ချမ်းအေးသာစံ နိုဝင်ဘာ ၂၅
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှကြီးမှူး၍ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဗဟိုသင်တန်းကျောင်းမှ နည်းပြဆရာဆရာမများ၊ ကျွမ်းကျင်ပညာရှင်များပူးပေါင်းပြီး အသက်မွေးဝမ်းကျောင်း အထောက်အကူပြုအဆောက်အဦ လက်သမားအဆင့်(၁)နှင့် အုတ်စီလုပ်သားအဆင့်(၁) သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ချမ်းအေးသာစံမြို့နယ်ရှိ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ညွှန်ကြားရေးမှူး(မြို့ပြ)ရုံး လမ်းဦးစီးဌာနတွင် ကျင်းပသည်။
အခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများဖြစ်သည့် စည်ပင်သာယာရေးဝန်ကြီး မြို့တော်ဝန်ဦးကျော်ဆန်း၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ဇော်ဦး၊ ဆောက်လုပ်ရေးဝန်ကြီးဌာန ဗဟိုသင်တန်းကျောင်းမှ ကျောင်းအုပ်ကြီး ဦးဝင်းမင်းထွဋ်နှင့်တာဝန်ရှိသူများ၊ နည်းပြဆရာဆရာမများ၊ ဆောက်လုပ်ရေးကုမ္ပဏီများမှတာဝန်ရှိသူများ၊ တည်ဆောက်ရေးလုပ်ငန်းနယ်ပယ်မှ ဆောက်လုပ်ရေးလုပ်သားများ တက်ရောက်ကြသည်။
အခမ်းအနား၌ စည်ပင်သာယာရေးဝန်ကြီးက သင်တန်းအဖွင့်အမှာစကားပြောကြားရာတွင် ဆောက်လုပ်ရေးလုပ်ငန်းဆိုင်ရာလုပ်သားများ ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ပြီးပိုမိုဘေးကင်းလုံခြုံသော အဆောက်အဦများဆောက်လုပ်နိုင်စေရန်နှင့် သဘာဝဘေးအန္တရာယ်ခံနိုင်ရည်ရှိပြီး သဘာဝဘေးအန္တရာယ်ဖြစ်နိုင်ခြေလျော့ချနိုင်သည့် အဆောက်အဦများဆောက်လုပ်တတ်စေရန် ရည်ရွယ်ချက်များ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဗဟိုသင်တန်းကျောင်းမှ နည်းပြဆရာဆရာမများက ကျောင်း၏သင်ရိုးညွှန်းတမ်းများနှင့်အညီ လေ့ကျင့်ပေးသွားမည်ဖြစ်ရာ သင်တန်းသားသင်တန်းသူများအနေဖြင့် စာတွေ့/လက်တွေ့များကို စနစ်တကျလိုက်နာသင်ယူပြီး လုပ်ငန်းနယ်ပယ်တွင်လည်း ထိရောက်စွာပြန်လည်အသုံးချသွားရန် ကြိုးစားသွားကြရမည်ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။
၎င်းနောက်
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဗဟိုသင်တန်းကျောင်းမှ ကျောင်းအုပ်ကြီး ဦးဝင်းမင်းထွဋ်က ပိုမိုဘေးကင်းလုံခြုံသောအဆောက်အဦများဆောက်လုပ်ပေးပြီး
သဘာဝဘေးအန္တရာယ်များလျော့ချပေးရန်ဖြစ်သည်နှင့်အညီ လုပ်သားများ၏ ဆောက်လုပ်ရေးဆိုင်ရာအလေ့အထများကို
ပိုမိုကောင်းမွန်စေရန်အတွက် စွမ်းရည်မြှင့်တင်ပေးခြင်းအစီအစဉ်များကို သင်တန်းများဖွင့်လှစ်ကာ
လေ့ကျင့်သင်ကြားပေးလျက်ရှိကြောင်းနှင့် သင်တန်းဖွင့်လှစ်ရသည့်ရည်ရွယ်ချက်များ၊
သင်တန်းတွင် စာတွေ့လက်တွေ့ပို့ချပေးမည့်အကြောင်းအရာများနှင့် သင်တန်းချိန်များမပျက်မကွက်
အချိန်ပြည့်ကြိုးစားသင်ယူရန်တို့ကို ပြောကြားခဲ့ကြောင်းနှင့် သင်တန်ကာလမှ (၄)ပတ်ကြာမြင့်ဖြစ်ကြောင်း သင်တန်းပြီးဆုံးသွားပါက ဆောက်လုပ်ရေးဝန်ကြီးဌာန
ဗဟိုသင်တန်းကျောင်းမှ သင်တန်းဆင်းလက်မှတ်များ ချီးမြှင့်ပေးသွား မည်ဖြစ်ကြောင်း သိရှိရသည်။
(ထွန်းထွန်းနိုင်)

No comments:
Post a Comment