နေပြည်တော် ဩဂုတ် ၇
ပညာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချောချောစိန်သည် ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေအဖွဲ့ (United Nations Children’s Fund - UNICEF) ၏ မြန်မာနိုင်ငံ ဆိုင်ရာ ဌာနေကိုယ်စားလှယ် Mr.Yasumasa Kimura အား ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ လက်ခံ တွေ့ဆုံသည်။
တွေ့ဆုံစဉ် ဆရာအတတ်ပညာကဏ္ဍ၊
အခြေခံပညာကဏ္ဍနှင့် ကျောင်းပြင်ပပညာရေးကဏ္ဍ၊ အရှေ့တောင်အာရှ မူလတန်း ပညာ သင်ယူတတ်မြောက်မှုတိုင်းတာစစ်ဆေးရေးစံ
Southeast Asia Primary Learning Metrics (SEA- PLM) ဆောင်ရွက်နေမှု၊ အခြေခံပညာအလယ်တန်းအဆင့်
Grade-9 အောင်မြင်ပြီး စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အခြေခံပညာအထက်တန်းကျောင်းများ
တက်ရောက်နိုင်သည့်အခြေအနေများနှင့်စပ်လျဉ်း၍ ပူးပေါင်းဆောင်ရွက်နိုင်ရေး အမြင်ချင်း
ဖလှယ်ဆွေးနွေးကြသည်။
တက်ရောက်
တွေ့ဆုံပွဲသို့
ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်နှင့် ဦးနေမျိုးလှိုင်၊ ညွှန်ကြားရေးမှူးချုပ်များနှင့်
UNICEF မှ တာဝန်ရှိသူများ တက်ရောက်ကြကြောင်း သိရသည်။
သတင်းစဉ်
No comments:
Post a Comment