နေပြည်တော် စက်တင်ဘာ ၁၁
၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်၊ အမျိုးသားစီမံကိန်းနှင့် ဒေသန္တရစီမံကိန်းများဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ကျင်းပရာ အမျိုးသားစီမံကိန်းကော်မရှင်အတွင်းရေးမှူး ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်း အတွင်းဝန်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြပြီး တိုင်းဒေသကြီး၊ ပြည်နယ် စီးပွားရေးရာဝန်ကြီးများက Video Conference ဖြင့် တက်ရောက်ကြသည်။
အစည်းအဝေးတွင်
ပြည်ထောင်စုဝန်ကြီးက ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်၊ အမျိုးသားစီမံကိန်းနှင့် ဒေသန္တရစီမံကိန်းများရေးဆွဲရာတွင်
နိုင်ငံတော်၏ ဦးတည်ချက်၊ ရည်မှန်းချက်၊ လုပ်ငန်းစဉ်များကို ဦးစားပေးရေးဆွဲရေး၊ ယခင်ရေးဆွဲထားသည့်
စီမံကိန်းဆိုင်ရာကိစ္စရပ်များ၊ စီမံကိန်းများကို ဘက်ပေါင်းစုံ၊ ရှုထောင့်မှ ဗျူဟာမြောက်ရေးဆွဲနိုင်ရေး၊
ဘဏ္ဍာငွေ လေလွင့်ဆုံးရှုံးမှုမဖြစ်ပေါ်စေရေး၊ ပြည်ထောင်စုဝန်ကြီးဌာနများ၏ ကဏ္ဍဆိုင်ရာစီမံကိန်းများနှင့်
တိုင်းဒေသကြီး၊ ပြည်နယ်များ၏ ဒေသန္တရစီမံကိန်းများ လိုက်လျောညီထွေရှိရေး၊ Top-down
နှင့် Bottom-down Approach ကို ပေါင်းစပ်ဆောင်ရွက်ရာတွင် နိုင်ငံတော်၏မူဝါဒနှင့်အညီ
ဆောင်ရွက်နိုင် ရေး၊ စီမံကိန်းရေးဆွဲရာတွင် ဦးစားပေးနှင့် ရှေ့နောက်ညီညွတ်မှုရှိစေရေး၊
စီမံကိန်းများနှင့် အချိတ်အဆက် မိမိ ရေးဆွဲနိုင်ရေးမှာကြားသည်။
ထို့နောက် တက်ရောက်လာသူများက
၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်၊ အမျိုးသားစီမံကိန်းနှင့် ဒေသန္တရ စီမံကိန်းရေးဆွဲထားရှိမှုအခြေအနေ၊
နိုင်ငံတော်၏ လမ်းညွှန်ချက်များ၊ ဆောင်ပုဒ်များနှင့်အညီ ထုတ်လုပ်မှုလျာထားချက်များ
တိုးမြှင့်ဆောင်ရွက်နိုင်မည့်အခြေအနေနှင့် ရင်းနှီးမြှုပ်နှံမှုလျာထားချက်များကို ရှင်းလင်းတင်ပြကြရာ
ပြည်ထောင်စုဝန်ကြီးက ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်
No comments:
Post a Comment