Thursday, November 27, 2025

ပြည်တွင်းရှိ မဲစာရင်းပါရှိသည့် သက်ဆိုင်ရာမြို့နယ်ပြင်ပရောက် ယာယီနေရပ်စွန့်ခွာနေရသူများ ကြိုတင်ဆန္ဒမဲပေးနိုင်ရေး အသိပေးနှိုးဆော်ခြင်း

 

၂၀၂၅ ခုနှစ် နိုဝင်ဘာလ ၂၆ ရက်

၁။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့၌ စတင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ပြည်တွင်းရှိ မဲစာရင်းပါရှိသည့် သက်ဆိုင်ရာ မြို့နယ်ပြင်ပရောက် ယာယီနေရပ်စွန့်ခွာနေရသူများ ကြိုတင်ဆန္ဒမဲပေးနိုင်ရေး ပုံစံ(၁၅)ဖြင့် တောင်းဆို၍ မိမိတို့ရောက်ရှိရာဒေသရှိ မြို့နယ်ကော်မရှင်အဖွဲ့ခွဲ၌ ၂၅-၁၁-၂၀၂၅ ရက်နေ့မှ ၂၉-၁၁-၂၀၂၅ ရက်နေ့အတွင်း ကြိုတင်ဆန္ဒမဲပေးနိုင်ကြောင်း ၁၅-၉-၂၀၂၅ ရက်နေ့တွင် အသိပေးကြေညာခဲ့ပြီး ဖြစ်ပါသည်။

၂။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ မဲပေးခွင့်မဆုံးရှုံးစေရေး အလေးထားဆောင်ရွက်လျက်ရှိရာ မဲစာရင်းပါရှိသည့် သက်ဆိုင်ရာမြို့နယ်ပြင်ပတွင် ရောက်ရှိနေသော ယာယီနေရပ်စွန့်ခွာနေရသူများအနက် ပုံစံ(၁၅)ဖြင့် တောင်းဆိုထားသည့် ယာယီနေရပ်စွန့်ခွာ နေရသူများသည် ၂၅-၁၁-၂၀၂၅ ရက်နေ့မှ ၂၉-၁၁-၂၀၂၅ ရက်နေ့အတွင်း မိမိရောက်ရှိရာဒေသရှိ မြို့နယ်ကော်မရှင်အဖွဲ့ခွဲက စီစဉ်ဆောင်ရွက်ပေးသည့် သင့်လျော်သောနေ့ရက်နှင့်နေရာတွင် ကြိုတင်ဆန္ဒမဲပေးနိုင်ကြောင်း ထပ်မံအသိပေးနှိုးဆော်အပ်ပါသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

No comments:

Post a Comment