မော်လမြိုင် စက်တင်ဘာ ၂၄
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်လင်း၊ မွန်ပြည်နယ် လူမှုရေးရာဝန်ကြီးနှင့် တာဝန်ရှိသူများသည် ယမန်နေ့နံနက်ပိုင်းက မော်လမြိုင်မြို့ ပြည်နယ်အားကစားဥယျာဉ်စီမံကိန်းတွင် ဆောက်လုပ်လျက်ရှိသော အားကစားရုံနှင့် ဘောလုံးကွင်း၊ အားကစားသမားအိပ်ဆောင်များ၊ စားရိပ်သာနှင့် ဝန်ထမ်းအိမ်ရာများကို ကြည့်ရှုစစ်ဆေးပြီး အားကစားဥယျာဉ်လုံခြုံရေးကိစ္စရပ်များ၊ အားကစားခန်းမအချိန်မီပြီးစီးနိုင်ရေးကိစ္စရပ်များ ဆွေးနွေးမှာကြားကာ ကားရပ်နားရန်နေရာနှင့် ရေကူးကန်ဆောက်လုပ်ရန် လျာထားနေရာတို့ကို ကြည့်ရှုစစ်ဆေးသည်။
ကြည့်ရှုစစ်ဆေး
ထို့နောက်
ဒုတိယဝန်ကြီးနှင့် အဖွဲ့သည် အားကစားနှင့်ကာယပညာသိပ္ပံ (မော်လမြိုင်) သို့ ရောက်ရှိပြီး
အားကစားသမားများ လေ့ကျင့်လျက်ရှိသည့် ဘောလုံးကွင်းနှင့် ပြေးလမ်း၊
အလေးမလေ့ကျင့်ရေးရုံ၊ ပိုက်ကျော်ခြင်းရုံ၊ လက်ဝှေ့အားကစားရုံနှင့် GYM အားကစားခန်းမတို့ကို
ကြည့်ရှုစစ်ဆေးကာ အားကစားနှင့်ကာယပညာသိပ္ပံ (မော်လမြိုင်) ရှိ ဝန်ထမ်းများနှင့်
တွေ့ဆုံ၍ နိုင်ငံ့ဝန်ထမ်းများ လိုက်နာကျင့်သုံးရမည့် ဝန်ထမ်းဥပဒေ၊ နည်းဥပဒေများနှင့်အညီ
လုပ်ငန်းတာဝန်များကို ကျေပွန်စွာထမ်းဆောင်ရေး၊ ဌာန၏ ရည်မှန်းချက်တာဝန်များ
အောင်မြင်စေရေးတို့အတွက် စည်းလုံးညီညွတ်စွာဖြင့် ဝိုင်းဝန်းကြိုးပမ်းကြရေး၊
သင်တန်းသား၊ သင်တန်းသူများ အရည်အသွေးပြည့်မီစွာဖြင့် နိုင်ငံ့လက်ရွေးစင်
ထူးချွန်အားကစား သမားများပေါ်ထွန်းအောင် လေ့ကျင့်ပြုစုပျိုးထောင်ရေးကိစ္စများကို
မှာကြားသည်။
စနစ်တကျထိန်းသိမ်း
မွန်းလွဲပိုင်းတွင်
မော်လမြိုင်မြို့ ရာမညအားကစားကွင်း၊ အားကစားခန်းမနှင့် ကျောင်းသားအားကစားကွင်းတို့ကို
သွားရောက်ကြည့်ရှုစစ်ဆေးပြီး ဒုတိယဝန်ကြီးက အားကစားကွင်း၊ အားကစားရုံများတွင်
အားကစားပစ္စည်းများ စနစ်တကျထိန်းသိမ်းထားရှိစေရေး၊ အဆောက်အအုံများ
ရေရှည်တည်တံ့စေရေးတို့ကို မှာကြားကာ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ဆက်လက်၍
ဒုတိယဝန်ကြီးသည် ရာမညအားကစားကွင်း အစည်းအဝေးခန်းမ၌ ဝန်ထမ်းများ နှင့်တွေ့ဆုံပြီး
အားကစားကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ငန်းများပူးပေါင်းဆောင်ရွက်သွားရန်
လိုကြောင်း၊ တာဝန်အပေါ်စေတနာထပ်ပေါင်းပြီး လုပ်ငန်းများ အောင်မြင်အောင်
ဆောင်ရွက်ကြစေရေးပြောကြားကာ လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ဖြည့်စွက်ဆောင်ရွက်ပေးခဲ့ကြောင်း
သိရသည်။
စည်သူ
(ပြန်/ဆက်)
No comments:
Post a Comment