၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၁၈ ရက်
၁။ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလတွင် စတင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ကြမည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများသည် သက်ဆိုင်ရာကော်မရှင်အဖွဲ့ခွဲများတွင် ၈ - ၉ - ၂၀၂၅ ရက်နေ့မှ ၂၂ - ၉ - ၂၀၂၅ ရက်နေ့အထိ အမည်စာရင်းတင်သွင်းလွှာများကို တင်သွင်း ခဲ့ကြပြီးဖြစ်ပါသည်။
၂။ အဆိုပါလွှတ်တော်ကိုယ်စားလှယ်လောင်းများကို
သက်ဆိုင်ရာကော်မရှင်အဖွဲ့ခွဲများက ၂၃ - ၉- ၂၀၂၅ ရက်နေ့မှ ၄ - ၁၀ - ၂၀၂၅ ရက်နေ့အထိ သက်ဆိုင်ရာလွှတ်တော်ရွေးကောက်ပွဲဥပဒေ၊
နည်းဥပဒေများနှင့်အညီ စိစစ်ခြင်းကို ဆောင်ရွက်ခဲ့ကြပြီးဖြစ်၍ စိစစ်လက်ခံအတည်ပြုထားသော
သက်ဆိုင်ရာလွှတ်တော်မဲဆန္ဒနယ်အလိုက် ရွေးကောက်တင်မြှောက်ခံကြမည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏
အမည်စာရင်းကြေညာချက် ပုံစံ (၁၀)၊ ပုံစံ (၁၀-က) နှင့် ပုံစံ (၁၀-ခ) များကို သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်၊ ခရိုင်၊ မြို့နယ်ကော်မရှင်အဖွဲ့ခွဲရုံး၊
ရပ်ကွက်နှင့်ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲရုံးများတွင် ၁၉-၁၀-၂၀၂၅ ရက်နေ့၌ တစ်ပြိုင်တည်း
ကပ်ထားကြေညာမည်ဖြစ်ကြောင်း အသိပေးကြေညာအပ်ပါသည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်
No comments:
Post a Comment