မော်လမြိုင် သြဂုတ် ၁၁
မွန်ပြည်နယ်၊ မော်လမြိုင်မြို့ရှိ ဆံတော်ရှင်ကျိုက်သလ္လံစေတီတော်မြတ်ကြီးတွင် ဝါခေါင်လပြည့် မေတ္တာအခါတော်နေ့ အနုဂါမိက(ရွှေအိုး)မြှုပ်နှံလှူဒါန်းခြင်း မင်္ဂလာအခမ်းအနားကို သြဂုတ် ၈ ရက်နေ့နံနက်ပိုင်းက ဆံတော်ရှင်ကျိုက်သလ္လံစေတီတော်မြတ်ကြီး သီရိမင်္ဂလာပဋ္ဌာန်းဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့သည်။
ဝါခေါင်လပြည့် မေတ္တာအခါတော်နေ့
အနုဂါမိက(ရွှေအိုး)မြှုပ်နှံလှူဒါန်းခြင်း မင်္ဂလာအခမ်းအနား၌ ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊
တိုင်းမှူးနှင့်ဇနီး၊ ပြည်နယ်ဝန်ကြီးများ၊
ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်မှ တပ်ရင်းတပ်ဖွဲ့များမှအရာရှိစစ်သည်များနှင့် အလှူရှင်များက အနုဂါမိက(ရွှေအိုး)မြှုပ်နှံလှူဒါန်းခဲ့ကြသည်။
အဆိုပါ အနုဂါမိက(ရွှေအိုး)မြှုပ်နှံလှူဒါန်းခြင်းကို
မော်လမြိုင်မြို့၊ ပေါင်မြို့နယ်နှင့် ချောင်းဆုံမြို့နယ်များရှိဘုန်းတော်ကြီးကျောင်းနှင့်
သီလရှင်ကျောင်း(၂၅၅)ကျောင်းအတွက် လှူဒါန်းငွေကျပ်သိန်း(၇၈၀)ကျော်ကို စာရေးတံမဲနှိုက်၍
အလှူရှင်များက စုပေါင်းလှူဒါန်းခြင်း ဖြစ်ကြောင်း၊ ရှေးအစဉ်အလာမွန်ဘိုးဘွားများ နှစ်စဉ်ကျင်းပလှူဒါန်းခဲ့သော
အနုဂါမိက(ရွှေအိုး)မြှုပ်နှံလှူဒါန်းခြင်းကို သမိုင်းဝင်ဆံတော်ရှင်ကျိုက်သလ္လံစေတီတော်မြတ်ကြီးတွင်
ကျင်း ပခဲ့သည်မှာ(၁၃၄)ကြိမ်မြောက်ရှိပြီးဖြစ်ကြောင်း သိရှိရသည်။
စည်သူ(ပြန်/ဆက်)

No comments:
Post a Comment