နေပြည်တော် စက်တင်ဘာ ၂၁
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးသည် ယမန်နေ့က ရန်ကုန်တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနပိုင် အုတ်ကျင်းသိုလှောင်ရုံအား မျိုးစေ့၊ ပိုးသတ်ဆေးနှင့် စိုက်ပျိုးရေးသွင်းအားစုများ သိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းအတွက် ငှားရမ်း လုပ်ကိုင်လျက်ရှိသည့် မာလာမြိုင် အများနှင့်သက်ဆိုင်သောကုမ္ပဏီလီမိတက်နှင့် အင်းစိန်မြို့နယ် အနောက်ကြို့ကုန်းရှိ ငါးလုပ်ငန်းဦးစီးဌာနပိုင် အဆောက်အအုံငှားရမ်း၍ စိုက်ပျိုးရေးလုပ်ငန်းသုံး ပလတ်စတစ်ပစ္စည်းများ ထုတ်လုပ်လျက်ရှိသည့် စိုးအဏ္ဏဝါကုမ္ပဏီ ၏ လုပ်ငန်းဆောင်ရွက်နေမှုများ၊ Fresh & Green ကုမ္ပဏီမှ အနောက်ကြို့ကုန်းရှိ စိုက်ပျိုးရေးဦးစီးဌာနပိုင်မြေအား ငှားရမ်း၍ ကောက်ပဲသီးနှံ၊ အသားငါး၊ သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်များ အအေးခန်းစက်ရုံတို့ကို ကြည့်ရှုစစ်ဆေးသည်။
ဒုတိယဝန်ကြီးသည်
ယနေ့နံနက်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး ကျိုက်လတ်မြို့ မြို့နယ် အားကစားခန်းမတွင်
ကျင်းပသည့် ၂ဝ၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ၌ ထူးချွန်စွာအောင်မြင် ခဲ့ကြသည့် ဂုဏ်ထူးရကျောင်းသား
ကျောင်းသူများ၊ အောင်ချက်အကောင်းဆုံးကျောင်းများနှင့် သင်ကြားမှု ထူးချွန်ဆရာ ဆရာမများအား
ဆုချီးမြှင့်ခြင်းအခမ်းအနားသို့ တက်ရောက်၍ ဂုဏ်ပြု အမှာစကားပြောကြားသည်။
အခမ်းအနားတွင် ၂ဝ၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ၌
၄ ဘာသာဂုဏ်ထူးရှင် သုံးဦး၊ ၃ ဘာသာဂုဏ်ထူးရှင် သုံးဦး၊ ၂ ဘာသာဂုဏ်ထူးရှင် ကိုးဦးနှင့်
၁ ဘာသာဂုဏ်ထူးရရှိသူ ၁၇ ဦး တို့ကိုလည်းကောင်း၊ ဘက်စုံထူးချွန်လူရည်ချွန် (Grade-9)
ကျောင်းသားတစ်ဦး၊ အောင်ချက် အကောင်းဆုံး ကျောင်းများနှင့် ဂုဏ်ထူးရရှိအောင် သင်ကြားပေးခဲ့ကြသည့်
ဆရာ ဆရာမများအား လည်းကောင်း ဂုဏ်ပြုဆုများ ချီးမြှင့်ပြီး ဒုတိယဝန်ကြီးက ပညာရေးစာကြည့်တိုက်၊
လူမှုရေး အသင်းများ၊ မဟာအတုလမြတ်မုနိရပ်တော်မူဘုရားကြီး ဘက်စုံပြုပြင်ရန်နှင့် ဘိုးဘွား
ရိပ်သာတို့အတွက် အလှူငွေများ ပေးအပ်သည်။
ထိုမှတစ်ဆင့်
ဒုတိယဝန်ကြီးသည် ပန်းပဲစုကျေးရွာ တောင်သူ ဦးလှဘော်၏ လယ်မြေတွင် ပေါ်ဆန်းစပါးမျိုး ၁၁
မျိုး မျိုးယှဉ်ပြိုင်ကွက်တွင် သဘာဝမြေဩဇာနှင့် ဓာတ်မြေဩဇာ အချိုးကျရောစပ်ကြဲပက်နေမှုကို
ကြည့်ရှုအားပေးသည်။
ယင်းနောက် စိုက်ပျိုးရေးဦးစီးဌာန
နည်းပညာပြန့်ပွားရေးစင်တာ၌ ဒေသခံတောင်သူများနှင့် တွေ့ဆုံကာ ဓာတ်မြေသြဇာ အသုံးပြုမှုလျှော့ချခြင်းဖြင့်
ရေရှည်တည်တံ့သော စိုက်ပျိုးရေးကို အကျိုးဖြစ်စေရေး၊ မြေဆီလွှာ ၏ ဂုဏ်သတ္တိ၊ ဓာတ်ဂုဏ်သတ္တိနှင့်
ဇီဝဂုဏ်သတ္တိများ ထိခိုက်ပျက်စီး မှုကင်းဝေးပြီး မြေဆီလွှာ၏ ကျန်းမာရေးကောင်းမွန်စေရေး၊
သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်) ထည့်သွင်းခြင်းဖြင့် မြေဆီလွှာအတွင်း အာဟာရဓာတ်ဖြစ်ပေါ်
ပြောင်းလဲမှုကို အထောက်အကူ ဖြစ်စေရေးတို့နှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးပြီး တောင်သူများအား
သွင်းအားစု သဘာဝ မြေဩဇာနှင့် ဓာတ်မြေဩဇာများ ပေးအပ်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်

No comments:
Post a Comment