နေပြည်တော် ဩဂုတ် ၁၂
အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်ကျော်ဟိုးသည် အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်းသွားလာရေးအဖွဲ့ (IOM) မှ အာရှနှင့် ပစိဖိတ်ဒေသဆိုင်ရာ ညွှန်ကြားရေးမှူး Mr. Iori KATO အား ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ အလုပ်သမားဝန်ကြီးဌာန ယာယီရုံးအဆောက်အအုံ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် အလုပ်သမားညွှန်ကြားရေးဦးစီးဌာနနှင့်
အပြည်ပြည်ဆိုင်ရာရွှေ့ပြောင်းသွားလာရေး အဖွဲ့ (IOM) တို့အကြား ၂၀၁၅ ခုနှစ်မှစတင်၍ နားလည်မှုစာချွန်လွှာ
(MoU) လက်မှတ်ရေးထိုးပြီး ဘေးကင်းလုံခြုံစွာ ရွှေ့ပြောင်းသွားလာမှုများနှင့်ပတ်သက်၍
ပူးပေါင်းဆောင်ရွက်ရေး၊ IOM အနေဖြင့် မြန်မာရွှေ့ပြောင်းအလုပ်သမားများနှင့်ပတ်သက်၍
အကူအညီပေးအပ်နေမှုနှင့် မြန်မာနိုင်ငံအတွင်း IOM ၏ လက်ရှိဆောင်ရွက်လျက်ရှိသောလုပ်ငန်းများနှင့်စပ်လျဉ်း၍
ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးကြသည်။
တွေ့ဆုံပွဲအပြီးတွင်
ပြည်ထောင်စုဝန်ကြီးသည် ယာယီရုံးအဆောက်အအုံ အစည်းအဝေးခန်းမ၌ ကျင်းပသည့် အလုပ်သမားဝန်ကြီးဌာန
အလုပ်သမားညွှန်ကြားရေးဦးစီးဌာနနှင့် အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်းသွားလာရေးအဖွဲ့
(IOM) တို့အကြား ရွှေ့ပြောင်းသွားလာခြင်းဆိုင်ရာ စီမံခန့်ခွဲမှု ပူးပေါင်း ဆောင်ရွက်ရေးမြှင့်တင်ခြင်းဆိုင်ရာ
နားလည်မှု စာချွန်လွှာ (MoU) သက်တမ်းတိုးလက်မှတ်ရေးထိုး သည့်အခမ်းအနားသို့ တက်ရောက်သည်။
အခမ်းအနားသို့
ဒုတိယဝန်ကြီး ဦးဝင်းရှိန်၊ အမြဲတမ်းအတွင်းဝန်၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ IOM မှ အာရှနှင့်
ပစိဖိတ်ဒေသဆိုင်ရာ ညွှန်ကြားရေးမှူး Mr. Iori KATO ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့များ
တက်ရောက်ကြသည်။
သတင်းစဉ်

No comments:
Post a Comment