နေပြည်တော် နိုဝင်ဘာ ၂၅
၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကျင်းပမှုကို ပျက်ပြားစေရန် ရည်ရွယ်၍ လူမှုကွန်ရက်စာမျက်နှာများ၊ အများပြည်သူဆိုင်ရာ နေရာများ၌ ဟောပြောခြင်း၊ ပြောဆိုခြင်း၊ စည်းရုံးလှုံ့ဆော်ခြင်း၊ ဆန္ဒပြခြင်း၊ စာရေးသားခြင်း၊ ရုပ်ပုံပိုစတာများ ချိတ်ဆွဲခြင်း စသည်တို့ဖြင့် နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းများ၊ ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းစဉ်များအား ထိခိုက်ပျက်စီးအောင် နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်း ပြုလုပ်သူများအား လုံခြုံရေးတပ်ဖွဲ့ဝင်များက ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားခြင်းမှ ကာကွယ်ပေးရေးဥပဒေနှင့်အညီ ထိရောက်စွာအရေးယူ ဆောင်ရွက်လျက်ရှိပါသည်။
ထိုသို့
ဆောင်ရွက်လျက်ရှိရာ နိုဝင်ဘာလ ၁၆ ရက်နေ့ မွန်းလွဲ ၁၂ နာရီခွဲအချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊
ရွှေဘိုမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် ရွှေဘိုမြို့၊ အမှတ် (၁၀) ရပ်ကွက်၊
ရန်ကြီးအောင်လမ်းပေါ်၌ စစ်ဆေးခြင်းများ ဆောင်ရွက်နေစဉ် အဆိုပါရပ်ကွက်နေ ဆန်းလင်း (ခ)
ဒေါက်ဆန်း (၆၀) နှစ်အား ရပ်တန့်စစ်ဆေးခဲ့ရာ ၎င်းကိုင်ဆောင်သည့်
လက်ကိုင်ဖုန်းအတွင်းမှ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအား
နှောင့်ယှက်ဟန့်တားသည့် လှုံ့ဆော်စာများနှင့် ဓာတ်ပုံများအား Tiktok လူမှုကွန်ရက်စာမျက်နှာ၌
ရေးသားထားသည်ကို စစ်ဆေးတွေ့ရှိရသဖြင့် ဆန်းလင်း (ခ) ဒေါက်ဆန်းအား နိုဝင်ဘာလ ၁၇
ရက်နေ့တွင် ရွှေဘိုမြို့မရဲစခန်း (ပ) ၃၃၅/၂ဝ၂၅၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများကို
နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေပုဒ်မ ၂၃ (က) ဖြင့်လည်းကောင်း၊ အလားတူ
နိုဝင်ဘာလ ၂၀ ရက်နေ့ ညနေ ၄ နာရီခွဲအချိန်တွင် ကရင်ပြည်နယ်၊ ဘားအံမြို့၊ အမှတ် (၆) ရပ်ကွက်၊
သီရိလမ်း၊ ကမော့ကစင်ရွာသစ်ဘုန်းကြီးကျောင်းမုဒ်ဦးအနီး စိုက်ထူထားသည့်
ပြည်ခိုင်ဖြိုးပါတီ၏ မဲဆွယ်စည်းရုံးရေးဆိုင်းဘုတ်အား
ဆုတ်ဖြဲဖျက်ဆီးခြင်းခံထားရကြောင်း သတင်းအရ ဘားအံမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များက
စုံစမ်းဖော်ထုတ်ဖမ်းဆီးခဲ့ရာ ပြည်ခိုင်ဖြိုးပါတီ၏ မဲဆွယ်စည်းရုံးရေးဆိုင်းဘုတ်အား
ဖျက်ဆီးခဲ့သည့် အမှတ် (၉) ရပ်ကွက်နေ ထက်နေလင်း (၂၇) နှစ်အား
ဖော်ထုတ်ဖမ်းဆီးရမိခဲ့သဖြင့် ထက်နေလင်းအား ဘားအံမြို့မရဲစခန်း (ပ) ၁၃၃/၂၀၂၅၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများကို
နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေပုဒ်မ ၂၄ (က) ဖြင့်လည်းကောင်း၊ အလားတူ
နိုဝင်ဘာလ ၂၀ ရက်နေ့ မွန်းလွဲ ၂ နာရီ ၅၀ မိနစ်အချိန်တွင် ရန်ကုန်တိုင်းဒေသကြီး၊
မင်္ဂလာဒုံမြို့နယ်၊ (၃/ခ) ရပ်ကွက်နေ ဒေါ်ချိုချိုဝင်း (၅၄) နှစ်သည်
၎င်းအသုံးပြုသည့် Cho Cho Win" Facebook account ဖြင့်
လူမှုကွန်ရက်စာမျက်နှာပေါ်၌ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအား
အများပြည်သူအထင်အမြင်လွဲမှားစေရန် ရေးသားဖြန့်ဝေခဲ့သဖြင့် ချိုချိုဝင်းအား
မင်္ဂလာဒုံမြို့မရဲစခန်း (ပ) ၃၂၁/၂၀၂၅၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများကို
နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေပုဒ်မ ၂၃ (က) ဖြင့်လည်းကောင်း၊ အလားတူ
နိုဝင်ဘာလ ၂၁ ရက်နေ့ ည ၁၀ နာရီ ၃၅ မိနစ်အချိန်တွင် ရွှေပြည်သာမြို့နယ်၊ အမှတ် (၂၅)
ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးမြင့်သောင်းနှင့် အဖွဲ့သည် အထွေထွေရွေးကောက်ပွဲ
မဲပေးနိုင်ရေးမဲစာရင်းများအား ကြေညာထားရှိကြောင်း ရပ်ကွက်အတွင်း
လှည့်လည်အသိပေးနှိုးဆော်နေစဉ် အဆိုပါရပ်ကွက်နေ နေမျိုးအောင် (၄၉) နှစ်မှ
နှောင့်ယှက်ဟန့်တားကာ ဆဲဆိုခဲ့သဖြင့် နေမျိုးအောင်အား နိုဝင်ဘာလ ၂၂ ရက်နေ့တွင်
လှော်ကားနယ်မြေရဲစခန်း (ပ) ၂၇၅/၂၀၂၅၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများကို
နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေပုဒ်မ ၂၃ (က) ဖြင့်လည်းကောင်း၊ အလားတူ
နိုဝင်ဘာလ ၂၂ ရက်နေ့ မွန်းလွဲ ၁၂ နာရီခွဲအချိန်တွင် ပဲခူးတိုင်းဒေသကြီး၊
ပဲခူးမြို့၊ ဥဿာမြို့သစ် (၈) ရပ်ကွက်၊ ကျိုက်ပွန်စေတီတော်မုခ်ဦးအနီး
ပဲခူး-ရန်ကုန်ကားလမ်းမကြီးဘေး၌ စိုက်ထူထားသည့် ပြည်ခိုင်ဖြိုးပါတီ
မဲဆွယ်စည်းရုံးရေးဆိုင်းဘုတ်အား အမျိုးသား ၂ ဦးမှ တွန်းလှဲဖျက်ဆီးခဲ့ကြောင်း
သတင်းအရ ပဲခူးမြို့၊ အမှတ် (၃) နယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များက
ဖမ်းဆီးရမိနိုင်ရေးဆောင်ရွက်ခဲ့ရာ မဲဆွယ်စည်းရုံးရေးဆိုင်းဘုတ်အား
ဖျက်ဆီးသွားသူများဖြစ်ကြသည့် ဥဿာမြို့သစ် (၇) ရပ်ကွက်နေသူများဖြစ်သော ဦးပြား (၄၆) နှစ်နှင့်
ဦးကျော်ငွေဇင် (၃၈) နှစ်တို့ ၂ ဦးအား ဖော်ထုတ်ဖမ်းဆီးရမိခဲ့သဖြင့် ၎င်းတို့ ၂
ဦးအား ပဲခူးမြို့၊ အမှတ် (၃) နယ်မြေရဲစခန်း (ပ) ၁၉၆/၂၀၂၅၊
ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ
ကာကွယ်ပေးရေးဥပဒေပုဒ်မ ၂၃ (က) ဖြင့်လည်းကောင်း အမှုဖွင့်ဖမ်းဆီးပြီး
ထိရောက်ပြစ်ဒဏ်ရရှိရေး ဆောင်ရွက်လျက်ရှိသည်။
ထို့အတူ
နိုဝင်ဘာလ ၇ ရက်နေ့ နံနက် ၇ နာရီခန့်တွင် တနင်္သာရီတိုင်းဒေသကြီး၊
သရက်ချောင်းမြို့နယ်၊ ထားဝယ်-မြိတ်ကားလမ်းပေါ်၌ ကျော်ကျော် (ခ) ညီညီ (၃၁) နှစ်
ဦးဆောင်သည့် PDF အမည်ခံအကြမ်းဖက်သမားများက “ရွေးကောက်ပွဲကို ဆန့်ကျင်ကြ” ဆိုသည့်
စာသားများရေးသားခဲ့သဖြင့် ကျော်ကျော် (ခ) ညီညီဦးဆောင်သည့် အကြမ်းဖက်သမားများအား
နိုဝင်ဘာလ ၁၈ ရက်နေ့ တွင် သရက်ချောင်းမြို့မရဲစခန်း (ပ) ၁၄/၂၀၂၅၊
ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ
ကာကွယ်ပေးရေးဥပဒေပုဒ်မ ၂၃ (က)/ ၂၃(ခ)ဖြင့်လည်းကောင်း၊ အလားတူ နိုဝင်ဘာလ ၇
ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်၊ ဈေးသစ်ရပ်ကွက်နေ ဦးဇော်ဝေ (၅၀) နှစ်သည်
၎င်းအသုံးပြုသည့် Zaw Wai Facebook Account ဖြင့်
ပြည်ခိုင်ဖြိုးပါတီမှ လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ ဓာတ်ပုံများအား အသုံးပြုကာ
ပြည်ခိုင်ဖြိုးပါတီအား အများပြည်သူအထင်အမြင်လွဲမှားစေရန်
လူမှုကွန်ရက်စာမျက်နှာပေါ်၌ မဟုတ်မမှန် ရေးသားလွှင့်တင်ခဲ့သဖြင့် ဇော်ဝေအား
နိုဝင်ဘာလ ၁၇ ရက်နေ့တွင် တွံတေးမြို့မရဲစခန်း (ပ) ၂၀၈/၂၀၂၅၊ ပါတီစုံဒီမိုကရေစီ
အထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ
ကာကွယ်ပေးရေးဥပဒေပုဒ်မ ၂၃ (က) ဖြင့်လည်းကောင်း၊ အလားတူ နိုဝင်ဘာလ ၁၁ ရက်နေ့တွင်
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်အတွင်းရှိ မဲတောကျေးရွာ၊
အုတ်ဖိုမော်ကျေးရွာ၊ စန္ဒားငယ်ကျေးရွာ၊ ချောင်းကြီးဝကျေးရွာတို့မှ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့်
ကျေးရွာရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များထံသို့ သိန်းဇော်မင်း (၅၀) နှစ်ဦးဆောင်သည့်
PDF အမည်ခံအကြမ်းဖက်အဖွဲ့ အင်အား (၅၀) ဦးခန့်သည်
ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲနှင့် ပတ်သက်၍ လိုက်ပါဆောင်ရွက်ခြင်းမပြုရန်
ခြိမ်းခြောက်ရေးသားထားသည့် ခြိမ်းခြောက်စာများ ပေးပို့ခဲ့သဖြင့် သိန်းဇော်မင်းပါ PDF
အမည်ခံအကြမ်းဖက်သမား (၅၀) ဦးအား နိုဝင်ဘာလ ၁၉ ရက်နေ့တွင်
ကံမော်နယ်မြေရဲစခန်း (ပ) ၁၁/၂၀၂၅၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများကို
နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေပုဒ်မ ၂၄ (က) /၂၄ (ခ) ဖြင့်လည်းကောင်း၊
အလားတူ နိုဝင်ဘာလ ၁၁ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်၊
အောင်မေတ္တာလမ်းနှင့် လှိုင်ဘူတာရုံလမ်းထောင့်၌ စိုက်ထူထားသည့်
ပြည်သူ့ရှေ့ဆောင်ပါတီ “PPP" ပါတီ၏
မဲဆွယ်စည်းရုံးရေးဆိုင်းဘုတ်အား ဆုတ်ဖြဲဖျက်ဆီးခံထားရသဖြင့် ဖျက်ဆီးသွားသူ (စိစစ်ဆဲ)
အား နိုဝင်ဘာလ ၁၇ ရက်နေ့တွင် လှိုင်မြို့မရဲစခန်း (ပ) ၂၃၁/၂၀၂၅၊
ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ
ကာကွယ်ပေးရေးဥပဒေပုဒ်မ ၂၄ (က) ဖြင့်လည်းကောင်း၊ အလားတူ နိုဝင်ဘာလ ၁၆ ရက်နေ့ နံနက်
၁၀ နာရီအချိန်တွင် မြဝတီမြို့၊ အမှတ် (၃) ရပ်ကွက်နေ ပြည်ခိုင်ဖြိုးပါတီကော်မတီဝင်
ဒေါ်ခက်ခက်ကို (၅၃) နှစ်သည် မြဝတီမြို့အတွင်း စိုက်ထူထားသည့် ပါတီအောင်နိုင်ရေးမဲဆွယ်စည်းရုံးရေးဆိုင်းဘုတ်များအား
လိုက်လံကြည့်ရှုခဲ့ရာ အမှတ် (၄) ရပ်ကွက် ဓိဌာန်အောင်ဘုရားပတ်လမ်းနှင့်
တောင်တန်းလမ်းထောင့်၌ စိုက်ထူထားသည့် မဲဆွယ်စည်းရုံးရေးဗီနိုင်းဆိုင်းဘုတ်မှာ
ဖျက်ဆီးခံထားရသည်ကို တွေ့ရှိရသဖြင့် ဖျက်ဆီးသွားသူ (စိစစ်ဆဲ) အား နိုဝင်ဘာလ ၂၁
ရက်နေ့တွင် မြဝတီမြို့မရဲစခန်း (ပ) ၂၆၇/၂၀၂၅၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများကို
နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေပုဒ်မ ၂၄ (က) ဖြင့်လည်းကောင်း၊ အလားတူ
နိုဝင်ဘာလ ၁၇ ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်၊
အိုးဘိုရွှေကျင်ရပ်ကွက်၊ ၇၆ လမ်း၊ ၁ လမ်းနှင့် ၂ လမ်းကြား၌ စိုက်ထူထားသည့်
ပြည်ခိုင်ဖြိုးပါတီ၏ မဲဆွယ်စည်းရုံးရေးဗီနိုင်းဆိုင်းဘုတ်အား
ဆုတ်ဖြဲဖျက်ဆီးထားသည်ကို တွေ့ရှိရသဖြင့် ဆုတ်ဖြဲဖျက်ဆီးသူ (စုံစမ်းဆဲ) အား
အောင်မြေသာစံမြို့နယ်၊ အမှတ် (၂) နယ်မြေရဲစခန်း (ပ) ၉၅/၂၀၂၅၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများကို
နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေပုဒ်မ ၂၄ (က) ဖြင့်လည်းကောင်း၊ အလားတူ
နိုဝင်ဘာလ ၁၇ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ်၊
ဝေဘာဂီရပ်ကွက်၊ ဝေဟင်လမ်းနှင့် မြို့ပတ်လမ်းထောင့်၌ စိုက်ထူထားသည့်
ပြည်ခိုင်ဖြိုးပါတီ၏ မဲဆွယ်စည်းရုံးရေးဆိုင်းဘုတ်အား မီးရှို့ဖျက်ဆီးခံခဲ့ရသဖြင့်
မီးရှို့ဖျက်ဆီးသူ (စိစစ်ဆဲ) အား ဝေဘာဂီနယ်မြေရဲစခန်း (ပ) ၉၅/၂၀၂၅၊
ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ
ကာကွယ်ပေးရေးဥပဒေပုဒ်မ ၂၄ (က) ဖြင့်လည်းကောင်း၊ အလားတူ နိုဝင်ဘာလ ၁၉ ရက်နေ့တွင်
တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်၊ ဘုတ်ခြံကျေးရွာ၌ စိုက်ထူထားသည့်
ပြည်ခိုင်ဖြိုးပါတီ၏ မဲဆွယ်စည်းရုံးရေးဗီနိုင်းဆိုင်းဘုတ်အား ဖျက်ဆီးခံထားရသဖြင့်
ဖျက်ဆီးသွားသူ (စိစစ်ဆဲ) အား နိုဝင်ဘာလ ၂၁ ရက်နေ့တွင် ပုလောမြို့မရဲစခန်း (ပ) ၄၄/၂၀၂၅၊
ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ
ကာကွယ်ပေးရေးဥပဒေပုဒ်မ ၂၄ (က) ဖြင့်လည်းကောင်း၊ အလားတူ နိုဝင်ဘာလ ၁၈ ရက်နေ့တွင်
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်၊ ပြုံးချောင်းကျေးရွာဘုရားဝန်းအတွင်းရှိ
သစ်ပင်များ၌ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းစဉ်များကို
ပျက်ပြားစေရန် လှုံ့ဆော်ရေးသားထားသည့် လှုံ့ဆော်စာများ ကပ်ထားသည်ကို
တွေ့ရှိရသဖြင့် လှုံ့ဆော်စာများကပ်ခဲ့သူ (စိစစ်ဆဲ) အား တောင်ငူမြို့နယ်၊ အမှတ် (၃)
နယ်မြေရဲစခန်း (ပ) ၅၆/၂၀၂၅၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများကို
နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေပုဒ်မ ၂၃ (က) /၂၃ (ခ) ဖြင့်လည်းကောင်း၊
အလားတူ နိုဝင်ဘာလ ၂၁ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်၊
သုဝဏ္ဏ (က) ရပ်ကွက်နေ ဇေယျာမင်းထက်သည် ၎င်းအသုံးပြုသည့် Zay Yar Min Htet
Facebook Account ဖြင့် လူမှုကွန်ရက်စာမျက်နှာပေါ်၌
ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းစဉ်များကို ပျက်ပြားစေရန်
လှုံ့ဆော်ရေးသားထားသည့် စာများအား ထပ်ဆင့်လွှင့်တင်ထားသည်ကို တွေ့ရှိရသဖြင့်
ဇေယျာမင်းထက်အား သုဝဏ္ဏနယ်မြေရဲစခန်း (ပ) ၂၂၇/၂ဝ၂၅၊ ပါတီစုံဒီမိုကရေစီ
အထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ
ကာကွယ်ပေးရေးဥပဒေပုဒ်မ ၂၃ (က) ဖြင့်လည်းကောင်း၊ အလားတူ နိုဝင်ဘာလ ၂၃ ရက်နေ့တွင်
“လူထုသတင်းစာတိုက်" Facebook Account မှ
ပြင်ဦးလွင်မြို့နယ်၌ ပြည်ခိုင်ဖြိုးပါတီလွှတ်တော်ကိုယ်စားလှယ်လောင်းများ
မဲဆွယ်စည်းရုံးဟောပြောနေသည့် မှတ်တမ်းဓာတ်ပုံများအသုံးပြု၍ ပြည်ခိုင်ဖြိုးပါတီကို
အများပြည်သူအထင်အမြင်လွဲမှားစေရန် မဟုတ်မမှန်ရေးသားထားသည့်စာသားများအား
လူမှုကွန်ရက်စာမျက်နှာပေါ်၌ ရေးသားဖြန့်ဝေခဲ့သဖြင့် “လူထုသတင်းစာတိုက်" Facebook
Account ပိုင်ရှင် (စိစစ်ဆဲ) အား ပြင်ဦးလွင်မြို့မရဲစခန်း (ပ) ၂၄၄/၂၀၂၅၊
ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ
ကာကွယ်ပေးရေးဥပဒေပုဒ်မ ၂၃ (က) ဖြင့်လည်းကောင်း အမှုရေးဖွင့်ကာ ပြစ်မှုကျူးလွန်သူများအား
ဖော်ထုတ်ဖမ်းဆီးရမိနိုင်ရေးဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
No comments:
Post a Comment