နေပြည်တော် စက်တင်ဘာ ၁၁
စက်ပစ္စည်းကြီးကြပ်မှုကော်မတီ၏ (၃/၂၀၂၅-၂၀၂၆) ကြိမ်မြောက် ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် စက်မှုဝန်ကြီးဌာန ရုံးအမှတ် (၃၀) အစည်းအဝေးခန်းမ၌ ကျင်းပရာ စက်ပစ္စည်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း၊ ကော်မတီအဖွဲ့ဝင်များဖြစ်ကြသည့် ဝန်ကြီးဌာနအသီးသီးမှ အမြဲတမ်း အတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် စက်မှုဝန်ကြီးဌာနမှ တာဝန်ရှိသူများ တက်ရောက်သည်။
ဦးစွာ စက်ပစ္စည်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ
ပြည်ထောင်စုဝန်ကြီးက ယခုအစည်းအဝေးတွင် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွက် စက်ပစ္စည်းကြီးကြပ်မှုကော်မတီသို့
ဝန်ကြီးဌာန/ အဖွဲ့အစည်း များက တင်ပြလာသည့် ရန်ပုံငွေလွှဲပြောင်းသုံးစွဲခြင်း အမှာစာ
ငါးစောင်အား အတည်ပြုဆွေးနွေးရန်နှင့် ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် အစိုးရဌာနဆိုင်ရာ
စက်ပစ္စည်းများ ပြင်ဆင်ထိန်းသိမ်းခြင်း လုပ်ငန်းများကို ထိရောက်လျင်မြန်စွာဆောင်ရွက်ရေးအတွက်
ရည်ရွယ်ကျင်းပရခြင်းဖြစ်ကြောင်း။
မိမိတို့အနေဖြင့်
သဘာဝဘေးအန္တရာယ်နှင့် အကြောင်းအမျိုးမျိုးကြောင့် ထိခိုက်ပျက်စီးခဲ့သည့် အစိုးရဌာနဆိုင်ရာ
စက်ပစ္စည်းများ ပြင်ဆင်ထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် ထပ်မံဖြစ်ပွားလာနိုင်သည့်
သဘာဝဘေးအန္တရာယ်များကိုလည်း ကြိုတင်တွက်ဆပြီး ဖြစ်ပွားလာပါက စက်ပစ္စည်းများ ထိခိုက်ပျက်စီးပြီး
လုပ်ငန်းများ ထိခိုက်ရပ်တန့်မှုမရှိ စေရေး ကာကွယ်ဆောင်ရွက်မည့်အစီအမံများကိုလည်း ထည့်သွင်းစဉ်းစားဆောင်ရွက်ရန်လိုကြောင်း၊
စက်မှုလက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရည်အသွေးအာမခံစနစ် ထူထောင်ထားရှိရေးသည်
အဓိကအရေးပါသည့် အခန်းကဏ္ဍတွင် ပါဝင်နေသည့်အတွက် ဆောက်လုပ်ရေးလုပ်ငန်းပိုင်းတွင်သာမက
စက်နှင့် စက်ပစ္စည်းများ၏ အရည်အသွေးပြည့်မီ စေရေးအတွက် ကော်မတီဝင်များအနေဖြင့် အထူးအလေးထားကြပ်မတ်ဆောင်ရွက်ပေးကြစေလို
ကြောင်း၊ သဘာဝဘေးအန္တရာယ်များကြောင့် စက်နှင့် စက်ပစ္စည်းများ ထိခိုက်ဆုံးရှုံးမှုမရှိစေရေး
လိုက်နာ ဆောင်ရွက်ရမည့်အချက်များကိုလည်း အကြံပြုဆွေးနွေးတင်ပြပေးစေလိုကြောင်း၊ စက်ပစ္စည်း
ကြီးကြပ်မှုကော်မတီ၏ မူဝါဒလုပ်ငန်းတာဝန်များနှင့်အညီ လုပ်ငန်းများ ပိုမိုထိရောက်အောင်မြင်စွာ
ဆောင်ရွက်နိုင်စေရေးအဖွဲ့ဝင်များက ကြိုးပမ်းဆောင် ရွက်ပေးကြရန် တိုက်တွန်းပြောကြားသည်။
ထို့နောက် ဝန်ကြီးဌာန/
အဖွဲ့အစည်းများက တင်ပြသည့် အမှုတွဲငါးစောင်ကို သက်ဆိုင်ရာကော်မတီ ဝင်နှင့် ဝန်ကြီးဌာနကိုယ်စားလှယ်များက
ရှင်းလင်းတင်ပြခြင်း၊ စက်ကိရိယာပစ္စည်းစီမံခန့်ခွဲမှု လုပ်ထုံး လုပ်နည်းများ (မူကြမ်း)
ကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနနှင့် ဆောက်လုပ်ရေးဝန်ကြီးဌာနတို့မှ
ရှင်းလင်းဆွေးနွေးခြင်း၊ စက်ကိရိယာပစ္စည်း စီမံခန့်ခွဲမှုလုပ်ထုံးလုပ်နည်းများ (မူကြမ်း)
အား ကော်မတီအဖွဲ့ဝင်များက အကြံပြုဆွေးနွေးခြင်းများ ဆောင်ရွက်ပြီး ပြည်ထောင်စုဝန်ကြီးက
နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်
No comments:
Post a Comment