နေပြည်တော် အောက်တိုဘာ ၉
ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် မလေးရှားနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီး H.E. Dato' Seri Utama Haji Mohamad Bin Haji Hasan အား ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ တပ်မတော်ဧည့်ဂေဟာ ၌ လက်ခံတွေ့ဆုံသည်။
အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်း သာယာရေး ကော်မရှင်ဥက္ကဋ္ဌနှင့်အတူ ကော်မရှင်အတွင်းရေးမှူး တွဲဖက်အမှုဆောင်ချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့် ကော်မရှင်အဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေတို့ တက်ရောက်ကြပြီး မလေးရှားနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးနှင့်အတူ အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ၏ မြန်မာနိုင်ငံဆိုင်ရာအထူး ကိုယ်စားလှယ် H.E. Tan Sri Othman Hashim နှင့် တာဝန်ရှိသူများတက်ရောက်ကြသည်။
ထိုသို့တွေ့ဆုံရာတွင် မလေးရှားနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးက မြန်မာနိုင်ငံ၏ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကျင်းပပြုလုပ်ရန် ပြင်ဆင်နေမှုများအား တွေ့ရသည့်အတွက် ဝမ်းမြောက် ဝမ်းသာဖြစ်မိပါကြောင်း၊ အာဆီယံအနေဖြင့် မြန်မာနိုင်ငံ၏ ကြိုးပမ်း ဆောင်ရွက်မှုများကို အကောင်းဆုံးဖြစ်အောင်ပူးပေါင်း ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း၊ အားလုံးပါဝင်သည့် ရွေးကောက်ပွဲဖြစ်စေရန် အကြံပြုပြောကြားလိုပါကြောင်း၊ ရွေးကောက်ပွဲ လေ့လာ စောင့်ကြည့်ရေးအဖွဲ့များ ကိုလည်းစေလွှတ်ပေးသွားမည်ဖြစ်ပါကြောင်းဖြင့် ဦးစွာဆွေးနွေး ပြောကြားသည်။
ယင်းနောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာ ယာရေး ကော်မရှင်ဥက္ကဋ္ဌက ဆွေးနွေးပြောကြားရာတွင် ယခုကဲ့သို့မိမိတို့နိုင်ငံသို့
လာရောက်တွေ့ဆုံမှုအတွက် ဝမ်းမြောက်ပါကြောင်း၊ ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ ကျင်းပပြုလုပ်ရန်အတွက် ၂၀၂၄ ခုနှစ်ကပင် စတင်အသိပေးပြောကြားခဲ့ ပါကြောင်း၊ မိမိတို့အနေဖြင့် နိုင်ငံရေးအရသဘောထားကွဲလွဲသူများ၊ နိုင်ငံရေးပါတီများ ကို ရွေးကောက်ပွဲ အတွက် ကြိုတင်ပြင်ဆင်ချိန်ရရှိအောင် ဆောင်ရွက်ပေးခဲ့ပါကြောင်း၊ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခွင့်ကိုလည်း ဥပဒေနှင့်အညီ ဆောင်ရွက်ခဲ့ပါကြောင်း၊ ယခုရွေးကောက်ပွဲတွင် ဥပဒေနှင့်ကိုက်ညီသည့် နိုင်ငံရေးပါတီ ၅၇ ပါတီ ဝင်ရောက်ယှဉ် ပြိုင်မည်ဖြစ်ပြီး ကိုယ်စားလှယ် လောင်း ၅ ထောင်ကျော်ရှိပါကြောင်း၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ နိုင်ငံရေးလမ်း ကြောင်းပေါ်တွင် လျှောက်လှမ်းနိုင်ရေးအတွက် ငြိမ်းချမ်းရေးရရှိအောင် ဖိတ်ခေါ်ဆောင်ရွက်ပေး လျက်ရှိကြောင်း၊ ၂၀၁၈ ခုနှစ်မှစတင် ၍ယနေ့အချိန်အထိ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးအတွက် ထုတ်ပြန်ချက် ၂၇ ကြိမ် ဆောင်ရွက်ပေးခဲ့ကြောင်း၊ နိုင်ငံရေးအရသဘောထားကွဲလွဲမှုများကြောင့် အကြမ်းဖက်လုပ် ရပ်များလုပ်ဆောင်နေသူများကိုလည်း နိုင်ငံရေးလမ်းကြောင်းပေါ်တွင်ပါဝင် လာနိုင်ရေးအတွက် ၃ ကြိမ်ဖိတ်ခေါ်ခဲ့ကြောင်း၊ ယခုလ ၁၅ ရက်နေ့တွင် NCA နှစ်ပတ် လည်နေ့အခမ်းအနားကို ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး NCA လက်မှတ်ရေးထိုးထား သည့်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များမှ ခေါင်းဆောင်များ၊ NCA လက်မှတ်မရေး ထိုးထား ရသေးသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များမှ ခေါင်းဆောင်အချို့နှင့်နိုင်ငံတကာမှ အသိသက်သေများ တက်ရောက်သွားမည်ဖြစ်ကြောင်းဖြင့် ဆွေးနွေး ပြောကြားသည်။
ထို့နောက် မြန်မာနိုငံ၏နိုင်ငံရေးဖြစ်ပေါ်ပြောင်းလဲမှု အခြေအနေများ၊ လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲဖြစ်စေရေး မြန်မာအီလက် ထရောနစ် မဲပေးစက်(MEVM)များဖြင့် ဆန္ဒမဲပေးခြင်းများဆောင်ရွက် သွားမည့်အခြေအနေများ၊ ရွေးကောက်ပွဲအား အပိုင်းလိုက်စနစ်ဖြင့် ကျင်းပပြုလုပ်သွားမည့်အခြေအနေများ၊ အိမ်နီးချင်းနိုင်ငံများနှင့် နိုင်ငံတကာ မှရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေးအဖွဲ့များ ဖိတ်ခေါ်ထားရှိမှု အခြေအနေများ၊ ရွေးကောက်ပွဲကျင်းပပြီးချိန်တွင် မြန်မာနိုင်ငံ အနေဖြင့် ဒီမိုကရေစီလမ်းကြောင်းပေါ်တွင် ဆက်လက် လျှောက်လှမ်း ဆောင်ရွက်သွားမည့်အခြေအနေများ၊ မြန်မာနိုင်ငံအနေဖြင့် အာဆီယံအဖွဲ့အတွင်း အပြုသဘောဆောင်သော ကောင်းမွန်သည့်ပူးပေါင်းဆောင်ရွက်မှုများ ဆောင်ရွက် လျက်ရှိမှုအခြေ အနေများနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေး ရေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်သွားမည့်အခြေအနေများ၊ နိုင်ငံတကာနှင့် ပူးပေါင်းဆောင် ရွက်မှုများမြှင့်တင် ဆောင်ရွက်လျက်ရှိမှု အခြေအနေများနှင့်ပတ်သက်၍ ရင်းနှီး ပွင့်လင်းစွာအမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြကြောင်းသတင်းရရှိသည်။


No comments:
Post a Comment