မကွေး သြဂုတ် ၁၀
သြဂုတ်လ(၁၂)ရက်နေ့တွင် ကျရောက်သော အပြည်ပြည်ဆိုင်ရာလူငယ်များနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကျင်းပသည့် ၂၀၂၅ ခုနှစ် အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့ အထိမ်းအမှတ် စုပေါင်းစက်ဘီးစီးနင်းပွဲကို ယနေ့နံနက် ၆ နာရီခွဲက တိုင်းဒေသကြီး အားကစားကွင်းရှေ့၌ ကျင်းပရာ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၊ အနောက်ပိုင်းလေတပ်ကွပ်ကဲမှုဌာနချုပ်မှူး ဗိုလ်ချုပ် သိန်းထွန်းဦး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ၊ စက်ဘီးစီးနင်းကြမည့် လူငယ်/မောင်မယ်များ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ ၂၀၂၅ ခုနှစ်
အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့အထိမ်းအမှတ် စုပေါင်းစက်ဘီးစီးနင်းပွဲကို တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်
ဦးတင့်လွင်က သေနတ်ပစ်ဖောက်ဖွင့်လှစ်ပေးခဲ့ပြီး စက်ဘီးစီးအားကစားသမားများက
မကွေးမြို့အတွင်း တိုင်းအားကစားကွင်းရှေ့မှ တောင်တွင်းလမ်း - ငါးလမ်းသွယ်အဝိုင်းမှ
ဗိုလ်ချုပ်လမ်း - နတ်မောက်လမ်း ထိုမှတစ်ဆင့် မြို့ပတ်လမ်း - ပညာရေးဒီဂရီ
ကောလိပ်အဝိုင်းမှ တောင်တွင်းလမ်း- အဝေရာလမ်းမှတစ်ဆင့် တိုင်းအားကစားကွင်းသို့ စုပေါင်းစက်ဘီးစီးနင်းခဲ့ရာ
တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးကြိုဆိုခဲ့ကြပြီး၊
စက်ဘီးစီးကစားသမားများကို ဗလာမပါငွေသားကံစမ်းမဲနှင့် စက်ဘီးဆု(၃)ဆုကို
မဲဖောက်ပေးခဲ့သည်။
ဆက်လက်၍ ၂၀၂၅ ခုနှစ်
အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့အထိမ်းအမှတ် စုပေါင်းစက်ဘီး ပါဝင်စီးနင်းခဲ့ကြသည့်
စက်ဘီးစီးလူငယ်မောင်မယ်များအား ဗလာမပါငွေသားကံစမ်းမဲနှင့် စက်ဘီးဆု(၃)ဆု အစီအစဉ်မှ
စက်ဘီး၊ ပေါင်းအိုး၊ မီးပူ၊ ဒယ်နီ၊ ပန်ကာ၊ လျှပ်စစ်ရေနွေးအိုး၊ ထမင်းချိုင့်နှင့်
ဓါတ်ဘူးစသည်ဖြင့် ဆုမဲအသီးသီးဆုရရှိသူများအား တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်
တာဝန်ရှိသူများက ဆုများအသီးသီးချီးမြှင့်ပေးခဲ့ကြောင်းနှင့် ၂၀၂၅ ခုနှစ်
အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့အထိမ်းအမှတ် Micro မာရသွန်ပြိုင်ပွဲကို
(၁၁-၈-၂၀၂၅) ရက်နေ့တွင် တိုင်းဒေသကြီး အားကစားကွင်း၌ ဆက်လက်ကျင်းပဆောင်ရွက်သွားမည်ဖြစ်ကြောင်း
သိရသည်။
မောင်ညီညာ






No comments:
Post a Comment