ရန်ကုန် ဩဂုတ် ၅
ပခုက္ကူဦးအုံးဖေတည်ထောင်သော ပခုက္ကူစာပေဆုကို နှစ်စဉ်ချီးမြှင့်လျက်ရှိရာ (၃၁) ကြိမ်မြောက်အတွက် ပခုက္ကူစာပေဆုရရှိသူများ၏ အမည်စာရင်းကို ပခုက္ကူစာပေဆုရန်ပုံငွေကြီးကြပ်ရေးကော်မတီက ယနေ့ထုတ်ပြန်ကြေညာခဲ့ရာ ပခုက္ကူဦးအုံးဖေ တစ်သက်တာစာပေဆုကို ဆရာမကြီး ဒေါက်တာခင်သန်းဦး (မမိုးမြေ) ရရှိသည်။
ဝတ္ထုရှည်ဆုတွင် ဒုတိယဆုကို မောင်နေခြည် (ပြည်) ရေးသားသည့်
“ကိုယ်ချင်းစာနိုင်ကြပါစေ” စာမူကလည်းကောင်း၊ ဝတ္ထုတိုပေါင်းချုပ်ဆုတွင် ပထမဆုကို
ညိမ်းညိုရေးသားသည့် “မခန်းသောမြစ်နှင့် အခြားဝတ္ထုတိုများ”၊ ဒုတိယဆုကို
သက်ဦးခင်ရေးသားသည့် “အရုဏ်ဦးမှာ ကြည်နူးစွာနှင့် အခြားဝတ္ထုတိုများ”၊ တတိယဆုကို
မေလတ်ဟန်ရေးသားသည့် “ကျောင်းဆရာမလေးဖြစ်ချင်တယ်နှင့် အခြားဝတ္ထုတိုများ”
စာမူတို့ကလည်းကောင်း၊ ကဗျာပေါင်းချုပ်ဆုတွင် ပထမဆုကို နေခြည်မောင် (မြောင်းမြ)
ရေးသားသည့် “နေခြည်ဝင်းပအလင်းတစ်စအလှကဗျာများ”၊ ဒုတိယဆုကို ရှိန်မြင့်ထက် (ဝါးကြီးအိုင့်)
ရေးသားသည့် “နံနက်ခင်းရဲ့ ပန်းလက်ဆောင်ကဗျာများ”၊ တတိယဆုကို ကိုလေးပြည့်ရေးသားသည့်
“ကောက်စိုက်သမကွမ်းတောင်ကိုင်နှင့် အခြားကဗျာများ” စာမူတို့ကလည်းကောင်း၊ ကျမ်းစာပေဆုတွင်
ဒုတိယဆုကို ခင်ဧ (စက်မှု) ရေးသားသည့် “ခေတ်ဟောင်းမြန်မာ့
တေးဂီတအနုပညာဖြင့်တိုင်းပြည်ကို အလှဆင်ခဲ့ကြသူများ”၊ တတိယဆုကို ဦးဝင်းမြင့်မောင်
(လင်းအရုဏ်ဦး) ရေးသားသည့် “ပလ္လင်ရှစ်ခန်းရွှေနန်းကိုးဆောင်” စာမူတို့ကလည်းကောင်း၊
သုတေသနစာပေဆုတွင် ပထမဆုကို အောင်ကြည်ညွန့် (တက္ကသိုလ်) ရေးသားသည့် “မြန်မာနိုင်ငံ၏
လူထုပညာရေးကြိုးပမ်းဆောင်ရွက်မှုသမိုင်းကို လေ့လာတင်ပြခြင်း (၁၉၄၈-၂၀၀၂)”၊
ဒုတိယဆုကို မာန်သစ်ငြိမ်း (ရှေးဟောင်းသုတေသန) ရေးသားသည့် “မြန်မာ့ထင်ရှားကျော်ကြား
ပုဂံဥမင်များ”၊ တတိယဆုကို ဌေးကျော် (မဟာဝိဇ္ဇာ) ရေးသားသည့် “နှစ် (၁၀၀) ပြည့်
ထောက်ကြံ့အမျိုးသားကျောင်းသမိုင်း (၁၉၂၅-၂၀၂၅)” စာမူတို့ကလည်းကောင်း ရရှိကြသည်။
(၃၁) ကြိမ်မြောက် ပခုက္ကူဦးအုံးဖေစာကြည့်တိုက်စာအုပ်ဆုကို
နန္ဒာမွှန်းရေးသားသည့် “သတင်းစာထဲက ဆောင်းပါးများ ဆောင်းပါးထဲက သတင်းများ
”စာအုပ်နှင့် ဦးခွန်မောင်တုတ်ရေးသားသည့် “ပအိုဝ်းအမျိုးသားခေါင်းဆောင်
ဦးအောင်ခမ်းထီ၏ နိုင်ငံရေးခရီး” စာအုပ်တို့က ရရှိကြသည်။
ပခုက္ကူဦးအုံးဖေ တည်ထောင်သော ပခုက္ကူပညာသင်ဆုကို အမျိုးသားယဉ်ကျေးမှုနှင့်
အနုပညာတက္ကသိုလ် (ရန်ကုန်) မှ မောင်သုခန့်အောင် (ပထမနှစ် - ဂီတပညာဌာန)နှင့် အမျိုးသားယဉ်ကျေးမှုနှင့်
အနုပညာတက္ကသိုလ် (မန္တလေး) မှ မစောပြည့်ပြည့်ထွန်း (ပထမနှစ်-ဂီတပညာဌာန) တို့က
ရရှိကြသည်။
ပခုက္ကူဦးအုံးဖေ တစ်သက်တာဆုကို ယခင် ၁၀ သိန်းချီးမြှင့်ရာမှ
ယခုနှစ်တွင် ၁၅ သိန်းတိုးမြှင့်ချီးမြှင့်မည်ဖြစ်ပြီး ပခုက္ကူဦးအုံးဖေစာမူဆု
ပထမဆုကို ယခင် ၇ သိန်းမှ ယခု ၁၀ သိန်း၊ ဒုတိယဆုကို ယခင် ၅ သိန်းမှ ယခု ၇ သိန်း၊
တတိယဆုကို ယခင် ၄ သိန်းမှ ယခု ၅ သိန်း အသီးသီးတိုးမြှင့်
ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။
ပခုက္ကူစာပေဆု ဆုရရှိသူများသည် စာတည်းမှူးချုပ်၊ စာပေဗိမာန်အမှတ်
(၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့၊ စာတည်းမှူးချုပ် ၀၁-၈၃၈၁၄၅၀
နှင့် စီမံရေးရာဌာန ၀၁-၈၃၈၁၄၄၉ သို့ ဆက်သွယ်ကြရန်နှင့် ပခုက္ကူဦးအုံးဖေတည်ထောင်သော
ပခုက္ကူစာပေဆုချီးမြှင့်ပွဲအခမ်းအနားတွင် စာကြည့်တိုက်စာအုပ်ဆုပါ
ချီးမြှင့်သွားမည်ဖြစ်ပြီး ကျင်းပမည့် အချိန်၊ နေရာ၊ ရက်တို့ကို
ထပ်မံကြေညာသွားမည်ဖြစ်ကြောင်း သိရှိရသည်။
သတင်းစဉ်
No comments:
Post a Comment