လွိုင်ကော် ဩဂုတ် ၈
ကယားပြည်နယ်သည် တည်ငြိမ်အေးချမ်းလျက်ရှိလာပြီဖြစ်၍ ပြည်နယ်အတွင်း ကုန်စည်စီးဆင်းမှုမှန်ကန်စေရေးနှင့် ကုန်ဈေးနှုန်းတည်ငြိမ်ရေး၊ နေ့စဉ်ခရီးသွားပြည်သူများ သွားလာမှုအဆင်ပြေရေးနှင့် ခရီးသွားပို့ဆောင်ရေးလုပ်ငန်းခေတ်မှီတိုးတက်ကောင်းမွန်စေရန် ပုဂ္ဂလိကမော်တော်ယာဉ်များ စနစ်တကျကြီးကြပ်ရေးကော်မတီ တတိယအကြိမ်ရွေးချယ်ပွဲကို ယမန်နေ့ နံနက်က လွိုင်ကော်မြို့ မြို့နယ်ခန်းမ၌ကျင်းပရာ ကယားပြည်နယ်အစိုးရအဖွဲ့၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်မျိုးသန်းက အဖွင့်အမှာစကားပြောကြားရာတွင် ပုဂ္ဂလိကမော်တော်ယာဉ်လုပ်ငန်းများ စနစ်တကျကြီးကြပ်ရေးကော်မတီကို ၂၀၁၅ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ပြီး ယခုအခါတတိယအကြိမ် ကြီးကြပ်ရေးကော်မတီအသစ် ပြန်လည်ရွေးချယ်ခြင်းဖြစ်ပါကြောင်းနှင့် ရွေးချယ်ခံကော်မတီဝင်များက ခရီးသွားပို့ဆောင်ရေး လုပ်ငန်းလုပ်ကိုင်သည့် ယာဉ်အသင်းများ၊ ယာဉ်မောင်း၊ ယာဉ်နောက်လိုက်များ၏ အကျိုးစီးပွားတိုးတက်ရေး၊ ခရီးသွားပြည်သူများ စိတ်အေးချမ်းသာစွာ သွားလာနိုင်ရေး၊ ကယားပြည်နယ်၏ ခရီးသွားပို့ဆောင်ရေးလုပ်ငန်း ခေတ်မှီတိုးတက်ကောင်းမွန်စေရေးအတွက် ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ကိုယ်စွမ်း၊ ဥာဏ်စွမ်းဖြင့် ကြိုးစားဆောင်ရွက်ကြရန် တိုက်တွန်းလိုကြောင်း ပြောကြားသည်။
ထို့နောက်
ကော်မတီဝင်လောင်းများက (၁)
ဦးချင်း နှုတ်ခွန်းဆက်စကားပြောကြားပြီး တက်ရောက်လာကြသည့် ယာဉ်အသင်းများ၊
ယာဉ်ပိုင်ရှင်များက ကော်မတီဝင်လောင်းများအား မဲဆန္ဒပြုရွေးချယ်ခဲ့ကြသည်။ ယင်းနောက်
ကော်မတီဝင်များက ကော်မတီ၏ ဥက္ကဋ္ဌ၊ အတွင်းရေးမှူး၊ ဘဏ္ဍာရေးမှူးနှင့် ကော်မတီဝင်တို့ကို
မဲဆန္ဒပြုဆက်လက်ရွေးချယ်ခဲ့သည်။
ယခုရွေးချယ်ပွဲသို့ ယာဉ်အသင်းများ၊ ယာဉ်ပိုင်ရှင်များ (၅၇) ဦး တက်ရောက်ခဲ့ပြီး ဥက္ကဋ္ဌ၊ အတွင်းရေးမှူး၊ ဘဏ္ဍာရေးမှူးနှင့် အဖွဲ့ဝင်ကော်မတီဝင်(၅)ဦးအား ရွေးချယ်ခဲ့ကြောင်း
သိရသည်။
ကိုတွတ်
(ပြန်/ဆက်)
No comments:
Post a Comment