လွိုင်ကော်) ကျောင်းအုပ်ကြီးနှင့် ဆရာ
ဆရာမများ၊ ကျောင်းသား ကျောင်းသူများ၊ ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန
ညွှန်ကြားရေးမှူးနှင့် ဝန်ထမ်းများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်သည်။
ဦးစွာ
Reva Co., Ltd. မန်နေဂျင်းဒါရိုက်တာ ဦးကျော်ဇင်ထက်က အားကစားနှင့်ကာယပညာသိပ္ပံ (လွိုင်ကော်)
ကျောင်းသား ကျောင်းသူများအတွက် အားကစားအထောက်အကူပြုပစ္စည်းများကို ထောက်ပံ့ပေးအပ်ရာ
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်လင်းနှင့် ပြည်နယ်လူမှုရေးရာဝန်ကြီး
ဦးအောင်မျိုးသိန်းတို့က လက်ခံယူပြီး အားကစားနှင့်ကာယပညာသိပ္ပံ (လွိုင်ကော်) ကျောင်းအုပ်ကြီး
ဦးသီဟအောင်က ကျေးဇူးတင်စကားပြောကြားသည်။
ထို့နောက်
ဒုတိယဝန်ကြီးက အားကစားနှင့်ကာယပညာသိပ္ပံ (လွိုင်ကော်) နှင့် ပြည်နယ်အားကစားနှင့်
ကာယပညာဦးစီးဌာနတို့ရှိ အရာထမ်း/ အမှုထမ်းများအား တွေ့ဆုံ၍ နိုင်ငံ့ဝန်ထမ်းဖြစ်သည့်အတွက်
နိုင်ငံ့ဝန်ထမ်းပီသစွာဖြင့် မိမိဝန်ကြီးဌာနအပေါ် သစ္စာရှိစွာဖြင့် လုပ်ကိုင်ဆောင်ရွက်ကြရန်၊
ဝန်ထမ်းစည်းမျဉ်း၊ စည်းကမ်းလုပ်ထုံးလုပ်နည်းများကို နားလည်ပြီး ရုံးလုပ်ငန်းများကို
ဆောင်ရွက်တတ်ကြစေရန်၊ ဝန်ထမ်းများ စည်းစည်းလုံးလုံး ချစ်ချစ်ခင်ခင်ဖြင့်
ရုံးလုပ်ငန်းတာဝန်များကို ကျေပွန်စွာ ဆောင်ရွက်ကြရန်၊ ဝန်ထမ်းများအနေဖြင့် လုံခြုံရေးအသိ/သတိဖြင့်
သွားလာနေထိုင်ကြရန်မှာကြားပြီး ဌာနအသီးသီးရှိ ဝန်ထမ်းများက လိုအပ်ချက်များကို
တင်ပြကြရာ ဒုတိယဝန်ကြီးက လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ယင်းနောက်
အားကစားနှင့်ကာယပညာသိပ္ပံ (လွိုင်ကော်) ကျောင်းဝင်းအတွင်းရှိ သင်တန်းသား
သင်တန်းသူအိပ်ဆောင်များ၊ အားကစားကွင်း/ရုံများ၊ တည်ဆောက်ရေးလုပ်ငန်းများကို
လိုက်လံကြည့်ရှုစစ်ဆေးပြီး ဒုတိယဝန်ကြီးနှင့် ဒုတိယအမြဲတမ်းအတွင်းဝန်တို့က
လိုအပ်သည်များကို ဖြည့်စွက်မှာကြားသည်။
ယင်းနောက်
အားကစားနှင့် ကာယပညာသိပ္ပံ (လွိုင်ကော်) စားရိပ်သာ၌ တာဝန်ရှိသူများ၊ ဆရာ ဆရာမများ၊
နည်းပြဆရာ ဆရာမများ၊ သင်တန်းသား သင်တန်းသူများနှင့်အတူ အထူးနေ့လယ်စာသုံးဆောင်ပြီး
အားကစားနှင့်ကာယပညာသိပ္ပံ (လွိုင်ကော်) စုပေါင်းခန်းမ၌ သင်တန်းသား
သင်တန်းသူများနှင့် တွေ့ဆုံ၍ အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။
ပြည်နယ်
(ပြန်/ဆက်)
.jpg)
No comments:
Post a Comment