နေပြည်တော် စက်တင်ဘာ ၁၁
အင်ဒိုနီးရှားနိုင်ငံ၌ ကျင်းပမည့် (၂၂) ကြိမ်မြောက် အာဆီယံလေတပ်ဦးစီးချုပ်များအစည်းအဝေး (22nd ASEAN Air Chiefs Conference - 22nd AACC) သို့ တက်ရောက်ရန်အတွက် ကာကွယ်ရေး ဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် စက်တင်ဘာလ ၆ ရက်တွင် လေကြောင်းခရီးဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ထွက်ခွာခဲ့သည်။ အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့သို့ ရောက်ရှိနေသည့် ကာကွယ်ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် စက်တင်ဘာလ ၇ ရက်၊ ညနေပိုင်းတွင် လာအိုလေတပ်ဦးစီးချုပ် Major General Khamlek Sengphachanh ၊ ဘရူနိုင်းလေတပ်ဦးစီးချုပ် Brigadier General (U) Haji Haszahaidi bin Haji Ahmad Daud နှင့် အင်ဒိုနီးရှားလေတပ်ဦးစီးချုပ် Air Chief Marshal Mohamad Tonny Harjono တို့နှင့် သီးခြားစီတွေ့ဆုံ၍ နှစ်နိုင်ငံ လေတပ်များအကြား ကိစ္စရပ်များအား ဆွေးနွေးခဲ့ကြသည်။
ယင်းနောက် ကာကွယ်ရေးဦးစီးချုပ်
(လေ) ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် စက်တင်ဘာလ ၈ ရက်၊ နံနက်ပိုင်းတွင် ဂျကာတာမြို့ရှိ
The Ritz-Carlton Ballroom ၌ ကျင်းပပြုလုပ်သော (၂၂) ကြိမ်မြောက် အာဆီယံလေတပ်ဦးစီးချုပ်များအစည်းအဝေး
(22nd ASEAN Air Chiefs Conference-22nd AACC) တက်ရောက်ကြသည်။ အာဆီယံလေတပ်ဦးစီးချုပ်များက
"ASEAN Inclusivity and Sustainability of Non-Combatant Evacuation
Operations" အကြောင်းအရာအား တစ်ဦးချင်းဆွေးနွေးခဲ့ကြပြီးနောက် အစည်းအဝေးသဘောတူဆုံးဖြတ်ချက်များ
အတည်ပြု လက်မှတ်ရေးထိုးကြသည်။
၎င်းနောက် ကာကွယ်ရေးဦးစီးချုပ်
(လေ) ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ညပိုင်းတွင် အင်ဒိုနီးရှားလေတပ်ဦးစီးချုပ်က တည်ခင်းဧည့်ခံသော
ဂုဏ်ပြုညစာစားပွဲသို့ အာဆီယံ လေတပ်ဦးစီးချုပ်များနှင့်အတူ တက်ရောက်ခဲ့ကြသည်။
အဆိုပါ (၂၂) ကြိမ်မြောက်
အာဆီယံလေတပ်ဦးစီးချုပ်များအစည်းအဝေး (22nd ASEAN Air Chiefs Conference-22nd AACC)
သို့ တက်ရောက်ခဲ့သော ကာကွယ်ရေးဦးစီးချုပ် (လေ) ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် စက်တင်ဘာလ
၁၀ ရက်၊ ညပိုင်းတွင် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိခဲ့ရာ တိုင်းမှူး ဗိုလ်ချုပ်
ပြည့်စုံလင်းနှင့် တပ်မတော်အရာရှိကြီးများက ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ ကြိုဆိုနှုတ်ဆက်ခဲ့ကြကြောင်း
သတင်းရရှိသည်။
No comments:
Post a Comment