မကွေး
နိုဝင်လာ ၂၈
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် တိုင်းဒေသကြီးအတွင်း လျှပ်စစ်ဓာတ်အားများ ပိုမိုထုတ်လုပ်ရရှိရေး၊ အိမ်ထောင်စုအလိုက် လျှပ်စစ်ဓာတ်အားသုံးစွဲနိုင်မှုတိုးတက်မြင့်မားရေး၊ မီးမရရှိသေးသည့် ကျေးရွာများ လျှပ်စစ်ဓာတ်အား ရရှိရေးတို့အတွက် နှစ်အလိုက်ရန်ပုံငွေများ လျာထားခွင့်ပြုဆောင်ရွက်ပေးလျက်ရှိရာ မကွေးမြို့နယ်အတွင်းရှိ ကြာကန်၊ ပုဂံမျှော်၊ ရွာသစ်ကြီးကျေးရွာ (၃) ရွာ၌ လျှပ်စစ်မီးလင်းရေး ဖွင့်ပွဲအခမ်းအနားကို နိုဝင်ဘာလ ၂၇ ရက် ယမန်နေ့ နံနက်ပိုင်းက အဆိုပါကျေးရွာ ၁၁/ဝ.၄ ကေဗွီ ၂၀၀ ကေဗွီအေထရန်စဖော်မာရှေ့၌ ကျင်းပရာ၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့် အဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်း/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ကျေးရွာအသီးသီးမှ ဒေသခံရပ်မိရပ်ဖများ၊ ကျေးရွာပြည်သူများ တက်ရောက်ခဲ့ကြသည်။
အဆိုပါ ကြာကန်၊ ပုဂံမျှော်၊ ရွာသစ်ကြီးကျေးရွာ
(၃) ရွာ၌ လျှပ်စစ်မီးလင်းရေးဖွင့်ပွဲအား တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူတို့က
ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့ပြီး၊ ၁၁/ဝ.၄ ကေဗွီ ၂၀၀ ကေဗွီအေထရန်စဖော်မာအား တိုင်းဒေသကြီးဝန်ကြီးချုပ်
ဦးတင့်လွင်က စက်ခလုပ်နှိပ်၍ စတင်မီးလင်းပေးကာ၊ ကျေးရွာရှိနေအိမ်များ လျှပ်စစ်ဓာတ်အား
စတင်အသုံးပြုနေမှုအား တိုင်းဒသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများ လိုက်လံကြည့်ရှုအားပေးသည်။
ဆက်လက်၍ လျှပ်စစ်မီးလင်းရေး ဖွင့်ပွဲအခမ်းအနားကျင်းပရာ
တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က နိုင်ငံတော်အနေနဲ့ ဓာတ်အားစနစ်အတွင်း ဓာတ်အားပိုမိုရရှိနိုင်ရေး
နည်းလမ်းပေါင်းစုံနဲ့ ဆောင်ရွက်ရာမှာ တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့်လည်း လိုအပ်တဲ့
အကူအညီများကို ပံ့ပိုးပေးလျက်ရှိကြောင်း၊ ဒါ့အပြင် မကွေးမကွေးစက်မှုဇုံကို အကောင်အထည်ဖော်
ဆောင်ရွက်လျက်ရှိပြီး လျှပ်စစ်ဓာတ်အားသုံးစွဲနိုင်ရေးအတွက် (၃၃/၁၁) ကေဗွီ၊(၂၀)အမ်ဗွီအေ
ဓာတ်အားခွဲရုံတစ်ရုံတည်ဆောက် ဓာတ်အားဖြန့်ဖြူးပေးရန် စီစဉ်ထားကာ ဓာတ်အားစနစ်မှ ဓာတ်အားထုတ်လုပ်မှု
လျော့နည်းချိန်တွေမှာ (၂၄)နာရီဓာတ်အားဖြန့်ဖြူးပေးနိုင်ရေးအတွက် ဒေသနှင့်ကိုက်ညီသော
Solar အရင်းအမြစ်ကို အခြေခံပြုကာ Energy Mix Backup အနေဖြင့် ကျောက်မီးသွေးဖြင့် ဓာတ်အားထုတ်လုပ်နိုင်ရေးတို့ကိုပါ
စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ လျှပ်စစ်ဖြန့်ဖြူးရေးအပိုင်းအနေနဲ့လည်း မကွေးမြို့နယ်အတွင်း
၂၀၂၃ ခုနှစ်က ကံပြားကျေးရွာမှာ(၃၃/၁၁)ကေဗွီ၊(၁၀)အမ်ဗွီအေ ဓာတ်အားခွဲရုံကို ဖွင့်လှစ်ပေးနိုင်ခဲ့ကာ
အနီးပတ်ဝန်းကျင်ရှိ ကျေးရွာ (၂၇)ရွာ၊ အိမ်ထောင်စု(၈၉၂၄)စုဟာ လျှပ်စစ်မီးတွေ အသုံးပြုနိုင်နေပြီဖြစ်ကြောင်း၊
ယခုဆိုရင်လည်း ကံပြားဓာတ်အားခွဲရုံအထွက်(၁၁) ကေဗွီဓာတ်အားလိုင်း ညောင်ကန်မှတဆင့် ကျေးရွာများကိုဖြတ်သန်းပြီး
ကြာကန်၊ ပုဂံမျှော်၊ ရွာသစ်ကြီးကျေးရွာအထိ (၁၁)ကေဗွီဓာတ်အားလိုင်း(၃.၃)မိုင်၊ (၂၀၀)ကေဗွီအေ
ထရန်စဖော်မာ(၅)လုံး၊ (၁၀၀)ကေဗွီအေထရန်စဖော်မာ(၁)လုံး တို့ဖြင့်အဆိုပါကျေးရွာများသို့
တိုးချဲ့ဓာတ်အားလိုင်းများ အသစ်တည်ဆောက်ပေးခဲ့တာဖြစ်ကြောင်း၊ ယခုလိုဆောင်ရွက်ခဲ့ခြင်းဖြင့်
ကြာကန်၊ ပုဂံမျှော်၊ ရွာသစ်ကြီး ကျေးရွာ(၃)ရွာ ရဲ့အိမ်ခြေ(၁၂၃၀)အိမ်နဲ့ အိမ်ထောင်စု
(၁၃၀၀)စုခန့်ဟာ လျှပ်စစ်မီးများ သုံးစွဲနိုင်တော့မှာဖြစ်ပြီး၊ လျှပ်စစ်မီးရရှိခြင်းဖြင့်
လူမှုရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးစသည်ဖြင့် ဘဝနေထိုင်ရေးကဏ္ဍတို့မှာ ယခင်ထက်အစစအရာ
ရာပိုမိုဖွံ့ဖြိုးတိုးတက်လာမှာလည်းဖြစ်ပါကြောင်း၊ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့အနေနဲ့
တိုင်းဒေသကြီးအတွင်း လျှပ်စစ်ဓာတ်အားများ ပြည့်ဝစွာသုံးစွဲနိုင်ရေးလိုအပ်တဲ့ ဓာတ်အားလိုင်းတွေ၊
ဓာတ်အားခွဲရုံတွေကို တိုးချဲ့တည်ဆောက်နိုင်ဖို့ နှစ်စဉ်ရန်ပုံငွေ ခွင့်ပြုပေးလျက်ရှိရာမှာ
၂၀၂၁ ခုနှစ်မှ ယခုအချိန်ထိ (၄)နှစ် ကျော်ကာလအတွင်း ကျေးရွာပေါင်း(၇၈၅)ရွာ၊ အိမ်ထောင်စုအနေနဲ့
(၉၈၄၈၀)စုခန့် လျှပ်စစ်မီးရရှိရေး ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း၊ ယခုဆိုရင် မကွေးတိုင်းဒေသကြီးမှာ
စုစုပေါင်းအိမ်ထောင်စုရဲ့ (၅၆၆,၂၂၀) ကျော်၊ ရာခိုင်နှုန်းအားဖြင့်(၆၂)ရာခိုင်နှုန်း
လျှပ်စစ်မီးရရှိသုံးစွဲနိုင်ပြီဖြစ်ပါကြောင်းနှင့် နိုင်ငံတော်အနေနဲ့ ပြည်သူများ လျှပ်စစ်ဓာတ်အားပြည့်ဝစွာ
သုံးစွဲနိုင်ရေးအတွက် နည်းလမ်းပေါင်းစုံနဲ့ ကြိုးပမ်းဆောင်ရွက်လျက်ရှိသလို ပြည်သူများအနေနဲ့
လျှပ်စစ်ဓာတ်အားကို အကျိုးရှိစွာသုံးစွဲခြင်း၊ လိုအပ်သလောက်ကိုသာ ချွေတာသုံးစွဲခြင်း၊
မိမိတို့ကျသင့်သည့် ဓာတ်အားခများကို သတ်မှတ်ရက်များအတိုင်း အချိန်မီပေးသွင်းကြခြင်းဖြင့်
နိုင်ငံတော်အတွင်း ဓာတ်အားများ ပိုမိုထုတ်လုပ်နိုင်ရေး၊ လျှပ်စစ်မီးမရရှိသေးတဲ့ ဒေသများမှ
ပြည်သူများ လျှပ်စစ်ဓာတ်အားများ သုံးစွဲနိုင်ရေးတို့ကို နားလည်သဘောပေါက်ပြီး ဝိုင်းဝန်းကူညီဆောင်ရွက်ပေးဖို့
လိုအပ်ပါကြောင်း ပြောကြားသည်။
ဆက်လက်ပြီး တိုင်းဒေသကြီးသယံဇာတရေးရာဝန်ကြီး
ဦးစိုင်းမြင့်အေးက ကျေးရွာလျှပ်စစ်မီးလင်းရေးဆိုင်ရာများနှင့် ပတ်သက်၍ ရှင်းလင်းပြာကြားခဲ့ပြီး၊
ဒေသခံရပ်မိရပ်ဖတစ်ဦးက ကျေးဇူတင်စကားပြန်လည်ပြောကြားကာ၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်
အကြီးအကဲများအား ဖွင့်ပွဲအထိမ်းအမှတ် အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း
သိရသည်။
မောင်ခိုင်မင်း
(ပြန်/ဆက်)





No comments:
Post a Comment