နေပြည်တော် နိုဝင်ဘာ ၃၀
တပ်မတော် ပင်လယ်သွားဆေးရုံရေယာဉ် (သံလွင်) ဖြင့် ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့သို့ ရောက်ရှိနေသည့် တပ်မတော်မှ ပါရဂူများ၊ ဆေးမှူးများနှင့် သူနာပြုများပါဝင်သော တပ်မတော်နယ်လှည့်အထူးကု ဆေးအဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် ငပုတောမြို့နယ်၊ ငရုတ်ကောင်းမြို့သို့ ရောက်ရှိရာ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်မိရပ်ဖများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ဒေသခံပြည်သူများက သောင်းသောင်းဖြဖြကြိုဆိုနှုတ်ဆက်ကြသည်။
ထို့နောက်
ငရုတ်ကောင်းမြို့၊ တပ်မတော်နယ်လှည့်အထူးကုဆေးအဖွဲ့သည် တိုက်နယ်ပြည်သူ့ဆေးရုံတွင်
အခြေပြု၍ ငရုတ်ကောင်းမြို့နှင့် ပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူများအား
ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးကြသည်။
ထိုသို့ဆောင်ရွက်ပေးရာတွင်
ဆေးကုသမှုဆိုင်ရာရောဂါ ၁၂၁ ဦး၊ ခွဲစိတ်ရောဂါ ၅၆ ဦး၊ သားဖွားမီးယပ်ရောဂါ ၂၂ ဦး၊
ကလေးရောဂါ ၁၉ ဦး၊ အရိုးရောဂါ ၉၃ ဦး၊ နား၊ နှာခေါင်း၊ လည်ချောင်းရောဂါ ၃၁ ဦး၊
မျက်စိရောဂါ ၈၀ ဦးနှင့် သွားနှင့်ခံတွင်းရောဂါ ၅၃ ဦး၊ စုစုပေါင်း ၄၇၅ ဦးတို့ကို လိုအပ်သည့်
ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးသည်။ ၎င်းတို့အနက် အထွေထွေခွဲစိတ်လူနာ ၄ ဦး၊
မျက်စိခွဲစိတ်လူနာ ၁၁ ဦး၊ ဓာတ်မှန်ရိုက် လူနာ ၄ ဦး၊ Ultrasound စက်ဖြင့်
စမ်းသပ်စစ်ဆေးလူနာ ၆၄ ဦး၊ ECG စက်ဖြင့် နှလုံးစမ်းသပ်လူနာ ၅၄
ဦးနှင့် ဓာတ်ခွဲစမ်းသပ်လူနာ ၃၅ ဦးတို့ကို ရောဂါရှာဖွေစမ်းသပ်ကုသပေးခြင်းများ
ဆောင်ရွက်ပေးပြီး ဆေးရုံလွှဲပြောင်းကုသရန်လိုအပ်သည့် ဒေသခံပြည်သူတစ်ဦးအား
ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်ရှိ တပ်မတော်ဆေးရုံသို့
လွှဲပြောင်းကုသပေးသည်။ ထိုသို့ ဆေးဝါကုသမှုလာရောက်ခံယူကြသည့် ဒေသခံပြည်သူများအား
တာဝန်ရှိသူများက လိုက်လံကြည့်ရှုအားပေးပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
အဆိုပါတပ်မတော်နယ်လှည့်အထူးကုဆေးကုအဖွဲ့သည်
ရန်ကုန်တိုင်းဒေသကြီး၊ ကိုကိုးကျွန်းမြို့နယ်နှင့် ဧရာဝတီတိုင်းဒေသကြီး၊
ဟိုင်းကြီးကျွန်းမြို့နယ်အတွင်းရှိ ကျေးရွာများနှင့် ပတ်ဝန်းကျင်ကျေးရွာများမှ
ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးရန်အတွက်
တပ်မတော်ပင်လယ်သွားဆေးရုံရေယာဉ် (သံလွင်) ဖြင့် ရောက်ရှိနေခြင်းဖြစ်သည်။
ထိုသို့ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ
ဆောင်ရွက်ပေးနေမှုများအပေါ် ဒေသခံပြည်သူများ၏ စကားသံများကိုလည်း ယခုကဲ့သို့ ကြားသိရပါသည်-
အဘိုးက ခါးတွေကိုက်တယ်၊ ကိုယ်တွေလက်တွေ ကိုက်တယ်၊ မစားချင်မသောက်ချင်ဖြစ်နေလို့
လာပြတာပါ။ တစ်နှစ်လောက်တော့ရှိပြီ။ အဲဒီလိုမျိုးဖြစ်နေတာပဲ၊ ပေါင်တွေကိုက်တယ်၊ ခါးတွေကိုက်တယ်၊
သိပ်သွားလာလို့မရဘူး၊ ခြေထောက်က ညောင်းပြီးတော့သွားလို့မရဘူး၊ အဲဒါကြောင့်
လာပြတာပါ။ ဆရာဝန်နဲ့တော့ မတွေ့ရသေးဘူး၊ အခုမှ စာရင်းလာပေးတာပါ။ အခုလိုလာပြီးတော့
ကိုယ့်နေရာကိုယ့်ဒေသမှာလာပြီး ကုတယ်ဆိုတော့ အထူးဝမ်းသာပီတိဖြစ်ရပါတယ်။
သတင်းစဉ်


No comments:
Post a Comment