နေပြည်တော် စက်တင်ဘာ ၂၄
ပိုးသတ်ဆေးမှတ်ပုံတင်အဖွဲ့၏ (၄၆) ကြိမ်မြောက် အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ အဖွဲ့ဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်၊ အဖွဲ့ဝင်များ၊ ပိုးသတ်ဆေးနည်းပညာကော်မတီဝင်များ၊ စိုက်ပျိုးရေးပညာရှင်များ၊ ပိုးသတ်ဆေးတင်သွင်းရောင်းချသူများ၊ သီးနှံတင်ပို့ရောင်းချသည့် လုပ်ငန်းရှင်နှင့် တောင်သူများ တက်ရောက်ကြသည်။
အစည်းအဝေးတွင်
ဒုတိယဝန်ကြီးက ပိုးသတ်ဆေးဓာတ်ကြွင်းပြဿနာများကို ဖြေရှင်းရာတွင်
စိုက်ပျိုးထုတ်လုပ်မှုကွင်းဆက်တစ်လျှောက်ထုတ်လုပ်မှု အလေ့အကျင့်ကောင်းများသည်
ပညာရှင်များ၊ တောင်သူများ၊ ပိုးသတ်ဆေးတင်သွင်းရောင်းချသူများ၊
သီးနှံတင်ပို့ရောင်းချသည့် လုပ်ငန်းရှင်များအားလုံးနှင့်
သက်ဆိုင်သည့်ကိစ္စဖြစ်ကြောင်း၊ ရေရှည်တွင် သီးနှံများစိုက်ပျိုး ထုတ်လုပ်ရာ၌ ပိုးသတ်ဆေးနှင့်
ဓာတ်မြေဩဇာသုံးစွဲမှုများကို လျှော့ချရန် လိုအပ်ကြောင်း ပြောကြားသည်။
စိစစ်ဆွေးနွေးတင်ပြ
ထို့နောက်
အဖွဲ့အတွင်းရေးမှူးက (၄၆) ကြိမ်မြောက် အစည်းအဝေးတွင် ဆွေးနွေးဆောင်ရွက်မည့် လုပ်ငန်းစာတွဲများကို
တင်ပြရာ အဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ပိုးသတ်ဆေးနည်းပညာ ကော်မတီဝင်များက
ပိုးသတ်ဆေး ၁၆၈ မျိုးအား မှတ်ပုံတင်ခွင့်ပြုပေးနိုင်ရေး စိစစ်ဆွေးနွေးတင်ပြကြ သည်။
ပိုးသတ်ဆေးဥပဒေအခန်း
(၃) အရ မှတ်ပုံတင်အဖွဲ့သည် ပိုးသတ်ဆေးမှတ်ပုံတင် လျှောက်ထားတင်ပြလာခြင်းများကို
မှတ်ပုံတင်ခွင့်ပြုပေးနိုင်ရန် ဆုံးဖြတ်အတည်ပြုပေးခြင်း၊ အဆိပ်ရှိ ပစ္စည်းနှင့် စပ်လျဉ်း၍
တင်ပြရန်လိုအပ်သော အထောက်အထားအချက်အလက်များကို သတ်မှတ်ပေးခြင်း၊ အပြည်ပြည်ဆိုင်ရာ
အကြံပြုချက်များအပေါ် အခြေပြု၍ လူနှင့်ပတ်ဝန်းကျင်ကို အန္တရာယ်မြင့်မားစေသော
ပိုးသတ်ဆေးများကို သုံးစွဲရန်ပိတ်ပင်တားဆီးခြင်း၊ ပိုးသတ်ဆေးများကို စနစ်တကျ
ကိုင်တွယ်သုံးစွဲစွန့်ပစ်ခြင်းဆိုင်ရာများနှင့် ပတ်သက်၍ သဘာဝပတ်ဝန်းကျင်ကို အန္တရာယ်မရှိစေရန်
လိုအပ်သည့် အမိန့်၊ သတ်မှတ်ချက်များ၊ ညွှန်ကြားချက်များကို အခါအားလျော်စွာ
ထုတ်ပြန်လျက်ရှိကြောင်း၊ ပိုးသတ်ဆေးမှတ်ပုံတင်အဖွဲ့၏ လုပ်ငန်းများကို ကျွမ်းကျင်ပညာရှင်များပါဝင်သော
နည်းပညာကော်မတီက လိုအပ်သည့် သတင်းအချက်အလက်များကို ပြုစုတင်ပြခြင်း၊ စိစစ်သုံးသပ်အကြံပြုခြင်း၊
အရည်အသွေးစစ်ဆေးခြင်း၊ သီးနှံဖျက်ပိုးအပေါ် ထိရောက်စေနိုင်မှု (Efficacy) လူနှင့်
အခြားအကျိုးပြုသတ္တဝါများအပေါ် အဆိပ်သင့်နိုင်မှု (Toxicity) များကို စိစစ်ဆောင်ရွက်ပေးလျက်ရှိသည်။
၂၀၂၅
ခုနှစ် မေ ၂၉ ရက်အထိ ပိုးသတ်ဆေးမှတ်ပုံတင်အဖွဲ့အစည်းအဝေး (၄၅) ကြိမ် ကျင်းပခဲ့ပြီး
စုစုပေါင်းပိုးသတ်ဆေး ၄၄၉၅ မျိုးကို မှတ်ပုံတင်ခွင့်ပြုခဲ့ပြီးဖြစ်ကြောင်း သိရသည်။
သတင်းစဉ်
No comments:
Post a Comment