နေပြည်တော် နိုဝင်ဘာ ၂၅
ရန်ကုန်တိုင်းဒေသကြီး ကိုကိုးကျွန်းမြို့နယ်နှင့် ဧရာဝတီတိုင်းဒေသကြီး ဟိုင်းကြီးကျွန်းမြို့နယ်အတွင်းရှိ ကျေးရွာများနှင့် ပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးရန်အတွက် တပ်မတော်ပင်လယ်သွား ဆေးရုံရေယာဉ် (သံလွင်) ဖြင့် ရောက်ရှိနေ သည့် တပ်မတော်မှ ပါရဂူများ၊ ဆေးမှူးများနှင့် သူနာပြုများ ပါဝင်သော တပ်မတော်နယ်လှည့်အထူးဆေးအဖွဲ့သည် ယနေ့တွင် ငပုတောမြို့နယ် ကျုံကူးကျေးရွာ စိတ္တသုခဘုန်းတော်ကြီးကျောင်း၌ အခြေပြု၍ ကျုံကူးကျေးရွာနှင့် ပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူ ၅၃၃ ဦးအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက်ဆောင်ရွက်ပေးသည်။
ထိုသို့
ဆောင်ရွက်ပေးရာတွင် ဆေးကုသမှုဆိုင်ရာ ရောဂါ ၁၄၀၊ ခွဲစိတ် ရောဂါ ၃၅ ဦး၊
သားဖွားမီးယပ်ရောဂါ ၂၈ ဦး၊ ကလေးရောဂါ ၄၁ ဦး၊ အရိုးရောဂါ ၉၃ ဦး၊ နား၊ နှာခေါင်း၊
လည်ချောင်းရောဂါ ၃၁ ဦး၊ မျက်စိရောဂါ ၅၅ ဦးနှင့် သွားနှင့် ခံတွင်းရောဂါ ၁၁၀
တို့ကို လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးသည်။ ၎င်းတို့အနက် အထွေထွေခွဲစိတ်လူနာငါးဦး၊
မျက်စိခွဲစိတ်လူနာ ၃၂ ဦး၊ ဓာတ်မှန်ရိုက်လူနာ ၁၁ ဦး၊ Ultrasound ဖြင့်
စမ်းသပ်စစ်ဆေးလူနာ ၉၁ ဦး၊ ECG စက်ဖြင့် နှလုံးစမ်းသပ်လူနာ ၇၅
ဦးနှင့် ဓာတ်ခွဲ စမ်းသပ်လူနာ ၆၁ ဦးတို့ကို ရောဂါရှာဖွေစမ်းသပ်ကုသပေးခြင်းများ
ဆောင်ရွက်ပေးသည်။
ထို့ပြင်
တပ်မတော်နယ်လှည့်အထူးကုဆေးအဖွဲ့မှ ပါရဂူများ၊ ဆေးမှူးများသည် ကျုံကူးကျေးရွာ အခြေခံပညာအထက်တန်းကျောင်း၌
“ဘဝတစ်သက်တာကျန်းမာရေး” ခေါင်းစဉ်ဖြင့် ကျောင်းကျန်းမာရေးပညာပေးဟောပြောရာ
ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကျုံကူးကျေးရွာ အခြေခံပညာအထက်တန်းကျောင်း၊ ကျောင်းအုပ်ကြီးနှင့်
ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ တက်ရောက်ကြသည်။
ယင်းအပြင်
ဆေးဝါးလာရောက်ကုသမှုခံယူကြသည့် ဒေသခံပြည်သူများကို တာဝန်ရှိသူများက လိုက်လံကြည့်ရှု
အားပေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
ထိုသို့
ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးနေမှုများအပေါ်
ဒေသခံပြည်သူများ၏ စကားသံများကိုလည်း ယခုလိုပဲကြားသိခဲ့ရပါ သည်-
၁။ နှာခေါင်းတွေ
နံလာပြီဆိုလို့ရှိရင် နေပူထဲထွက်လို့မရဘူး။ နေပူထဲထွက်တာနဲ့ အဲဒီလိုအနံ့တွေ ထွက်လာရော
နှာရည်တွေလည်း ယိုတာပေါ့။ နှာခေါင်းထဲထည့်တဲ့ ဆေးပေးတယ်။ သောက်ဆေးပေးတယ်။ ကောင်းသွားတယ်။
ငါးရက်စာပေးရင် သုံးရက်လောက်နဲ့ပဲ ကောင်းသွားတယ်။ သံလွင်သင်္ဘောလာတယ်ဆိုတော့ အားကိုးတာပေါ့။
ကောင်းမှန်းသိလို့ လာတာပါ။
၂။ လည်ပင်းတစ်စို့စို့ဖြစ်တာ
သုံးလေးရက်လောက်တစ်ခါဖြစ်တယ်။ နောက်ပြန်ပျောက်သွားလိုက် ဖြစ်လိုက်ပဲ။ ဆရာဝန်က ဆေးပေးလိုက်တယ်၊
တစ်နေ့တစ်ခါသောက်ဖြစ်တဲ့အချိန်မှာ သောက်ပါတယ်။ အဲဒါဆိုကောင်းသွားမယ်။ အားလုံးအဆင်ပြေပါတယ်။
မိသားစုပုံစံမျိုးလည်း ဆက်ဆံတယ်။ လူအများအတွက်ကိုလာပြီး အကျိုးဆောင်ပေးတဲ့အတွက် အထူးဝမ်းသာပါတယ်။
လှိုက်လှိုက်လှဲလှဲလည်း ဖိတ်ခေါ်ပါတယ်။
သတင်းစဉ်



No comments:
Post a Comment