နေပြည်တော် စက်တင်ဘာ ၁၁
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန
သစ်တောဦးစီးဌာနသည် တရားမဝင်သစ်နှင့် သစ်တောထွက်ပစ္စည်းများ ရှာဖွေဖော်ထုတ်ဖမ်းဆီးရေးကို
ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှုသတင်းပို့စနစ်
(Community Monitoring and Reporting System-CMRS) အပါအဝင် နည်းလမ်းမျိုးစုံဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ
စက်တင်ဘာ ၁ ရက်မှ ၇ ရက်အထိ နေပြည်တော်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာနများမှ
ပေးပို့လာသော စာရင်းများအရ တရားမဝင်ကျွန်း ၂၁ ဒသမ ၄၈၀၂ တန်၊ သစ်မာ ၁၃ ဒသမ ၃၀၂၂ တန်၊
အခြား ၂၉ ဒသမ ၁၆၅၀ တန် စုစုပေါင်း ၆၃ ဒသမ ၉၄၇၄ တန်၊ ယာဉ်/ယန္တရား ကိုးစီး၊ တရားခံ ၁၆
ဦး ဖမ်းဆီးရမိခဲ့ကြောင်း သစ်တောဦးစီးဌာနမှ သိရသည်။
သတင်းစဉ်
No comments:
Post a Comment