Thursday, September 11, 2025

ပျော်ဘွယ်မြို့နယ်တွင် ငွေကျပ် ၁ ဒသမ ၆ ဘီလီယံကျော်တန်ဖိုးရှိ စိတ်ပြောင်းဆေးဝါး အက်တက်စီဆေးပြားနှင့် Happy Water များ ဖမ်းဆီးရမိ



နေပြည်တော် စက်တင်ဘာ ၁၁

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် စက်တင်ဘာလ ၆ ရက်နေ့ မွန်းလွဲ ၁ နာရီခွဲအချိန် သတင်းအရ ပျော်ဘွယ်မြို့နယ်၊ တောင်ဂွ ကျေးရွာအနီးတွင် သာစည်မြို့နယ်မှ ပျော်ဘွယ်မြို့နယ်ဘက်သို့ ဖဝေး မောင်းနှင်ပြီး မျိုးမြင့်ဟန် လိုက်ပါလာသည့် မော်တော်ဆိုင်ကယ်အား စစ်ဆေးရှာဖွေရာ ၎င်းတို့ ၂ ဦး သယ်ဆောင်လာသည့် အက်တက်စီဆေးပြား ၁၁,၂၀၀ ပြား (တန်ဖိုးငွေကျပ်သိန်း ၆,၇၂၀)၊ Happy Water ၈ ကီလို (တန်ဖိုးငွေ ကျပ်သိန်း ၉,၆၀၀)နှင့် ကက်တမင်း ၀ ဒသမ ၀၉ ကီလို (တန်ဖိုးငွေကျပ် ၂၇ သိန်း)၊ စုစုပေါင်း ၎င်းဒေသတန်ဖိုးငွေကျပ် ၁ ဒသမ ၆၃၄၇ ဘီလီယံတန်ဖိုးရှိ စိတ်ပြောင်းဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း၊ ကွင်းဆက်စစ်ဆေးဖော်ထုတ်ချက်အရ ဖမ်းဆီးရမိ စိတ်ပြောင်းဆေးဝါးများအား သာစည် မြို့နယ်မှ ရန်ကုန်မြို့သို့ သယ်ဆောင်၍ KTV, BAR နှင့် CLUB များတွင် လူငယ်များအားရောင်းချရန် သယ်ဆောင်ရောင်းဝယ်ခြင်းဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်ဖော်ထုတ်လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းရရှိသည်။

No comments:

Post a Comment