နေပြည်တော် နိုဝင်ဘာ ၂၅
ရန်ကုန်ပညာရေးတက္ကသိုလ်သည် မြန်မာ့ပညာရေးကဏ္ဍတွင် ဦးဆောင်ဦးရွက်ပြုနိုင်မည့် ပညာရှင်များကို နှစ်စဉ်မွေးထုတ်ပေးနေသော ဦးဆောင်ပညာရေးတက္ကသိုလ်တစ်ခုဖြစ်ပြီး ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်သော ကျောင်းသား ကျောင်းသူ ၆၀၀ ကျော် ရန်ကုန်ပညာရေးတက္ကသိုလ်တွင် ဝင်ခွင့်ရကြောင်း သိရသည်။
သင်ကြားပေးလျက်ရှိ
ရန်ကုန်ပညာရေးတက္ကသိုလ်သည်
အခြေခံပညာ၏ Grade-10 ၊ Grade-11 နှင့် Grade-12 သင်ရိုးများနှင့်
ပညာရေးသဘောတရားနှင့် ပညာရေး စီမံခန့်ခွဲမှု၊ ပညာရေးစိတ်ပညာ၊ သင်ပြနည်းနှင့်
သင်ရိုးညွှန်းတမ်း၊ ကာယနှင့်ကျောင်းကျန်းမာရေး စသောပညာရေးဘာသာရပ်များ ပေါင်းစပ်ပြီး
ကျောင်းသား ကျောင်းသူများ လက်တွေ့ဘဝတွင် အမှန်တကယ်ပြန်လည်အသုံးချနိုင်ရန်
သင်ကြားပေးလျက်ရှိကြောင်း၊ ထူးချွန်သော ဆရာ ဆရာမကောင်းများဖြစ်လာစေရန် ကမ္ဘာသုံး၊ အတန်းတွင်းသုံးအကဲဖြတ်စစ်ဆေးနည်းစနစ်များစွာဖြင့်
ကျောင်းသား ကျောင်းသူများ၏ အရည်အသွေးကို နှစ်စဉ်စစ်ဆေးခြင်း၊ လက်တွေ့နှင့်တန်းပြ
ဆင်းစေခြင်းတို့ကိုလည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ သင်ကြားရေးနည်းစနစ်များတွင်
ကျောင်းသားဗဟိုပြုနည်းလမ်း (Student-centered Approach)၊ ကျောင်းသား
အချင်းချင်းအဖွဲ့လိုက်ဆွေးနွေးခြင်း(Group Discussion)၊
အချင်းချင်းအကဲဖြတ်စစ်ဆေးခြင်း (Peer Assessment)နှင့်
စာကြည့်တိုက်အခြေပြု ပရောဂျက် (Library-Based Project) တို့ဖြင့်
သင်ကြား၊ သင်ယူမှုပြုလုပ်လျက်ရှိရာ ယခု ၂၀၂၅-၂၀၂၆ ပညာသင်နှစ်တွင် နိုဝင်ဘာ ၁၇
ရက်မှစ၍ ပိတ်ရက်မရှိ ကျောင်းအပ်လက်ခံလျက်ရှိပြီး သင်တန်းအသီးသီးကို နိုဝင်ဘာ၂၄
ရက်မှစ၍ စတင်ဖွင့်လှစ်သင်ကြားခြင်း၊ စာကြည့်တိုက်မိတ်ဆက်ခြင်း (Library
Orientation) ကိုလည်း ပထမနှစ်ကျောင်းသား ကျောင်းသူများအတွက် ပြုလုပ်ပေးပြီးဖြစ်ကြောင်း
သိရသည်။
သတင်းစဉ်

No comments:
Post a Comment