နေပြည်တော် ဩဂုတ် ၁၂
သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ အောင်ဇေယျသည် မွန်ပြည်နယ် သယံဇာတရေးရာဝန်ကြီးနှင့်အတူ ဩဂုတ် ၉ ရက် မွန်းလွဲပိုင်းတွင် နည်းပညာတက္ကသိုလ် (မော်လမြိုင်) သို့ ရောက်ရှိပြီး ဒုတိယပါမောက္ခချုပ်၊ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူ များနှင့် တွေ့ဆုံ၍ လိုအပ်ချက် တင်ပြမှုများအပေါ် ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းပေးသည်။
ယင်းနောက် ကျောင်းသား
ကျောင်းသူများ၏ သုတေသနပရောဂျက်များကို ကြည့်ရှုအားပေး ပြီး သုတေသနရလဒ်များမှ ဒေသတွင်း
စက်မှုကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးရေးအတွက် လက်တွေ့ ကျကျအသုံးချနိုင်ရေး ဆက်လက်ကြိုးပမ်းဆောင်ရွက်ကြရန်
မှာကြားသည်။
ထို့နောက် ဇီဝနည်းပညာ
သုတေသနဦးစီးဌာန၏ ရွှေဇီဝသဘာဝမြေသြဇာစက်ရုံသို့ ရောက် ရှိပြီး နိုင်ငံခြားမှ တင်သွင်းသော
ဓာတ်မြေဩဇာများ အစားထိုးသုံးစွဲနိုင်ရန် သဘာဝဇီဝမြေဩဇာ၊ အားဖြည့်ကွန်ပေါင်းသဘာဝဇီဝမြေဩဇာများနှင့်
အကျိုးပြုအဏု ဇီဝပိုးရည်ထုတ်ကုန်တို့ကို သုတေ သနပြုလုပ်ပြီး အရည်အသွေးကောင်းမွန်၍ စျေးနှုန်းချိုသာစွာ
ထုတ်လုပ်ဖြန့်ချိပေးနေမှု၊ ဒေသ တွင်းတောင်သူများ၊ ဥယျာဉ်နှင့် ရော်ဘာခြံရှင်များအတွက်
နည်းပညာပံ့ပိုးပေးမှု၊ ၂၀၂၄ ခုနှစ် ထုတ်ကုန်အသစ် ဖြစ်သည့် အားဖြည့်ကွန်ပေါင်း (ရော်ဘာအထူး)
နှင့် ၂၀၂၅ ခုနှစ် ထုတ်ကုန် အသစ်ဖြစ်သည့် အားဖြည့်ကွန်ပေါင်း (ဆီအုန်းအထူး) ထုတ်လုပ်နေမှုအခြေအနေများကို
ကြည့်ရှုစစ်ဆေး၍ ဒုတိယဝန်ကြီးက ဒေသတွင်း စားရေရိက္ခာဖူလုံ ရေးအပြင် စိုက်ပျိုးရေးကုန်ထုတ်
လုပ်ငန်းများဖွံ့ဖြိုးကာ ပြည်သူတို့၏ လူမှုစီးပွားဘဝကို မြှင့်တင်ရေး အတွက် တိုက်ရိုက်ဝန်ဆောင်မှု
ပေးနေသည့် ဇီဝနည်းပညာလုပ်ငန်းများဖြစ်၍ သတ်မှတ်အရည် အသွေးစံမီစွာ ထုတ်လုပ်သွားရန်၊
ဒေသအကျိုးပြုမှသည် နိုင်ငံ့ အကျိုးပြု ဇီဝနည်းပညာလုပ်ငန်းများအဖြစ် မြှင့်တင်နိုင်ရေးအတွက်
နည်းပညာဖွံ့ဖြိုးမှုအရွေ့နှုန်းနှင့် အမီလိုက်ပါနိုင်ရေး စဉ်ဆက်မပြတ် လေ့လာဆောင်ရွက်သွား
ရန်လိုအပ်ကြောင်း တိုက်တွန်းမှာကြားသည်။
ထို့နောက် အစိုးရနည်းပညာ
အထက်တန်းကျောင်း (မော်လမြိုင်) သို့ရောက်ရှိပြီး ကျောင်းအုပ်ကြီး၊ ဌာနမှူးများ၊ ဆရာ
ဆရာမများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံ၍ လိုအပ်ချက်တင်ပြမှုများကို ပေါင်းစပ် ဖြည့်ဆည်းပေးကာ
ဘာသာရပ်အလိုက် စာသင်ခန်းများ၊ လက်တွေ့ခန်းများ၊ အလုပ်ရုံများတွင် စိတ်အားထက်သန်စွာ
လေ့လာနေကြသော ကျောင်းသားများအား ရင်းရင်းနှီးနှီးနှုတ်ဆက်၍ နည်း ပညာအရည်အသွေး ပြည့်ဝရုံအပြင်
ကျင့်ဝတ်၊ စည်းကမ်းများကို လိုက်နာတတ်သော လူငယ် ကောင်းများဖြစ်စေရေး ကြိုးပမ်းဆောင်ရွက်ကြရန်
မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်

No comments:
Post a Comment